Book Image
မြမျိုးလွင်

စာရေးဆရာကြီး မြမျိုးလွင်၏ စာစုစာရင်း


-

၁။ ကာမပိုင် ၊ ပြည်ရွှေဘို၊ ၁၉၃၄၊

၂။ ကေသီ ၊ ရွှေမန်းစာဆို၊ ၁၉၅၁၊

၃။ ကိုယ်ပိုင်လင်၊ နှစ်ပါးကြည်၊၊ ၁၉၃၆၊

၄။ ကိုယ်ရောစိတ်ပါ၊ ရွှေမန်းစာဆိုတိုက်၊၁၉၅၂၊

၅။ ကိုမာဃ ၊ ကြီးပွားရေး၊ ၁၉၃၅၊

၆။ ကျမျက်ရည်၊ ရမ္မာဝတီ၊ ၁၉၃၂၊

၇။ ကိုးနာရီ ၊ ရတနာပုံ၊ ၁၉၃၇၊

၈။ ကိုယ်ရနိုး၊ ပြည်ညွှန့်ရတနာ ၊၁၉၃၄၊

၉။ ကျေးဇူးရှင်၊ရွှေဒေါင်းညို၊ ၁၉၄၁၊

၁၀။ ကျော်ဝဘကွန်း ၅ ၊ပြည်ညွန့်ရတနာ ၊ ၁၉၃၈၊

၁၁။ ကျော်ဝဘကွန်း ၊ ပြည်ညွန့်ရတနာ ၊ ၁၉၃၇၊

၁၂၊ ကျော်ဝဘကွန်း (၆)၊ ၁၉၃၈၊ ပြည်ညွန့်ရတနာ၊

၁၃၊ ကျော်ဝဘကွန်း၊ (၇)၊ ၁၉၃၈၊ပြည်ညွန့်ရတနာ၊

၁၄၊ကျော်ဝဘကွန်း၊(၈)၊၁၉၃၈၊ပြည်ညွန့်ရတနာ

၁၅၊ စောင့်တော်မူ၊ ရှူတော်မူကုမ္ပဏီ၊၁၉၄၁၊

၁၆၊ ချစ်စခင်စ၊ပြည်ညွန့်ရတနာ၊ ၁၉၃၇၊

၁၇၊ ခင်လင်ရပြီ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅

၁၈၊ ကျောင်းသူလေး၊အိုကေတိုက်၊ ၁၉၄၁၊

၁၉၊ ချစ်ကြစို့ ၊သီရီရာဇာပုံနှိပ်တိုက်၊၁၉၃၂၊

၂၀၊ ဂရုဏာ၊ပြည်ညွှန့်ရတနာ၊၁၉၃၉၊

၂၁၊ ခြောက်ပစ်ကင်း၊ရွှေဒေါင်းညို၊ ?

၂၂၊ ချစ်သမျှကို ၊ကြီးပွားရေး၊ ၁၉၃၅၊

၂၃၊ ချစ်စို့လား၊ရွှေဒေါင်းညို၊ ၁၉၄၁၊

၂၄၊ စာတိုစာစ၊ ပြည်ညွှန့်ရတနာ၊ ၁၉၃၈။

၂၅၊ စွဲပေါ့၊ စွဲပေါ့၊ ပြည်ညွန့်ရတနာ၊ ၁၉၄၈

၂၆၊ စစ်သွေးဟုန်၊ ပြည်ညွန့်ရတနာ ၊ ၁၉၄၆၊

၂၇၊ တခုလပ်၊ အောင်ပုံနှိပ်တိုက်၊ (တကြိမ်) ၁၉၆၀၊

၂၈၊ တညလုံး၊ သီရီရာဇာ၊ ၁၉၃၇၊

၂၉၊ ဆရာမ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄၊

၃၀၊ တပတ်ရစ်၊ ပြည်ညွန့်ရတနာ ၊ ခုနှစ်?

