Book Image
ကောင်းသာ
ကောင်းသာ
       အဖ ဦးတင်ဦး ၊ အမိ ဒေါ်သန်းမြင့်တို့ မှ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးအောင်သိမ်း အမည် ရင်းမှာ ဦးအောင်သိမ်းဖြစ်ပြီး ကလောင်အမည်ခွဲများမှာ ကောင်းမင်း ၊ အောင်မင်းဦး၊ ကိုမောင်အောင်၊ အောင်ကောင်းသာ တို့ဖြစ်သည်။ ရန်ကုန်မြို့၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ပညာ သင်ကြားခဲ့ပြီး B.Sc (Math) ဘွဲ့ ရရှိခဲ့သည်။
      ၁၉၉၀ မှ ၁၉၉၆ ခုနှစ်အထိ ဟန်သစ်စာပေမဂ္ဂဇင်းတွင် အမှုဆောင်အယ်ဒီတာအဖြစ်လည်း ကောင်း၊ ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ အိုလံပစ်အားကစားဂျာနယ်တွင် အမှုဆောင်အယ်ဒီတာအဖြစ် လည်ကောင်း၊ ၂၀၀၀-၂၀၀၂ ခုနှစ်အထိ မာရသွန်အားကစားဂျာနယ်တွင် အမှုဆောင်အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၆ ခုနှစ်အထိ စိတ်ကူးချိုချို စာပေ တိုက်၊ တိုက်ထိုင် အထွေထွေ ဘာသာပြန်ဖြစ်လည်းကောင်း၊ ၂၀၀၇-၂၀၀၉ ခုနှစ် အထိ ကိုဇော်မင်းအေး ၏ မိုးဆန်းပန်း စာပေနှင့် Ecovision ဂျာနယ်တွင် အယ်ဒီတာအဖြစ်တာ၀န် ထမ်းဆောင်ခဲ့ ပါသည်။
      ၁၉၉၆ ခုနှစ်တွင် ဒေါ်တင်တင်စောနှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် စာပေကို စတင် ရေးသား ခဲ့ပြီး (၁) အောင်မြင်ရေး၏လျှို့၀ှက်ချက်များ၊ (၂)တဂိုး၏နောက်ဆုံးကဗျာများ၊ (၃) ကန့် သတ်မဲ့ အောင်မြင်ရေး၊ (၄) နယူးယောက်ကား ၀တ္ထုတိုများ၊ (၅) လူငယ်တို့၏ စိတ်ဥပဓိ အခြေခံတည်ဆောက်ရေး၊ (၆) ချိုးဖျက်၍ မရ သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ (၇)အကောင်းစိတ်ထား၊ (၈) မန်နေဂျာလက်စွဲ အစရှိသည့် စာအုပ်များကို ရေးသားပြုစုခဲ့ ပါသည်။
     ၂၀၀၉ ခုနှစ်တွင် ဦးနှောက်အာရုံကြောပေါက်၍ ညာခြေ၊ ညာလက်ဆွံ့ကာ ဒုက်္ခိတဖြစ်ခဲ့သော် လည်း ဘယ်လက်ကိုအသုံးပြု၍ ယခု တိုင် ဖက်ရှင်မဂ္ဂဇင်း၊ လှိုင်းသစ်မဂ္ဂဇင်း၊ စောင့်ကြည့်ဂျာနယ်နှင့် အခြားဂျာနယ် များ၊ စိတ်ကူးချိုချိုစာပေတိုက်တို့တွင် ပင်တိုင်စာရေးသား လျက် ရှိသည်။ ယခုအခါ အမှတ် ၁၉၃၊ ပထမ(မှန်ခန်း)၊ ရိပ်သာလမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ရန်ကုန်တွင် နေထိုင် လျက်ရှိသည်။

 
 

Written Books