Book Image
ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)
ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)
☸????☸????☸????☸????
ဓမ္မစာပေအမွေ ပေးဝေသူ

ညွန့်မောင်၊ ဦး (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)
(၁၉၃၈ - ၂၀၂၁)

????ဆရာကြီး ဦးညွန့်မောင်ကို ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ အင်္ဂါနေ့တွင် ရေစကြိုမြို့နယ်၊ ဆင်ခြေရာရွာ၌ အဖ ဦးချစ်ထွန်း၊ အမိ ဒေါ်အေးဒွန်းတို့က မွေးဖွားသည်။

????အမည်ရင်းမှာ ဦးညွန့်မောင်ဖြစ်ပြီး ကလောင်အမည်မှာ ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်) ဖြစ်သည်။ 

????သာသနာရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူသည်။

????ဓမ္မရံသီစာစောင်၊ ဓမ္မရတနာစာစောင်များတွင် အတိုင်ပင်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ ဗုဒ္ဓစာပေအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အဓမ္မဝါဒဖော်ထုတ်တားဆီးရေးအကျိုးဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  သာသနာ့အလင်းဂျာနယ်တွင် ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ လောကချမ်းသာ အဘယ လာဘမုနိ ဂေါပကအဖွဲ့တွင် ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မစေတီတော် ဝတ်အသင်းတွင် နာယကအဖြစ်လည်းကောင်း၊ ရေစကြိုမြို့နယ် ဆင်ခြေရာကျေးရွာအသင်းတွင် နာယကအဖြစ်လည်းကောင်း ဘာသာသာသနာစာပေကိစ္စများကို ဆောင်ရွက်ခဲ့သည်။

????လေးမြိုင်ဓမ္မပူဇာစာပေဆုကို လေးကြိမ်တိုင်တိုင် ချီးမြှင့်ခံရသည်။ 

????ဆရာကြီး ရေးသားပြုစုခဲ့သော စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

၁။ ကံနှင့် သတ္တလောက
၂။ ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းမှတ်ဖွယ် အဓိပ္ပါယ် 
၃။ နိဗ္ဗာန်ကို ရှုမြင်ချက်များ
၄။ ဇာတ်နိပါတ်တော်လာ ဆင်ဖြူတော်များ
၅။ အဓမ္မဝါဒ ဝိနိစ္ဆယအကျဉ်း
၆။ ဓမ္မ အဓမ္မ ဝိနိစ္ဆယ (ဆွေးနွေးချက်များ)
၇။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ပဲခူးမြို့မ ဆရာတော်ကြီး၏ သာသနာ့သမိုင်းဝင် ဩဝါဒကထာများ
၈။ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး ဘုရားသမိုင်း)
၉။ ဩဝါဒမော်ကွန်း
၁၀။ ဝတ်အဖွဲ့များအတွက် ဓမ္မစကြာမြန်မာပြန် 
၁၁။ ဆယ်ပါးစုံညီ ပရမတ္ထပါရမီ 
၁၂။ ပထမထွတ်ခေါင် ဆရာတော်ဘုရားကြီး၏ 
ကမ္မဋ္ဌာန်းသံပေါက်များ ဖွင့်ဆိုချက် 
၁၃။ မဃဒေဝလင်္ကာသစ်လာ ဣတ္ထိယတို့အကြောင်း

????ဓမ္မစာပေအမွေ ပေးဝေသူ ဆရာကြီး ဦးညွန့်မောင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့ ညနေ ၅ နာရီခန့်တွင် ကွယ်လွန်အနိစ္စရောက်သည်။

ဂါရဝဖြင့် 
????????????
ဖြိုးသီဟကျော်
၁၊ ၁၀၊ ၂၀၂၁

Reference from: facebook

Written Books