၃၁၊ တလိမ်နှစ်လိမ်၊ မုဆိုးစာပေ၊ ၁၉၇၀၊

၃၂၊ တော်ပါတန်ပါ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၇၊

၃၃၊တောင်ညိုကမှိူင်း၊ပြည်ရွှေဘိုတိုက်။ ၁၉၂၆၊

၃၄။ ဒါအပျိူတဲ့၊ ပြည်ညွန့်ရတနာ၊ ၁၉၃၉။

၃၅၊ ထိုမျက်လုံး၊ ရွှေဒေါင်းညိုတိုက်၊ ၁၉၃၇၊

၃၆၊ ဒို့ဖူးစာ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၅၊

၃၇၊ ဒို့ကောလိပ်၊ ကြီးပွားရေး၊ ၁၉၃၅၊

၃၈၊ ဒို့နှစ်ကိုယ်၊  ပြည်ညွန့်ရတနာ၊ ၁၉၃၅၊

၃၉၊ နဝေတိမ်တောင်၊ ရွှေမန်းတိုက်၊ ၁၉၅၁၊

၄၀၊ နွဲ့ဆိုး၊ သိန်းတန်တိုက် (ပုသိမ်) ၊ခုနှစ် ?

၄၁၊ နှစ်တရာ၊ သီရီရာဇာ၊ ၁၉၃၂၊

၄၂၊ မရှပ်တေး၊ ကြီးပွားရေး၊ ၁၉၃၅၊

၄၃၊ နှစ်ကိုယ်တွေ့၊ပြည်ညွန့်ရတနာ၊ ၁၉၄၀၊

၄၄၊ ပလီအိုးမ၊ ရတနာပုံ၊ ၁၉၃၅၊

၄၅၊ ပျို အောက်မေ့တယ်၊ ရတနာပုံ၊ ၁၉၃၅။

၄၆၊ နောက်ဘဝ၊ ရွှေဒေါင်းညို၊ ၁၉၃၅၊

၄၇၊ ပြုံးပြုံးနဲ့မူ၊ပြည်ညွန့်ရတနာ၊ ၁၉၃၆၊

၄၈၊ ဖူးစာပိုင်၊ မျိူးချစ်ပုံနှိပ်တိုက်၊ခုနှစ် ?

၄၉၊ ဗမာမ၊ကြီးပွားရေး၊ ၁၉၃၅၊

၅၀၊ မာတုဂါမ၊ သူဇာကုမ္ပဏီ၊ ၁၉၃၅၊

၅၁၊ ဘုန်းကြီးလုပ်တမ်း၊ သူရိယ ၊ ခုနှစ် ?

၅၂၊ မချစ်လို့ပါ၊ ကြီးပွားရေး၊ ၁၉၃၅၊

၅၃၊ မခွဲနိုင်၊ အောင်ကုမ္ပဏီ၊ ၁၉၃၂၊

၅၄၊ ဘုံပစ္စည်း၊ ပြည်ညွန့်ရတနာ၊ ၁၉၄၀

၅၅၊ မညာနဲ့၊ တိုးတတ်ရေး၊ ခုနှစ်?

၅၆၊ မမုန်းတမ်း၊ ပြည်ညွန့်ရတနာ၊ ၁၉၃၇၊

၅၇၊ မပြုံးချို၊ ပြည်ညွန့်ရတနာ၊ ၁၉၃၇။

၅၈၊ မယားနဲ့လူပျို ၊ကြီးပွားရေး၊ ၁၉၃၅၊

၅၉၊ တော်ပါတန်ပါ၊ ပြည်ညွန့်ရတနာ၊၁၉၃၇။

၆၀၊ မူလွန်းတယ်၊ ဝမ်းစမိုးတိုက်၊ ၁၉၃ ?

