Book Image
မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)
မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)
????????????????????????????????????????????
တိုင်းရင်းသားယဉ်ကျေးမှုစာပေအမွေ ပေးဝေသူ

မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) (၁၉၆၄ - ၂၀၂၁)

????   ကျောင်းဆရာ၊   စာရေးဆရာ၊   တေးရေးဆရာ
မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) ကို ၁၉၅၈ ခုနှစ်၊
စက်တင်ဘာလ   ၆  ရက်၊   စနေနေ့တွင်     ဧရာဝတီ 
တိုင်းဒေသကြီး၊   သာပေါင်းမြို့နယ်၊   ကြာကန်ရွာ၌
အဖ ဦးတင်အေး၊ အမိ ဒေါ်အုန်းကြည်တို့က ဖွားမြင်
သည်။ အမည်ရင်းမှာ ဦးမြတ်ဝေတိုးပင်ဖြစ်သည်။

????  ၁၉၈၁   ခုနှစ်တွင်  အခြေခံပညာ အထက်တန်း
အောင်မြင်သည်။    ၁၉၈၅  ခုနှစ်တွင်   ပုသိမ်ဒီဂရီ
ကောလိပ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ)၊  ၁၉၉၂ ခုနှစ်တွင် 
ပညာရေးတက္ကသိုလ်မှ ပညာရေးဘွဲ့ (B.Ed.) တို့ကို
ရရှိသည်။

????‍???? ၁၉၈၃ ခုနှစ်တွင် ပညာရေးဌာန၌ စတင်တာဝန်
ထမ်းဆောင်သည်။  ကျောင်းစာရေး၊  မူလတန်းပြ၊ 
အလယ်တန်းပြ၊    အထက်တန်းပြ   တာဝန်များကို
အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

????‍????    လှိုင်သာယာမြို့နယ်      ပညာရေးမှူးရုံးတွင်
လက်ထောက်       မြို့နယ်ပညာရေးမှူး      အဖြစ်
လည်းကောင်း၊    ရွှေပြည်သာမြို့နယ်  အမှတ်  ၄
အခြေခံပညာ             အလယ်တန်းကျောင်း တွင် 
ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊   တွံတေး
မြို့နယ် အလယ်ချောင်းရွာ အထက်တန်းကျောင်း
(ခွဲ) တွင်  ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊
ရွှေပြည်သာမြို့နယ်      အမှတ်  ၃  အခြေခံပညာ
အထက်တန်းကျောင်းတွင်         ကျောင်းအုပ်ကြီး
အဖြစ်  လည်းကောင်း    တာဝန်ထမ်းဆောင်ခဲ့ပြီး 
လှိုင်သာယာမြို့နယ်      အမှတ်  ၂  အခြေခံပညာ
အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးအဖြစ်မှ
အငြိမ်းစားယူသည်။

???? အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံစာရေးဆရာ
အသင်းတွင်      တွဲဖက်အတွင်းရေးမှူး    ၁      အဖြစ်
လည်းကောင်း၊            ပညာတန်ဆောင် မဂ္ဂဇင်းတွင် 
စာတည်းအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

????  နိုင်ငံတော်အဆင့်   ကျင်းပသည့်   မြန်မာ့ရိုးရာ
ယဉ်ကျေးမှု အဆို၊  အက၊  အရေး၊  အတီး ပြိုင်ပွဲ၌
အရေးဘာသာရပ်ဖြင့် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊
ကြေးတံဆိပ်ဆုများ ရရှိသည်။

???? စာပေဗိမာန်စာမူဆု (မြန်မာ့ယဉ်ကျေးမှုနှင့် 
အနုပညာဆိုင်ရာစာပေ၊ ပထမ) ကို -

လီဆူတိုင်းရင်းသားတို့၏ ဘဝဓလေ့ (၂၀၀၆)

ဂျိန်ဖော့သွေးချင်းတို့၏ ဘဝအလှ (၂၀၀၉)

မြန်ပြည်မြောက်ဖျားက ရဝမ်သွေးချင်းများ (၂၀၁၀)

လော်ဝေါ်ရိုးရာ ယဉ်ကျေးမှုဓလေ့များ (၂၀၁၁)

မနောမြေက လာချိဒ်တိုင်းရင်းသား (၂၀၁၂)

        စာမူများဖြင့် ၅ ကြိမ် ရရှိသည်။

???? စာပေဗိမာန်စာမူဆု (မြန်မာ့ယဉ်ကျေးမှုနှင့် 
အနုပညာဆိုင်ရာစာပေ၊ ဒုတိယ) ကို -

အဇီး (ခေါ်) ဇိုင်ဝါးသွေးချင်းများ (၂၀၁၃)

          စာမူဖြင့် ရရှိသည်။

???? ၂၀၀၇  ခုနှစ်တွင်  'ယဉ်ကျေးလိမ္မာ  အနာဂတ်
ရတနာနှင့်  အခြားဝတ္ထုတိုများ'   စာမူဖြင့်   စာပေ 
ဗိမာန်စာမူဆု (ကလေးစာပေ၊ တတိယ) ရရှိသည်။

???? ၂၀၀၈ ခုနှစ်တွင် 'လီဆူတိုင်းရင်းသားတို့၏
ဘဝဓလေ့' စာအုပ်ဖြင့် အမျိုးသားစာပေဆု 
(မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ)၊ 

၂၀၁၃ ခုနှစ်တွင် 'လော်ဝေါ်ရိုးရာ ယဉ်ကျေးမှု
ဓလေ့များ' စာအုပ်ဖြင့် အမျိုးသားစာပေဆု 
(မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ)

         ချီးမြှင့်ခံရသည်။ 

???? ၂၀၁၇  ခုနှစ်တွင်  'ကယားတို့၏ ဘဝဓလေ့'
စာမူဖြင့်    ပခုက္ကူဦးအုံးဖေ  တည်ထောင်သော
ပခုက္ကူစာပေဆု (သုတေသနစာပေ၊ ပထမ) ကို
ရရှိသည်။ 

???? ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင်  'ကန္ဒရဝတီ
ခရီးသည်'    စာအုပ်ကို      ရေးသားထုတ်ဝေခဲ့ပြီး 
ခရီးသွားစာပေအမွေကို   နောက်ဆုံးလက်ဆောင်
အဖြစ် ချန်ရစ်ခဲ့သည်။ 

???? တိုင်းရင်းသားယဉ်ကျေးမှုစာပေအမွေပေးဝေသူ
ကျောင်းဆရာ၊      စာရေးဆရာ၊       တေးရေးဆရာ
ဆရာကြီးမြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) သည်
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ သောကြာနေ့တွင် 
ကွယ်လွန်အနိစ္စရောက်သည်။

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၁၃၊ ၈၊ ၂၀၂၁

Reference from: facebook

Written Books