Book Image
ဝင်းဦး

ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ အားလုံးမှာရုပ်ရှင်မင်းသား၊ မင်းသမီးများဖြစ်ကြပြီး မင်းသမီး မေယု(တင်တင်ဦး)၊ မင်းသား ဝင်းညွန့်၊ မင်းသား အောင်မိုး၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။

ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်လောင်းသင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ် ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။

ဝင်းဦးသည် တပ်မဟာ(၅)၊ တပ်ရင်း(၇)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။


အနုပညာလုပ်ငန်း

ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။

ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက် ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။

ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မောင်တို့ ချယ်ရီမြေ၊ မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေးနှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင် နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ ကျောက်မဲအကျဉ်းသားဇာတ်ကား၊ မင်းသမီး တင်တင်မြ၊ ချိုပြုံးတို့နှင့် တစ်ကျော့နှစ်ကျော့ တေးကိုသီနှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။ 

အမျိုးသားဇာတ်ဆောင်ဆု

အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

  • ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
  • ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား

၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။

စာပေလုပ်ငန်း

ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။


ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင် နှင့် ခင်မောင်ဝင့် တို့ ဖြစ်သည်။


ဘဝနိဂုံး

ထို့နောက် ဝင်းဦးသည် ၁၉၈၈−ခုနှစ်တွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ

နောက်ထပ် အချက်အလက်များ: စဉ်, အမည် ...

စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက်

၁ ကျွန်တော်မွှေးတဲ့မီး ၁၉၆၁ 

၂ သိုး ၁၉၆၁ 

၃ နုနုငယ်ငယ် ၁၉၆၁ မဂ္ဂဇင်း ဝတ္ထုရှည်

၄ အာကသဒုံးယာဉ် လက်နက်များ ၁၉၆၁ 

၅ အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး ၁၉၆၁ 

၆ မုန်းလဲမေ့ပါနိုင် ၁၉၆၂ 

၇ လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ် ၁၉၆၂ 

၈ တက္ကသိုလ် ကျောင်းသားတစ်ဦး ၁၉၆၂ 

၉ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ 

၁၀ တေးသီချင်းဆန်းများ ၁၉၆၃ 

၁၁ ပန်းကြဲတဲ့ ဖဲစက်ရာမှာ ၁၉၆၃ 

၁၂ မျက်ရှု ၁၉၆၆ 

၁၃ ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း ၁၉၆၉ 

၁၄ အသည်းစား မဟာရာဇာ၏ ရှင်းတမ်း ၁၉၆၉ 

၁၅ တေးပေါင်းချုပ် ၁၉၆၉ 

၁၆ တေးပေါင်းချုပ် လက်ရွေးစင် ၁၉၆၉ 

၁၇ နှလုံးသား အသစ်နှင့် ချစ်မည့်သူ ၁၉၇ဝ 

၁၈ မိန်းမလှအမုန်း ၁၉၇၁ 

၁၉ ငွေလှိုင်းဇာခြည်ပေါ်မှာ ၁၉၇၁ 

၂၀ ဆွေး ၁၉၇၁ 

၂၁ ရေဒီယိုတေးများ ၁၉၇၁ 

၂၂ လတန်ခူးပေမို့ ၁၉၇၁ 

၂၃ နောင်အင်းလေး ၁၉၇၂ မြန်မာ့အလင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်

၂၄ ကြင်နာသူအသည်း ၁၉၇၂ ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။[ကိုးကားချက်လိုသည်]

၂၅ ချစ်ဦးသူနှင့် ချစ်ဖူးသူ ၁၉၇၂ 

၂၆ ဩစတြေးလျမှ ချစ်သမျှအကြောင်း ၁၉၇၂ 

၂၇ နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို ၁၉၇၃ စန္ဒာ ရုပ်စုံမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်

၂၈ ကျွန်တော် ကျွန်မတို့အရွယ် ၁၉၇၄ 

၂၉ ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန် ၁၉၇၉ 

၃၀ ပုဂ္ဂိုလ်ကျော် (၁၃) ဦး  

၃၁ မျှော်လင့်ခိုး သံသရာဝယ်  

၃၂ သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ

နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ...

စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက်

၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ 

၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ 

၃ ဆောင်းအိပ်မက် ၁၉၆၇ 

၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ 

၅ မှုံရွှေရည် ၁၉၇၀ 

၆ မုန်းပါတယ်မောင့်ကို ၁၉၇၃ 

၇ ချစ်သူရွေးမယ် ချစ်ဝဲလယ် ၁၉၇၅ ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်

၈ အတွယ်အတာ  

၉ တိမ်ဦးလေပြေ မောင့်ကိုစေ  

၁၀ တစ်ကျော့နှစ်ကျော့ တေးကိုသီ  

၁၁ ဆောင်းတစ်ညဝယ်  

၁၂ ချစ်သူကြင်သူမြတ်နိုးသူ  

၁၃ မင်းဘယ်ပြေးမလဲ မိချိုသဲ  

၁၄ နှင်းပျောက်တဲ့ နွေ  

၁၅ သိကြားစေ သက်သေညွှန်း  

၁၆ သစ္စာတူပြိုင်  

၁၇ ခိုင်မာလာနှင်းဆီ  

၁၈ ဗိမ္ဗိသာရ  

၁၉ ဝေဠု  

၂၀ ဤစံအိမ်ဝယ်  

၂၁ ကျွန်တော်ပြောချင်တဲ့ အချစ်အကြောင်း  

၂၂ မိန်းမနဲ့ ယောက်ျား  

၂၃ ချစ်သောသူတစ်ယောက်  

၂၄ ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ်  

၂၅ ပိတောက်ရိပ်ဝယ်  

၂၆ ကျောက်မဲအကျဉ်းသား"


ကိုးကား -ဝီကီပီးဒီးယား 

  


Reference from: wikipedia

Written Books

Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး