Book Image
ဦးသိန်းလွင်
ဦးသိန်းလွင်
????????‍????????????‍????
စာကြည့်တိုက်ပညာအမွေ ပေးဝေသူ

သိန်းလွင်၊ ဦး၊ ပါမောက္ခ (စာကြည့်တိုက်ပညာ)
(၁၉၄၄ - ၂၀၂၁)

????  ပါမောက္ခ ဦးသိန်းလွင် (စာကြည့်တိုက်ပညာ) ကို
၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ သောကြာနေ့တွင်
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်၊ခုနစ်ရွာကျေးရွာ၌
အဖ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးသန်းမောင်၊  
အမိ ဒေါ်မယ်မှီ တို့က ဖွားမြင်သည်။  မွေးချင်း  ၅ ဦး
တွင် အကြီးဆုံးသားဖြစ်သည်။

???? ၁၉၆၀ ပြည့်နှစ်တွင် ကြို့ပင်ကောက်မြို့ အစိုးရ
အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်
မြင်သည်။  ၁၉၆၇  ခုနှစ်တွင်  သက်ကြီးတက္ကသိုလ်
(လုပ်သားများ ကောလိပ်)   မှ  အင်္ဂလိပ်စာ၊  မြန်မာ
အနုစာပေ၊ ဒဿနိကဗေဒ၊ စိတ်ပညာ  ဘာသာများ
ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။

????၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် 
ဒီပလိုမာသင်တန်းအမှတ်စဉ်၁ကိုတက်ရောက်သည်။
၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ  စာကြည့်တိုက် 
ပညာ ဘွဲ့လွန် ဒီပလိုမာ  ရရှိသည်။  ၁၉၈၄  ခုနှစ်တွင် 
East-West Centre  ပညာသင်ဆု   ရရှိသဖြင့်  ၁၉၈၄ 
ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အမေရိကန်နိုင်ငံ၊ဟာဝိုင်ယီ
တက္ကသိုလ်သို့ပညာတော်သင်အဖြစ်သွားရောက်ရပြီး
စာကြည့်တိုက်ပညာ မဟာဘွဲ့  (MLS) ကို   ရရှိသည်။
East-West Centre အဖွဲ့က ချီးမြှင့်သည့် ၁၉၈၆ ခုနှစ် 
အတွက်      နိုင်ငံတကာ    ကျောင်းသား     ထူးချွန်ဆု
(Makana Award 1986) ကိုလည်း ရရှိသည်။ 

???? ၁၉၆၉ ခုနှစ်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ပြီး
သားသမီး ၄ ဦး ထွန်းကားခဲ့သည်။ 

???? ၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ  ရန်ကုန်တိုင်း၊ 
သမဝါယမအသင်းဝန်ရုံး (၆ ထပ်ရုံး) တွင်  အောက် 
တန်းစာရေး အဖြစ်လည်းကောင်း၊  ၁၉၆၆  ခုနှစ် မှ 
၁၉၇၄ခုနှစ်အထိကုန်သွယ်ရေး ၈ တွင်အထက်တန်း
စာရေး အဖြစ်လည်းကောင်း    တာဝန်ထမ်းဆောင်
သည်။

???? ၁၉၇၄  ခုနှစ်၊  ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့မှစ၍
မော်လမြိုင်ဒီဂရီကောလိပ်စာကြည့်တိုက်သို့စာကြည့် တိုက်လက်ထောက် ၁ ရာထူး (နည်းပြစကေး) အဖြစ်
ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည်။   ထိုစာကြည့်
တိုက်၌ပင်  စာကြည့်တိုက်မှူး  အဆင့် ၁ ရာထူးအထိ
၂၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

????‍???? ၁၉၈၇ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ရန်ကုန်သို့ 
အချိန်ပိုင်းလာရောက်ကာ  စာကြည့်တိုက်ပညာ
ဒီပလိုမာသင်တန်း အမှတ်စဉ် ၉ မှ ၁၂ အထိကို
သင်ကြားပို့ချပေးသည်။ 

