Book Image
နန္ဒာမိုးကြယ်
နန္ဒာမိုးကြယ်
????????????????
ကလေးကဗျာအမွေ ပေးဝေသူ

နန္ဒာမိုးကြယ် (၁၉၅၇ - ၂၀၂၁) 

???? ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ     ဆရာ
နန္ဒာမိုးကြယ်ကို ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊
တနင်္ဂနွေနေ့တွင်     မအူပင်ခရိုင်၊      ဓနုဖြူမြို့နယ်၊ 
လက်ဆွဲချောင်းကျေးရွာ၌    အဖ  ဦးဘရင်၊     အမိ 
ဒေါ်ဆင်မေ တို့က   ဖွားမြင်သည်။     အမည်ရင်းမှာ
ဦးအောင်သန်းဖြစ်သည်။ 

???? လက်ဆွဲချောင်း အမက၊ မေတ္တာညွန့်ရပ်ကွက်
အမက၊  တာမွေ  အလက  ၃၊    တောင်ဥက္ကလာပ 
အထက  ၁  တို့တွင်  အခြေခံပညာကို  သင်ယူပြီး
၁၉၇၆ ခုနှစ်တွင်  တက္ကသိုလ်ဝင်တန်း အောင်မြင်
သည်။

???? ဒေသကောလိပ် ၁၊ ရန်ကုန်တက္ကသိုလ်တို့တွင်
ဆက်လက်ပညာသင်ယူပြီး  ၁၉၈၀  ပြည့်နှစ်တွင် 
ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၈၂ ခုနှစ်တွင် 'ရှုမဝမဂ္ဂဇင်း
ကဗျာများလေ့လာချက်' စာတမ်းဖြင့်  မြန်မာစာ၊
မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။

????‍???? ပညာရေးလောကတွင် ၁၅ နှစ်မျှ အမှုထမ်းခဲ့
သည်။

???? ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စာပေလောကသို့
ကဗျာဖြင့် စတင်ဝင်ရောက်သည်။  စာနယ်ဇင်းများ
တွင်  ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများစွာကို  ရေးသား
ခဲ့သည်။ 

????    'နန္ဒာမိုးကြယ်'    ကလောင်အမည်ဖြင့်    လုံးချင်း 
၆၀  ကျော်၊    'ကိုရွှေတောသား'   ကလောင်အမည်ဖြင့် 
ကျေးလက်ဟာသလုံးချင်း ၃၀ ကျော်၊'သုတေသီဆရာ
ငြိမ်း'  ကလောင်အမည်ဖြင့်  လောကီရေးရာ  လုံးချင်း
၂၀  ခန့်၊     'မင်္ဂလာဦးရွှေအိုး'      ကလောင်အမည်ဖြင့်
လုံးချင်း ၂ အုပ်တို့ကို ရေးသားထုတ်ဝေပြီးဖြစ်သည်။

✍  ရုပ်ရှင်မျက်မှန်၊ မြန်မာ့ရုပ်ရှင်၊ စာဖတ်သူဂျာနယ်၊
ကလေးသုတ၊ မြရည်နန္ဒာ၊ အနုပညာကြေးမုံ၊ အပျိုမ၊
ဇမ္ဗူရတနာ၊  မနုစာရီ၊ မှုခင်းရောင်စုံ၊  မှုခင်းရောင်စဉ်၊
ပြစ်မှု၊ ရဲကြေးမုံ၊ ရောင်ပြန်မဂ္ဂဇင်းတို့တွင် အယ်ဒီတာ
အဖြစ် ဆောင်ရွက်ခဲ့သည်။

????၂၀၁၁ ခုနှစ်တွင် 'သဘာဝရဲ့လက်ဆောင် ကလေး
ကဗျာများ' စာမူဖြင့်  စာပေဗိမာန်စာမူဆု    (ကလေး
စာပေ၊ ပထမ) ကိုလည်းကောင်း၊  မြတ်မိခင်ဝတ္ထုတို
ပြိုင်ပွဲအထူးဆုနှင့် မြတ်မိခင်စာပေ ဝန်ကြီးအကြိုက်
ဆုံးဆုတို့ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် 'မင်္ဂလာ
ရှိသောနေ့ ကလေးကဗျာများ' စာမူဖြင့်  စာပေဗိမာန်
စာမူဆု  (ကလေးစာပေ၊ ဒုတိယ)   ကိုလည်းကောင်း
ရရှိသည်။

????  ကလေးကဗျာအမွေ  ပေးဝေသူ  ကဗျာဆရာ၊
စာရေးဆရာ၊ အယ်ဒီတာ ဆရာနန္ဒာမိုးကြယ်သည်
၂၀၂၁  ခုနှစ်၊     ဇူလိုင်လ  ၃  ရက်၊     စနေနေ့တွင် 
ကွယ်လွန်အနိစ္စရောက်သည်။ 

ဂါရဝဖြင့် 
????????????
ဖြိုးသီဟကျော်
၁၂၊ ၈၊ ၂၀၂၁

Reference from: facebook

Written Books