၆၁၊ မိုးကြိုးသံ ၊ ရတနာပုံ၊ ၁၉၃၄-၃၅၊

၆၂၊ မိုးလုံးပတ်လည်၊ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅၊

၆၃၊ မင်းတိုထွက်ရက်ရာဇာ၊ခေတ်သစ်တိုက်(ပုသိမ်)၊၁၉၃၀

၆၄၊ မောင်တို့ကံ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၆၊

၆၅၊ မောင်တို့ယောကျၤား၊ ကြီးပွားရေး၊ ၁၉၃၅၊

၆၆၊ မန္တလေးမြို့၏ည၊ ကြီးပွားရေး။ ၁၉၃၆၊

၆၇၊ မိန်းမနောက်ပိုး ၊ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅

၆၈၊ မိန်းမလှ၊ ကြီးပွားရေး။ ၁၉၄၆၊

၆၉၊ မုန်းချစ်သနား၊ အောင်ထွန်း၊ ၁၉၃၁၊

၇၀၊ မယ်နှင့်မောင်၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅၊

၇၁၊ မယ်မင်းကြီးမ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄

၇၂၊ မြကေခိုင်၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄၊

၇၃၊ မြတ်နိုးစိတ်၊အောင်မြေစာအုပ်တိုက်၊စစ်ကိုင်း၊၁၉၄၅

၇၄၊ မှားတာပဲ၊ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅

၇၅၊ ယောကျၤားရှာ၊ ကြီးပွားရေး၊ ၁၉၃၆

၇၆၊ ရိသဲ့သဲ့ ။ မန္တလေးသူရိယ(ပ ) ၁၉၄၀၊ ဒု၊ မန္တလေးသူရိယ၊ ၁၉၄၀၊

၇၇၊ ရည်းစားတုန်းက ၊ပြည်ညွန့်ရတနာ၊ ၁၉၃၆၊

၇၈၊ ရည်းစားဦး၊ ရတနာပုံ၊ ၁၉၃၉၊

၇၉၊ ရိုးပေတယ်၊ လောကဟိတ၊ ၁၉၃၅

၈၀၊ ရှင်တော်တော်ကဲ၊ ပြည်ညွန့်ရတနာ၊ ၁၉၄၀၊

၈၁၊ ရှင်တိုဉာဏ်၊ ရွှေဒေါင်းညို၊ ၁၉၃၄၊

၈၂၊ ရှင့်ချစ်လို့၊ ပြည်ညွန့်ရတနာ၊၁၉၃၄-၃၅၊

၈၃၊ ရှင့်တစ်မျက်နှာ၊ ကမ္ဘာ့ထိပ်တင်၊ ၁၉၃၅၊

၈၄၊ လသာသာ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၈။

၈၅၊ လူကြီးက၊ အောင်ထွန်းကုမ္ပဏီ၊ -၁၉၃၂၊

၈၆၊ လူပျိုဘဝ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄၊

၈၇၊ လူရိုးလားတော့၊ ကြီးပွားရေး၊ ၁၉၃၄၊

၈၈၊ လေချိူအေး၊ မန်းဝတ္တုတိုက်၊ ဒု ၁၉၃၈

၈၉၊ လက်တစ်ဖက် ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၆၊

၉၀၊ လင်နဲ့အပျို၊ ပြည်ညွန့်ရတနာ၊ ၁၉၃၄-၃၅

၉၁၊ လွမ်းစေဖန်၊ အောင်သိန်းပုံနှိပ်တိုက်၊ ခုနှစ်?

၉၂၊ လွမ်းအာရုံ၊ ကြီးပွားရေး၊ ၁၉၃၅၊

၉၃၊ လူယဉ်ကျေး၊ ကြီးပွားရေး၊ ၁၉၃၅၊

၉၄၊ ဝါဆိုမီ၊ ပြည်ညွန့်ရတနာ။ ၁၉၃၄-၃၅

၉၅၊ ဝေ့လယ်လယ်၊ ကြီးပွားရေး၊ ခုနှစ် ?

၉၆၊ ဝင်္ကဘာက၊ ကြီးပွားရေး၊ ၁၉၃၅၊

၉၇၊ ဝိဇ္ဇာမ ၊ပြည်ညွန့်ရတနာ၊ ၁၉၃၃

၉၈။ သနားတတ်ပါတယ်၊ သီရီရာဇာ၊ ၁၉၃၂၊

၉၉၊ သနားလို့၊ ရွှေဒေါင်းညို၊ ခုနှစ် ?

၁၀၀၊ သူငယ်ချင်း၊ ပြည်ညွန့်ရတနာ ။ခုနှစ် ?

၁၀၁၊ သူနဲကျမ ၊ အောင်ထွန်းကုမ္ပဏီ၊ ၁၉၃၁၊

၁၀၂၊ သူဘဲရှင့်၊ ပြည်ညွန့်ရတနာ၊ ?

၁၀၃၊ သော်ကမယ်၊ မြန်မာကြေးမုံ၊ ၁၉၂၄၊

၁၀၄၊ သောကြာသမီး၊ ပြည်ညွန့်ရတနာ၊ ၁၉၃၈၊

၁၀၅၊ သုံးလိမ်လေးလိမ်၊ပြည်ညွန့်ရတနာ၊ ၁၉၄၀၊

၁၀၆၊ အဖိုးထိပ်ခေါင်၊ ပြည်ညွန့်ရတနာ၊ ၁၉၃၅

၁၀၇၊ အပျိုဘဝ၊ပြည်ညွန့်ရတနာ၊ ?

၁၀၈၊ အရုပ်ဆိုးမ၊ပြည်ညွန့်ရတနာ၊ ၁၉၃၃

၁၀၉၊ အဏ္ဏဝါ၊ ပြည်ညွန့်ရတနာ ၊ ၁၉၃၅၊

၁၁၀၊ အိမ်ကလူ၊ ကြီးပွားရေး၊ ၁၉၃၅၊

၁၁၁၊ အုံ့ပုံးမ၊ ကြီးပွားရေး၊ ၁၉၃၅

၁၁၂၊ အုံ့မှိူင်းရီ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၆၊

၁၁၃၊ ဤလူဘောင်၊ အောင်ပုံနှိပ်တိုက်၊ ၁၉၆၁၊ ဒုကြိမ်

၁၁၄၊ ဦးလူလယ်၊ သီရီရာဇာ၊ ၁၉၃၃၊


ဝတ္တုမဟုတ်သော စာအုပ်များ၊


၁၊ စာပုလွေ၊ သီဟ ပုံနှိပ်တိုက်၊ ၁၉၄၈။

၂၊ နေ့စဉ်ငွေရှာနည်း၊ ပြည်ညွန့်ရတနာ၊ ၁၉၃၅။

၃၊ အချစ်ဋီကာ၊ ပြည်ညွန့်ရတနာ၊ ၁၉၃၅။


-

ဆရာကြီးမြမျိုးလွင်၏ ကလောင်ခွဲများ


-

၁၊ ပခန်းသား၊

၂၊ ပုည၊

၃၊ ဖိုးမန်း

၄၊ မင်းစန္ဒာ

၅၊မင်းတုန်း

၆၊ မောင်ပညာ

၇၊ မန်းသား

၈၊ မြမျိုးလွင်

၉၊ ရွှေစွန်ညို

၁၀၊ ဝိဇယ

၁၁၊ သာဗြော

၁၂၊ သုတေသီ၊


-

မြမျိုးလွင်အား ၁၉၀၂ခုနှစ်တွင်၊ မန္တလေးမြို့၊ပလိုင်းရပ်၌၊ အဖဦးရွှန်း၊ အမိခေါ်ဆိုင်တို့မှဖွားမြင်သည်၊ငယ်နာမည် ဦးဘလွင်ဖြစ်၏၊မောင်နှမငါးယောက်အနက် တတိယမြောက်သားဖြစ်သည်၊ ရှစ်နှစ်သားအရွယ်၌ ရှင်သာမဏေဝတ်ကာ မဲထီးဆရာတော်ထံတွင် ပညာသင်ယူခဲ့သည်။ ၁၉၁၉ ခုနှစ်၊ ၁၇ နှစ်သားတွင် ကယ်လီကျောင်းမှ ထွက်ခဲ့သည်။ (မလိခတွင် စိန့်ပီတာကျောင်းဟုဖော်ပြထားသည် )။ ၁၉၂၀ ပြည့်နှစ်တွင် သံတော်ဆင့်သတင်းစာ၌ ဆောင်းပါးများစတင်ရေးသားသည်။ အသက် ၁၉ နှစ်အရွယ်တွင် ဦးအုန်းမောင်ထုတ်ဝေသော ရန်ကြီးအောင် ဂျာနယ်တွင်စာများအစဉ်တစိုက်ရေးသားလာသည်၊မန္တလေးနေ့စဉ်သတင်းစာတွင်အယ်ဒီတာ လုပ်၏၊သတင်းစာပိတ်သွားသောအခါ၊ ပျော်တော်ဆက်၊ ကြည်တော်မူ၊ရန်ကြီးအောင်၊ တို့တွင်ပီမိုးနင်း၊ဒဂုန်ခင်ခင်လေးတို့နှင့်အပြိုင် စာများရေးသားခဲ့သည်။ ပျော်တော်ဆက် စာစောင်သည် စာမျက်နှာ ၁၂၀ ဝန်းကျင်လောက်ပဲရှိပါသည်။ တစ်ပတ်တစ်စောင်ထုတ်ဝေပါသည်။ ယင်း စာစောင်မှာ ရန်ကုန် မောင်တင်ကြည်နှင့်သားများက ထုတ်ဝေသည်လို့တွေရပါသည်။ ကြည်တော်မူနဲ့အောင်တော်မူတို့ကတော့ ပျော်တော်ဆက်နောက်မှ ပေါ်ထွက်လာတဲ့ စာစောင်များပဲဖြစ်ပါသည်။ ကြည်တော်မူကိုတော့ ပြည်မြို့ကထုတ်ဝေပါသည်။ ရိုပ်နှိပ်တာကတော့ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျက်သရေ ပုံနှိပ်တိုက်ကပဲဖြစ်ပါသည်။ အဲ့အချိန်မှာ ဆရာကြီးဇေယျက အထက်တန်းကျောင်းသားဘဝပဲရှိသေးလို့ ကြည်တော်မူကို မုန့်ဘိုးထဲကနေစုဆောင်းဝယ်ယူဖတ်တဲ့အကြောင်းကိုလည်း မြမျိုးလွင်က ပြောဖူးပါသည်။