????‍????   ၁၉၉၇   ခုနှစ်၊      အောက်တိုဘာလ  ၁၆  ရက်၊ 
ကြာသပတေးနေ့     မှစ၍           ရန်ကုန်တက္ကသိုလ်၊
စာကြည့်တိုက်နှင့်    သုတပညာဌာနတွင်      ကထိက
ဌာနမှူးအဖြစ်  ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။
ထိုဌာန၌ပင်   တွဲဖက်ပါမောက္ခ  ဌာနမှူး၊      ပါမောက္ခ
ဌာနမှူး  ရာထူး အဆင့်ဆင့်ကို    တိုးမြှင့် ခန့်ထားခြင်း
ခံရသည်။  ၁၉၉၉ ခုနှစ်တွင် စာကြည့်တိုက်နှင့် သုတ
ပညာ  မဟာဝိဇ္ဇာ သင်တန်းကိုလည်းကောင်း၊  ၂၀၀၁ 
ခုနှစ်တွင်  မဟာသုတေသန  (ကျမ်းပြု)  သင်တန်းကို
လည်းကောင်း စတင်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။  ၂၀၀၆
ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပါမောက္ခ 
ဌာနမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

????‍????   အငြိမ်းစားယူပြီးနောက်       ရန်ကုန်တက္ကသိုလ်၊ 
စာကြည့်တိုက်နှင့်   သုတပညာဌာနတွင်    အချိန်ပိုင်း
ပါမောက္ခ တာဝန်ကို    ဆက်လက် ဆောင်ရွက်သည်။
၂၀၀၇ -၂၀၀၈ ပညာသင်နှစ်မှစ၍ ပါရဂူဘွဲ့သင်တန်း
များ  ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့
သည်။

????  မြန်မာနိုင်ငံစာကြည့်တိုက်အသင်း  (MLA) စတင်
ဖွဲ့စည်းတည်ထောင်သည့် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ် 
အထိ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်  တာဝန်ထမ်းဆောင်ခဲ့
သည်။  ထို့နောက်  မြန်မာနိုင်ငံစာကြည့်တိုက်အသင်း
(MLA)      တွင်          နာယက အဖွဲ့ဝင် တစ်ဦး အဖြစ်
လည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်
ဒေးရှင်း (MLF) တွင်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
တစ်ဦး အဖြစ် လည်းကောင်း   ပါဝင်ဆောင်ရွက်ရင်း
စာကြည့်တိုက်ပညာ      ပြန့်ပွားရေး  လုပ်ငန်းများကို
အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သည်။

????  ၁၉၇၄ ခုနှစ်မှ  ၂၀၁၈ ခုနှစ်အတွင်း  အမေရိကန်၊
ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊
မလေးရှား၊   သီရိလင်္ကာနိုင်ငံများသို့   စာကြည့်တိုက်
ပညာဆိုင်ရာ  ဆွေးနွေးပွဲများ၊  ညီလာခံများ  တက်ခဲ့
သည်။ 

????    မြန်မာစာရေးဆရာတို့၏  ကလောင်  (၁၉၉၉)၊ 
စာကြည့်တိုက်နှင့်  သုတပညာ  (၂၀၀၀)၊      အခြေခံ
စာကြည့်တိုက်လုပ်ငန်း   (?)    စာအုပ်များတွင် ပါဝင် 
အားဖြည့် ရေးသားခဲ့သည်။ ခေတ်သုံးစာကြည့်တိုက်
ဝေါဟာရအဘိဓာန်   (၂၀၀၅)၊   စာကြည့်တိုက်ပညာ
(အာဆီယံ) ခရီးသည် (၂၀၁၉)  တို့ကို  ရေးသားပြုစု
ထုတ်ဝေခဲ့သည်။ 

????     စာကြည့်တိုက်ပညာအမွေ             ပေးဝေသူ
ပါမောက္ခ ဦးသိန်းလွင် (စာကြည့်တိုက်ပညာ) သည်
၂၀၂၁  ခုနှစ်၊  ဧပြီလ  ၃၀  ရက်၊  သောကြာနေ့တွင် 
ကွယ်လွန်အနိစ္စရောက်သည်။ 

ဂါရဝဖြင့် 
????????????
ဖြိုးသီဟကျော်
၉၊ ၈၊ ၂၀၂၁

ကျမ်းကိုးစာရင်း
မြင့်ကြိုင်၊ ဦး။ (၂၀၁၁)။ ခေတ်သစ်မြန်မာ 
             စာကြည့်တိုက်မှူးများ။ ရန်ကုန်၊ သင်းစာပေ။

Reference from: facebook

Written Books