Book Image
အံ့မောင်
အံ့မောင်
????????????
သုတရသ စာပေအမွေ ပေးဝေသူ

အံ့မောင် (၁၉၃၂ - ၂၀၂၁)

???? သတင်းစာဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ 
အံ့မောင်ကို  ၁၉၃၂ ခုနှစ်၊  ဒီဇင်ဘာလ  ၄  ရက်၊ 
တနင်္ဂနွေနေ့တွင်    မုံရွာမြို့နယ်၊    လယ်ဇင်ရွာ၌
အဖ ကုန်သည်ဦးဌေး၊ အမိဒေါ်သတို့က ဖွားမြင်
သည်။ အမည်ရင်းမှာ 'အံ့မောင်' ပင်ဖြစ်သည်။

???? ၁၉၄၉ ခုနှစ်တွင် မုံရွာမြို့နယ် အထက ၁ မှ 
တက္ကသိုလ်ဝင်တန်း    အောင်မြင်ပြီး    မန္တလေး 
တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။
၁၉၅၁ ခုနှစ်၊ ဥပစာတန်းတွင်  မြန်မာစာ ပထမ
ရ၍ 'သာဒိုးအောင်ဆု' ချီးမြှင့်ခံရသည်။ 

???? မန္တလေးတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့
ပြောင်းရွှေ့ပညာသင်ယူပြီး    ၁၉၅၃  ခုနှစ်တွင် 
ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။   ထိုနှစ်
၌ပင်    ရန်ကုန်တက္ကသိုလ်၊   မြန်မာစာဌာနတွင်
အချိန်ပိုင်းနည်းပြဆရာအဖြစ် လုပ်ကိုင်သည်။

???? နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၅၃ ခုနှစ်မှ 
၁၉၅၅ ခုနှစ်အထိ အင်းစိန်တွင် အုတ်စီနံရံများကို
ခံစားခဲ့ပြီး  ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ပဲခူး
ရိုးမသစ်ပင်များကို လေ့လာခဲ့သည်။ 
(ဆရာကြီး၏ အသုံးအနှုန်းအတိုင်းဖော်ပြသည်။)

???? ၁၉၅၅ - ၁၉၅၆ တွင် ယဉ်ကျေးမှုဝန်ကြီးဌာန
စာကြည့်တိုက်မှူးသင်တန်း၌ ပထမ ရရှိသည်။

???? ၁၉၅၇ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ ရပြီး ၁၉၅၈
ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန၌
နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။

???? ၁၉၅၉  ခုနှစ် မှ  ၁၉၆၇ ခုနှစ်အထိ   ဆင်ဟွာ
သတင်းဌာနတွင်  ဘာသာပြန်၊      ၁၉၆၁  ခုနှစ်မှ
၁၉၆၂ ခုနှစ်အထိ မော်ကွန်းသတင်း မဂ္ဂဇင်းတွင်
အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။

???? တက္ကသိုလ်ကျောင်းသားဘဝ မှ  ကွယ်လွန်ချိန်
အထိ  စာပေ၊ ငြိမ်းချမ်းရေး  အဖွဲ့အစည်းများတွင်
တက်တက်ကြွကြွ         ပါဝင် ဆောင်ရွက် ခဲ့သည်။ 
မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ၊  မြန်မာနိုင်ငံကဗျာ
ဆရာသမဂ္ဂ၊    သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး
ကွန်ရက်တို့တွင်နာယကအဖြစ်ဆောင်ရွက်ခဲ့သည်။

✍ ၁၉၄၉ ခုနှစ်တွင် ချင်းတွင်းကျောင်းသားဂျာနယ်
၌ စာစတင်ရေးသားသည်။

✍ ၁၉၅၆ ခုနှစ်တွင် ရုရှားစာရေးဆရာ ပူရှ်ကင်၏
ဝတ္ထုကို   ဘာသာပြန်သည့်    'ဒူဘရော့စ်စကီး'  ကို
'ဇင်မောင်' ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေ
သည်။

✍ ၁၉၆၃  ခုနှစ်တွင်  'ဗီယက်နမ်မှ  မကြေညာသော
စစ်ပွဲ' ဘာသာပြန်စာအုပ်ကို ရေးသားထုတ်ဝေသည်။

✍ စာနယ်ဇင်းများတွင် ကဗျာ၊ ဆောင်းပါး၊ ခရီးသွား
အက်ဆေး၊   နိုင်ငံရေးဝေဖန်ချက်များကို   ရေးသားခဲ့
သည်။ 

သဲကုန်းမို့မို့ လွမ်းမို့မို့၊ 
မိုးမခပင်ကြီးအောက်မှာ၊
အင်းတော်ရှင့်သမီး၊ 
ရေခဲနတ်ဒေဝီ၊ 
ခင်စိတ္တ၊ 
တံခါးမှူးသား စသည့် အန်းဒါးဆင်းပုံပြင်စာအုပ်များ၊ 

၆၀ ကဗျာ (၁၉၉၂)၊ 
၆၃ ကဗျာ (၁၉၉၆)၊ 
၆၅ ကဗျာ (၂၀၀၂)၊ 
လက်ပံတောင်းတောင်နှင့် အခြားကဗျာများ (၂၀၁၆)၊ ရှင်မွေးလွန်း မင်းနန္ဒာနှင့် အခြားကဗျာများ (၂၀၁၇)၊ 
အိုပွင့်ကဗျာများ (၂၀၁၈) 
စသည့် ကဗျာပေါင်းချုပ်စာအုပ်များကို ရေးသား
ထုတ်ဝေခဲ့သည်။

လုံးချင်းစာအုပ် ၃၀ ကျော်ကို ရေးသားထုတ်ဝေပြီး
ဖြစ်သည်။ 

✍ ၁၉၇၃  ခုနှစ်တွင်   'ရေသူမလေး  -  အန်းဒါးဆင်း
ပုံဝတ္ထုများ'     စာအုပ်ဖြင့်           အမျိုးသားစာပေဆု
(ဘာသာပြန်)   ကိုလည်းကောင်း၊    ၂၀၀၉  ခုနှစ်တွင် 
'စိန်ပွင့်  မြပွင့်  ပတ္တမြားပွင့်  ကဗျာများ'     စာအုပ်ဖြင့်
တော်ဘုရားကလေး စာပေဆု          ကိုလည်းကောင်း၊
၂၀၁၉   ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု
(စာရေးဆရာ) ကိုလည်းကောင်းချီးမြှင့်ခြင်းခံရသည်။

✍ သုတ၊ ရသ စာပေအမွေ ပေးဝေသူ   သတင်းစာ
ဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ       အံ့မောင်သည် 
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ကြာသပတေးနေ့
မွန်းလွဲ  ၁  နာရီ  မိနစ်  ၃၀  တွင်     လူကြီးရောဂါဖြင့် 
ကွယ်လွန်အနိစ္စရောက်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၁၂၊ ၈၊ ၂၀၂၁

Reference from: facebook

Written Books