 ၁၉၂၄ခုနှစ်၊ အသက် ၂၂ နှစ်အရွယ်တွင် မြမျိုးလွင်ကလောင်အမည်ဖြင့်၊ သော်ကမယ် လုံးချင်းဝတ္တုအားရေးသားထုတ်ဝေကာ စာပေနယ်ထဲသို့ စိတ်ရောကိုယ်ပါ နှစ်ကာခြေစုံပစ်ဝင်ရောက်ခဲ့သည်။ယင်းဝတ္တုသည် အုပ်ရေး လေးထောင်ရိုက်နှိပ်ခဲ့သည်။ ၎င်းကာလ ကလေးပဲ တန် ဝတ္တုတစ်ပုဒ်၏ စာမူခ သည် ၁၅ ကျပ်ဖြစ်သည်၊ ယင်းနောက် တဖြည်းဖြည်းတိုးသွား ကာ ၃၅ ကျပ်အထိရောက်သွားသည်။အဲ့တုန်းက၃၅ကျပ်ဆိုတာ အတော်တန်ကြေးရှိပါသည်၊ ဘုံဘေဘားမား၊ စတီးဘရားသား၊ ကုမ္ပဏီမှ စာရေးကြီးများတောင် တစ်လမှ  ၃၀ ကျပ်လောက်သာရပါသည်၊ ဆန်တစ်အိတ်မှလေးကျပ်ခေတ်ဖြစ်သည်။ ထိုနောက် လေးပဲတန်မှ၊ ခြောက်ပဲ၊ရှစ်ပဲ၊ ဆယ်ပဲတန်၊ ဆယ့်နှစ်ပဲတန်၊ စသည့် ဝတ္တုများရေးသားလာကြသည်၊စစ်ကြိုခေတ် လေးပဲတန်ဝတ္တုခေတ်တွင်မြမျိုးလွင်၏ ဝတ္တုများသည် လွန်စွာ လူကြိုက်များ၏၊ မြမျိုးလွင်သည် စာရေးအားလည်းကောင်းလှသည်။တစ်လလျှင် ဝတ္တု ဆယ်ပုဒ် ဝန်းကျင်ခန့် တရစပ်ရေးသားနိုင်သည်။ လေးပဲတန်ဝတ္တုခေတ်အားမြမျိုးလွင်မှ တည်ထောင်ခဲ့သည်ဟုဆိုနိုင်သည်၊အိတ်ဂျီဝဲလ် မြန်မာပြည်လာစဉ်က မြမျိုးလွင်အား ဝတ္တု ဘယ်နှစ်ပုဒ်ရေးပြီးသလဲ မေးရာ လုံးချင်းဝတ္တုလေးရာခန့် သာ ရေးပြီးကြောင်း ပြန်ပြောရာ၊ အိတ်ဂျီဝဲလ် မျက်လုံးပြူးခဲ့ရဖူးသည်။ မြမျိုးလွင်ဝတ္တုအားလုံးနီးပါး ပန်းချီဆရာကြီး ဦးအုန်းလွင်မှ အဖုံးရေးဆွဲပေးလေသည်။ မြမျိုးလွင်၏ ရိသဲ့သဲ့ ဝတ္တုအား မလိခ ၏ မြန်မာဝတ္တုအညွှန်း၌ ဖော်ပြထားသည်ကိုတွေ့ သည်။ ယင်းဝတ္တုသည် မန္တလေးသူရိယ သတင်းစာတွင် သုံးလနီးပါးခန့်ဖော်ပြခဲ့ဖူးသော ဝတ္တုရှည်တစ်ပုဒ်ဖြစ်၏။မြမျိုးလွင်သည် ကလောင်ကွဲပေါင်းတစ်ရာကျော်ခန့် သုံးကာရေးသားခဲ့သည်ကိုသိရသည်။ သို့သော် အတိအကျ လိုက်လံရှာဖွေဖို့မလွယ်ကူတော့သောကြောင့်၊ လက်လှမ်းမီသမှျှသာဖော်ပြထားခြင်းဖြစ်ပါသည်။ ဗြိတိသျှ ဘားမားရုပ်ရှင်ကုမ္ပဏီတွင် ၊ ဉာဏ၊ဇေယျတို့နှင့်အတူ ဇတ်ညွှန်းရေးသားခဲ့ဖူးသည်။မြမျိုးလွင်သည်စစ်ပြီးခေတ်တွင် တဖြည်းဖြည်းနှင့် စာရေးကြဲသွားခဲ့သည်။ ယင်းနောက် အသက် ၆၈ နှစ်အရွယ်၊ ၁၉၇၀ ခုနှစ်တွင် မန္တလေးမြို့၌ ကွယ်လွန်အနိစ္စရောက်သည်။


