Book Image
သိုက်ထွန်းသက်
သိုက်ထွန်းသက် (၁၉၅၂ - )
          အဖဦးသိန်းတန် ၊ အမိ ဒေါ်တင်တင်ညိမ်းတို့မှ မန္တလေးမြို့၊ စိန်ပန်းရပ်၌ ၁၉၅၂ ပြည့်နှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးသိန်းဇော် ဖြစ်သည်။ မန္တလေးမြို့ထုတ် ဖူးစာစောင်တွင် ၁၉၆၉ ခုနှစ်မှ စတင် ကလောင်သွေးခဲ့သည်။ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်ပဒေသာ၊ တိုင်းရင်းမေ၊ သင့်ဘ၀နှင့် မိုးလေ၀သမဂ္ဂဇင်းတို့တွင် ကဗျာများရေးသားခဲ့ပြီး ၁၉၇၉ ခုနှစ် ဇူလိုင်လထုတ် မိုးလေ၀သမဂ္ဂဇင်းတွင် “နွားခြေရာ ခွက်ကလေးများ ၀တၳုတိုကို စတင်ရေးသားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အားမာန်သစ် စာပေက ချီးမြှင့်သော ၀တၳုတိုဆုကို ရင်ခုန်ပွင့် မဂ္ဂဇင်းတွင်ပါရှိသော “ကရွတ်ခွေနှင့် ရေခဲသေတ္တာ” ၀တၳုဖြင့် ရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အနောက်မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့ အမှုဆောင်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။
၁၉၉၁ ခုနှစ် မေလမှစ၍ ၂၀၀၃ ခုနှစ် နို၀င်ဘာလအထိ မဟေသီမဂ္ဂဇင်းတွင် ဇန်မြင့်ကလောင် အမည်ဖြင့် “ရွှေပါးစပ် ငွေပါးစပ်” ခေါင်းစဉ်ယူကာ သရော်စာများ၊ စာပေေ၀ဖန်ရေးနှင့် စာပေ အညွှန်းများ ရေးခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံThe Daioo Life Foundation မှ စာရေးသူ၏ “မပိုင်အိတ်” ၀တၳုတိုကို ဂျပန်ဘာသာပြန်ဆိုခဲ့သည်။
           ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ နံနက်ခင်းဂျာနယ် တာ၀န်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ သည်။
၂၀၀၆ ခုနှစ်မှစ၍ မန္တလေးမြို့မှ ထုတ်ေ၀လျက်ရှိသော “နန်းမြင့်” ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
          ချမ်းမြေ့သာစည်မြို့နယ် သံလျင် မှော်တောင်ရပ်ကွက် ဧရာတိုက်တန်း၊ အဆောင် (၆)၊ အခန်း D.5 တွင် မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။

သိုက်ထွန်းသက်ရေးသားထုတ်ေ၀ခဲ့သော စာအုပ်များမှာ
၁။ ဂျီသြမေတြီ ၁၉၉၂
၂။ လက်ရွေးစင်၀တၳုတိုများ ၂၀၀၂
၃။ မြို့ကလေးရဲ့ ကော်ပတ်စက္ကူ (ခင်ခင်ထူးနှင့်တွဲ၍) ၂၀၀၄
၄။ ဒေါ်လီ - ဂျင်နီ - ဘင်ဒီနှင့် စိန်မေလွင်တို့အကြောင်း စာပဒေသာ၀တၳုတွဲ ၂၀၀၆
ဖြစ်ပြီး
အခြားစာရေးဆရာများနှင့်တွဲ၍ ရေးသားပြုစုထုတ်ေ၀ခ့ဲသော စာအုပ်များ
၁။ ခရမ်းနုရောင်ပွင့်သစ် ၁၉၈၃
၂။ ဆယ့်နှစ်မျက်နှာ နာရီစင် ၁၉၈၆
၃။ ၀သုန္ဓရေလက်ရေး ၁၉၈၉
၄။ အောင်ပင်လယ်လေပြည်ညှင်း ၁၉၉၀
၅။ ဗီတာမင် ၁၃ ၁၉၉၁
၆။ ဂျီသြမေတြီဂေါ၀ိန်၀တၳုတိုစု ၁၉၉၂
၇။ ၈၀ ခုနှစ် အကောင်းဆုံး မြန်မာ၀တၳုတိုများ ၁၉၉၂
၈။ အကောင်းဆုံးမြန်မာ၀တၳုတိုများ ၁၉၉၅
၉။ မဆုံဖြစ်သူများ ၂၀၀၂
၁၀။ မီးလျှံထဲက လှေခါးထစ်များ ၂၀၀၂
၁၁။ ခံစားသူအကြိုက် ၂၀၀၃
၁၂။ အင်ကြင်းကြာအုံ ရတနာပုံ၏ မန္တလေး၀တၳုတိုများ ၂၀၀၄
၁၃။ စံပယ်ပွင့်ေ၀ေ၀ ၂၀၀၄
၁၄။ လိပ်ပြာမှတ်တမ်း ၂၀၀၄
၁၅။ ၂၀ ရာစု မြန်မာ၀တၳုတို ၁၀၀ ၂၀၀၅
၁၆။ အမှတ်တရရွှေ ၂၀၀၆ စသည်တို့ ဖြစ်သည်။

