Book Image
မောင်တင်စိုး (သစ်ရာကောက်)
မောင်တင်စိုး (သစ်ရာကောက်)
????????????????????????????????????????
ကလေးကဗျာအမွေ ပေးဝေသူ

တင်စိုး၊ မောင် (သစ်ရာကောက်) (၁၉၄၆ - ၂၀၂၁)

⭐ ဆရာကြီး မောင်တင်စိုး (သစ်ရာကောက်)  ကို
၁၉၄၆ ခုနှစ်၊ မေလ ၂၅ ရက်၊ စနေနေ့တွင် မကွေး
မြို့နယ်၊   သစ်ရာကောက်ကျေးရွာ၌   အဖ  ဦးမြ၊ 
အမိ ဒေါ်သန်းတို့က ဖွားမြင်သည်။ အမည်ရင်းမှာ
ဦးတင်စိုး ဖြစ်သည်။ 

???? သစ်ရာကောက်ကျေးရွာ၊  အစိုးရအလယ်တန်း
ကျောင်းတွင် မူလတန်း၊ အလယ်တန်းပညာများကို
သင်ယူခဲ့ပြီး တောင်တွင်းကြီးမြို့ အမှတ် ၂ အစိုးရ
အထက်တန်းကျောင်းနှင့် အမှတ် ၁ အစိုးရအထက်
တန်းကျောင်းတို့တွင် အထက်တန်းပညာကို သင်ယူ
ခဲ့သည်။

???? မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ရန်ကုန်ပညာရေး
တက္ကသိုလ်မှ ပညာရေးဘွဲ့တို့ကို ရရှိသည်။ 

????‍???? ၁၉၆၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပညာရေးဌာန
တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် 
သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ ကထိကရာထူး
ဖြင့် အငြိမ်းစားယူသည်။

✍ ၁၉၆၄ ခုနှစ်တွင် စာနယ်ဇင်းစာမျက်နှာများပေါ်၌
စတင် နေရာရလာသည်။  ကလေးကဗျာနှင့်  ကလေး
စာပေကို  မောင်တင်စိုး  (သစ်ရာကောက်)  ကလောင်
အမည်ဖြင့် ရေးသားပြီး  ဘဝကဗျာနှင့် ဘဝစာပေကို 
မောင်သန့်မွန်  (အင်တိုင်း)  ကလောင်အမည်ဖြင့် ရေး
သားသည်။

???? ၁၉၈၂ ခုနှစ်တွင်  'ရွှေခေါင်းလောင်း ကလေး
ကဗျာများ' ၊ 'ရွှေခဲ  ကလေးကဗျာများ'၊ 'ပြည်သူ့
တေးသံ  ကလေးကဗျာများ'    ကိုလည်းကောင်း၊ 
၁၉၉၂ ခုနှစ်တွင် 'ဗျည်းအက္ခရာ   တေးကဗျာနှင့်   အခြား ကလေးကဗျာများ'      ကိုလည်းကောင်း၊  
၂၀၀၂ ခုနှစ်တွင်  'ပွဲတင့်သည့်ပန်း လူငယ်ကဗျာ
များ'  ၊    'ပျားရည်ကြိုက်သော   ငှက်ကလေးနှင့်  
အခြားဘာသာပြန်ပုံပြင်များ'   ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။

???? 'ပညာတန်ဆောင်မဂ္ဂဇင်း ရွှေရတုကဗျာ'စာတမ်း၊
'ဆရာအတတ်ပညာကျောင်းပေါင်းစုံကဗျာသင်ကြား
ရေး' စာတမ်း၊  'ယဉ်ကျေးလိမ္မာ မျိုးမြန်မာနှင့်  ဆရာ
များ၏ အခန်းကဏ္ဍ'  စာတမ်းများကို ပြုစုတင်သွင်း
ဖတ်ကြားခဲ့သည်။ 

???? ၂၀၁၆ ခုနှစ်တွင် 'ကဗျာကျောင်းနဲ့ ဒေါင်းမလေး
ကလေးကဗျာများ' စာအုပ်ဖြင့် အမျိုးသားစာပေဆု
(ကလေးစာပေ) ကို ချီးမြှင့်ခံရသည်။

???? ကလေးကဗျာအမွေ ပေးဝေသူ၊  ပညာအမွေ 
ပေးဝေသူ   ကဗျာစာဆိုဆရာကြီး   မောင်တင်စိုး 
(သစ်ရာကောက်) သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ
၂၀ ရက်၊ သောကြာနေ့တွင် ကွယ်လွန်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၂၁၊ ၈၊ ၂၀၂၁

Reference from: facebook

Written Books