Book Image
ဒေါက်တာခင်မောင်ဝင်း
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
????????????????????????????????????????
သင်္ချာရေးရာ စာပေအမွေ ပေးဝေသူ

ခင်မောင်ဝင်း၊ ဒေါက်တာ (သင်္ချာ) (၁၉၄၀ - ၂၀၂၁)

➕ သင်္ချာပညာရှင် ပါမောက္ခ စာရေးဆရာကြီး
ဒေါက်တာခင်မောင်ဝင်းကို ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့၌ 
အဖ ဦးခင်မောင်လတ်၊ အမိ ဒေါ်ခင်မျိုးချစ်တို့က 
ဖွားမြင်သည်။

➖ ၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ 
ဝဂ္ဂီကျောင်းမှ ဆယ်တန်း အောင်မြင်ပြီး 
ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။

❌ ၁၉၆၀ ပြည့်နှစ်တွင် သင်္ချာအထွေထွေ
ဂုဏ်ထူးဘွဲ့ (B.A., Gen.Hons)၊ ၁၉၆၆ ခုနှစ်တွင် 
မဟာဝိဇ္ဇာ-သင်္ချာ (M.A., Maths) ကို ရရှိသည်။

➗ ၁၉၆၇ ခုနှစ်တွင် ဒေါ်ခင်ညွန့်ရီ 
(တက္ကသိုလ်ရွှေရီဝင်း) နှင့် အိမ်ထောင်ကျပြီး 
သားနှင့်သမီး အမြွှာမောင်နှမ မောင်ရစ်နှင့် 
ဂျူနီယာဝင်းတို့ကို မွေးဖွားသည်။

➕ ၁၉၆၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ 
ပညာတော်သင် သွားပြီး ၁၉၇၀ ပြည့်နှစ်တွင် 
ကွန်းတက္ကသိုလ် (Caen) မှ ဒေါက်တာဘွဲ့ (Ph.D)
ကို ရရှိသည်။

➖ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် 
(ရန်ကုန်)၊ ပုသိမ်ဒီဂရီကောလိပ် (ယခု ပုသိမ် တက္ကသိုလ်)၊ တက္ကသိုလ်စာပေးစာယူသင်တန်း 
ဌာန (ယခု အဝေးသင်တက္ကသိုလ်) တို့တွင် 
အမှုထမ်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ 
သင်္ချာဌာန ပါမောက္ခရာထူးမှ အငြိမ်းစားယူသည်။ အငြိမ်းစားယူပြီးနောက် ရန်ကုန်တက္ကသိုလ်၊ 
သင်္ချာဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် 
ဆောင်ရွက်ပြီး သင်္ချာပါရဂူသင်တန်းများကို
ကြီးကြပ်ပေးခဲ့သည်။ 

❌ စာပေဗိမာန်က ထုတ်ဝေသော သင်္ချာသစ် 
(၁၉၈၆) မှာ ပထမဆုံးစာအုပ်ဖြစ်သည်။ 
သင်္ချာသစ်၏ အဓိပ္ပါယ်၊ သင်္ချာသစ်တည်ဆောက်ပုံ၊ သင်္ချာသစ်ဝေါဟာရများ စသည်ဖြင့် သင်္ချာသစ်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားပြုစု
ထားသော စာအုပ်ဖြစ်သည်။ သင်္ချာဆိုင်ရာ၊ 
သိပ္ပံဆိုင်ရာ၊ ပညာရေးဆိုင်ရာ စာအုပ်စာတမ်း
များစွာကို ရေးသားပြုစုခဲ့ပြီး စာအုပ် ၅၀ ကျော် 
ထုတ်ဝေပြီးဖြစ်သည်။

➗ သင်္ချာရေးရာ စာပေအမွေ ပေးဝေသူ 
သင်္ချာပညာရှင် ပါမောက္ခ စာရေးဆရာကြီး 
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) သည် 
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ အင်္ဂါနေ့ 
ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကွယ်လွန်
အနိစ္စရောက်သည်။ 

ဂါရဝဖြင့် 
????????????
ဖြိုးသီဟကျော်
၄၊ ၈၊ ၂၀၂၁



Reference from: facebook

Written Books