Book Image
ခင်စောတင့်
ခင်စောတင့်
????????????????
ဆောင်းပါးအမွေ ပေးဝေသူ

ခင်စောတင့် (၁၉၃၇ - ၂၀၂၁)

???? စာရေးဆရာမကြီး ခင်စောတင့်ကို ရန်ကုန်မြို့၌
၁၉၃၇ ခုနှစ်၊  ဧပြီလ  ၂၀  ရက်၊  အင်္ဂါနေ့တွင်  အဖ
ဦးဘတင့်  (I.C.S)၊   အမိ ဒေါ်ခင်စောမူ  (ခေတ်စမ်း
စာဆို) တို့က ဖွားမြင်သည်။

???? မွေးချင်းမောင်နှမ ၂ ယောက်တွင် အကြီးဖြစ်ပြီး  
မောင်ဖြစ်သူမှာ   ဦးနေအုပ်တင့်  (နေအုပ်စိန်ပေါလ်)  
ဖြစ်သည်။ 

????  မြန်မာများထဲတွင်  ပထမဆုံး အိုင်စီအက် (I.C.S)
ဖြစ်သူ      ဦးတင်ထွတ်၊      နိုင်ငံတော် လုပ်ကြံမှု တွင် 
တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ရန် အစိုးရက 
တာဝန်ပေးအပ်ခြင်း ခံရသော  ဦးကျော်မြင့်၊    မြန်မာ
နိုင်ငံတွင်  ပထမဆုံးသော  အမျိုးသမီးဝတ်လုံတော်ရ 
ဒေါ်ဖွားမှီ၏ခင်ပွန်း   တရားသူကြီးချုပ်   ဦးမြင့်သိန်း၊  မြန်မာစာပါမောက္ခ  ဦးဧမောင်၏ ဇနီး    စာတော်ဖတ်
ဒေါ်မြမူ၊ ရန်ကုန်တက္ကသိုလ် ပထမဆုံးပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာကထိက ဒေါ်တင်စောမူတို့၏ တူမဖြစ်သည်။

???? ၁၉၆၀ ပြည့်နှစ်တွင် မြန်မာအနုစာပေ၊ အင်္ဂလိပ် 
စာပေ၊ မနုဿဗေဒဘာသာတို့ဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။ 

???? စက်မှုတက္ကသိုလ်၊     တက္ကသိုလ်    စာပေးစာယူ
သင်တန်း၊  ဆေးတက္ကသိုလ် ၁  အင်္ဂလိပ်စာဌာနများ
တွင် နည်းပြ၊  လက်ထောက်ကထိကအဖြစ်  တာဝန်
ထမ်းဆောင်ပြီး၁၉၉၅ခုနှစ်တွင်အငြိမ်းစားယူသည်။

???? ဘာသာရေးဆောင်းပါးများ၊  ခရီးသွားဆောင်းပါး
များ၊ လူမှုရေးဆောင်းပါးများ၊ အတွေးအမြင်ဆောင်း
ပါးများ၊ ဘာသာပြန်ဆောင်းပါးများရေးသားခဲ့သည်။

???? ကိုယ်မှာပင်  နာသော်လည်း   စိတ်မှာ  မနာအောင်
(၂၀၀ဝ) စာအုပ်အပါအဝင်စာအုပ်ပေါင်း ၁၀၀ ကျော် 
ရေးသားထုတ်ဝေပြီးဖြစ်သည်။ 

???? အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးသစ်
ဒသမတန်း  စိတ်ကြိုက်မြန်မာစာ  မြန်မာစကားပြေ
ရွေးချယ်ချက် အခန်း ၅ အတ္ထုပ္ပတ္တိစာပေကဏ္ဍတွင်
'လရောင်အောက်က အမေ့ခေတ်စမ်းစာ' အတ္ထုပ္ပတ္တိ
ဆောင်းပါးကို ရွေးချယ်ပြဋ္ဌာန်းခြင်း ခံရသည်။ 

???? ဆောင်းပါးအမွေ ပေးဝေသူ စာရေးဆရာမကြီး
ခင်စောတင့်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊
နံနက် ၃ နာရီတွင် ကွယ်လွန်အနိစ္စရောက်သည်။

ဂါရဝဖြင့် 
????????????
ဖြိုးသီဟကျော်
၈၊ ၈၊ ၂၀၂၁

Reference from: facebook

Written Books