-

* မှတ်ချက်၊ ကျော်ဝဘကွန်း သည် အမှတ် စဉ် ၁ မှ

အမှတ်စဉ် ၁၀အထိ ထွက်ခဲ့သည်ဟု သိရပါသည်၊  *

-


စာကိုး၊


-

မလိခ၊ မြန်မာဝတ္တုအညွှန်း

မလိခ၊ မြန်မာစာပေအဘိဓါန်

၁၃၂၈ခုနှစ်၊ အထက်ဗမာပြည်စာတမ်းများ၌ မောင်စွမ်းရည်ဖတ်ကြားသော ဆရာကြီးမြမျိုးလွင်နှင့်လေးပဲတန်ဝတ္တုခေတ်စာတမ်း၊

စာပေလုပ်သားအင်အားသစ်၊ (၁၉၇၁)အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၊ မောင်သိန်းနိုင်၊မောင်သစ်လွင်(လူထု) 

တက္ကသိုလ်မောင်ထွန်းဝေတို့ဖတ်ကြားသော မြမျိုးလွင်ရဲ့စာ ၊စာတမ်း၊

၁၉၇၁ခုနှစ်၊မေလထုတ်၊ ငွေတာရီမဂ္ဂဇင်းတွင်ပါရှိသော

စိုးရှိန်း၏ မြမျိုးလွင်၏စာ ဆောင်းပါး၊

၁၉၆၀ မဟာဝိဇ္ဇာဘွဲ့တင်ယူသော ဒေါ်မေတင်၏

မြမျိုးလွင်၏ဘဝ နှင့်စာပေ စာတမ်း၊

မိုးဂျာနယ်၊ မြမျိူးလွင်ရာပြည့်၊မောင်ခေတ်ထွန်း၏၊ မြမျိုးလွင် ဘဝ နှင့်စာပေ၊ ( စာ ၁၈ - ၂၄ ) စသည်တို့အား

ကိုးကားချိန်ညှိကာ အသစ်ရှာဖွေတွေ့ရှိချက်များပြင်

ပြန်လည်ပြန်ဆင်ပြုစုရေးသားသည်။ လိုအပ်သည့်

စာအုပ်စာတမ်းများကူညီငှားရမ်းပေးသော၊ ရန်ကုန်တ္ကသိုလ် ဗဟိုစာကြည့်တိုက်၊ ရည်ညွှန်းစာကြည့်တိုက်၊ဆရာပါရဂူ၏ ရှန်တိနိကေတန် စာကြည့်တိုက်အားအထူးကျေးဇူးတင်ရှိပါသည်၊


-

ကွိုင်

အေဒီ ၂၀၁၈

လေးနာရီ ငါးဆယ်ခွန် ပီအမ်

ဇူလိုင် ၂၃ ရက်

မန်းဒေး-


Reference from:

Written Books