 သိုက်ထွန်းသက်
????????????????????
ဝတ္ထုတိုအမွေ ပေးဝေသူ

သိုက်ထွန်းသက် (၁၉၅၂ - ၂၀၂၁)

???? စာရေးဆရာကြီး သိုက်ထွန်းသက်ကို ၁၉၅၂ 
ခုနှစ်၊ မေလ ၃၀ ရက်၊ သောကြာနေ့တွင် မန္တလေးမြို့၊ 
စိန်ပန်းရပ်၌ အဖ ဦးအေးမောင်၊ အမိ ဒေါ်တင်မေ
တို့က ဖွားမြင်သည်။

???? မွေးချင်း ၄ ယောက်တွင် ဒုတိယသားဖြစ်ပြီး
အမည်ရင်းမှာ ဦးသိန်းဇော်ဖြစ်သည်။

???? လသားအရွယ်တွင် ဒေါ်တင်မေ၏ အစ်မ
တစ်ဝမ်းကွဲဖြစ်သူ ဒေါ်တင်တင်ငြိမ်းက မွေးစား
ခဲ့သည်။ မွေးစားမိဘများမှာ ဦးသိန်းတန်၊ 
ဒေါ်တင်တင်ငြိမ်းဖြစ်သည်။

???? မန္တလေးမြို့ အမှတ် ၁၇ အစိုးရအထက်တန်း
ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ 
ပညာသင်ယူခဲ့သည်။

???? ၁၉၆၉ ခုနှစ်မှစ၍ မန္တလေးမြို့ထုတ် 
'ထူးစာစောင်' တွင် 'ထွဏ်းကနောင်' အမည်ဖြင့် 
ဝတ္ထု၊ ကဗျာများ စတင်ရေးသားသည်။ 
ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း
ကဗျာများ ရေးသားသည်။

???? ၁၉၇၉ ခုနှစ်၊ ဇူလိုင်လထုတ် မိုးဝေစာပေ
မဂ္ဂဇင်း၌ 'နွားခြေရာခွက်ကလေးများ' ဝတ္ထုတိုဖြင့် 
မဂ္ဂဇင်းဝတ္ထုတို ရေးသားခြင်း စတင်သည်။

???? ၁၉၉၀ ပြည့်နှစ် မေလမှ ၂၀၀၃ ခုနှစ် မတ်လ
အထိ မဟေသီမဂ္ဂဇင်းတွင် 'ဇန်မြင့်' ကလောင်ခွဲဖြင့် 
'ရွှေပါးစပ် ငွေပါးစပ်' ကဏ္ဍကို ပင်တိုင်ယူ၍ 
စာပေရေးရာဆောင်းပါးများကို ရေးသားခဲ့သည်။ 

???? ၁၉၉၇ ခုနှစ်တွင် ပန်းတိုင်မဂ္ဂဇင်းအယ်ဒီတာ
အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ် စက်တင်ဘာလ 
၂၄ ရက်မှ ၂၀၀၃ ခုနှစ် မတ်လ ၁၇ ရက်အထိ 
နံနက်ခင်းသတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ်
လည်းကောင်း၊ ၂၀၀၃ ခုနှစ် မတ်လ ၁၇ ရက်မှစ၍ 
ရွှေမန္တလေးသတင်းဂျာနယ်တွင် အယ်ဒီတာချုပ်
အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်သည်။

???? ထုတ်ဝေပြီး ဝတ္ထုတိုပေါင်းချုပ်စာအုပ်များမှာ
ဂျီဩမေတြီဂေါဝိန်ဝတ္ထုတိုပေါင်းချုပ် (၁၉၉၀)၊
သိုက်ထွန်းသက် လက်ရွေးစင်ဝတ္ထုတိုများ (၂၀၀၂)၊
ဒေါ်လီဂျင်နီအင်ဒီနှင့် စိန်မေလွင်တို့အကြောင်း
စာပဒေသာဝတ္ထုတွဲ (၂၀၀၆)၊ သိုက်ထွန်းသက် 
ဝတ္ထုတိုပေါင်းချုပ် (၂၀၁၄)၊ ရောက်မလာသေးတဲ့
နွေဦးနှင့် အခြားဝတ္ထုတိုများ (၂၀၁၇) စသည်တို့
ဖြစ်သည်။ ဆရာမခင်ခင်ထူးနှင့် တွဲဖက်၍
မြို့ကလေးရဲ့ ကော်ပတ်စက္ကူ ဝတ္ထုတိုပေါင်းချုပ်
(၂၀၀၃) ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။
အခြားစာရေးဆရာများနှင့် တွဲဖက်၍လည်း
ဝတ္ထုတိုပေါင်းချုပ်များ၊ စာပေအင်တာဗျူးများ၊
စာပေဆောင်းပါးများကို ရေးသားထုတ်ဝေခဲ့သည်။

???? မန္တလေးစာပေပညာရှင်များ လူမှုကူညီရေး
အစီအစဉ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

???? ဝတ္ထုတိုအမွေ ပေးဝေသူ စာရေးဆရာကြီး
သိုက်ထွန်းသက်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ 
ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်အနိစ္စရောက်သည်။

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၆၊ ၈၊ ၂၀၂၁သိုက်ထွန်းသက်

၆၊ ၈၊ ၂၀၂၁
  
Reference from: facebook

Written Books

Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်