Book Image
စိန်သွေး
စိန်သွေး
????????????
ဂီတစာပေအမွေ ပေးဝေသူ

စိန်သွေး (၁၉၃၀ - ၂၀၂၁)

???? ဂီတသုတေသီ   စာရေးဆရာကြီး   စိန်သွေးကို
၁၉၃၀ ပြည့်နှစ်တွင် မကွေးခရိုင်၊ တောင်တွင်းကြီး
မြို့၌   အဖ  ဦးကျော်စိန်၊   အမိ  ဒေါ်မြတင် တို့က
ဖွားမြင်သည်။ အမည်ရင်းမှာ ဦးတင်ရီဖြစ်သည်။ 

???? စစ်ကြိုခေတ်တွင် တောင်တွင်းကြီး အစိုးရ 
အထက်တန်းကျောင်း၌ စတင်ပညာသင်ယူပြီး
လွတ်လပ်ရေးခေတ်တွင်  တောင်တွင်းကြီးမြို့၊
ရန်ကုန်မြို့နှင့်   ပခုက္ကူမြို့တို့၌      ဆက်လက် 
ပညာ သင်ယူသည်။         ရန်ကုန်တက္ကသိုလ်မှ 
ဝိဇ္ဇာဘွဲ့ ရရှိသည်။

???? ၁၉၅၅ ခုနှစ်တွင် ပြည်ထောင်စုစစ်ရဲတပ်ဖွဲ့
တွင်  တာဝန်ထမ်းဆောင်သည်။  ၁၉၆၅  ခုနှစ်
တွင်  စာပေ၊   ရုပ်ရှင်၊   သဘင်၊   တေးဂီတနှင့် 
ပန်းချီ၊ ပန်းပု စသည့် ယဉ်ကျေးမှုလေ့လာရေး
ဌာန၌ အလုပ်ခန့်ထားခြင်း ခံရသည်။ 

???? ငယ်စဉ်အခါကပင် ဂီတကို ဝါသနာပါသည်။
အစ်ကိုဖြစ်သူနှင့် သူ၏ ဂီတမိတ်ဆွေ  အပေါင်း
အသင်းများ စုစည်း၍ အပျော်တမ်း တီးမှုတ်ကြ
သည်ကို  နားယဉ်ပြီး   ကိုယ်တိုင်  လေ့ကျင့်ခဲ့ရာ 
ဘင်ဂျို၊   ဂီတာ၊   မယ်ဒလင်၊  တယော   စသည့် 
ကြိုးတပ်တူရိယာများကို  အတော်အသင့်  တီးမိ
ခေါက်မိ ရှိခဲ့သည်။  နောင်တွင်  ဂီတာကို နိုင်နင်း
စွာ  တီးခတ်နိုင်ပြီး  တယောကို  အတော်အသင့် 
တီးနိုင်သည်။

???? ၁၉၇၀ ပြည့်နှစ်ခန့်က ဗိုလ်တထောင်သတင်း
စာတွင် ဖော်ပြပါရှိသော 'ခေတ်ဟောင်းတေး နှင့် 
မျက်မှောက်ခေတ်အဆိုတော်'     ဆောင်းပါးဖြင့် 
စာပေနယ်သို့ စတင်ဝင်ရောက်သည်။

???? ၁၉၇၈  ခုနှစ်တွင်   သပြေတေးမဂ္ဂဇင်း၌ 
'ခေတ်ဟောင်းတေးဟု  ဆိုရာဝယ်'  ဟူသည့်
ပင်တိုင်ခေါင်းစဉ်ဖြင့်          ဆောင်းပါးများ၊
၁၉၉၀  ပြည့်နှစ်  နောက်ပိုင်းတွင်   ငွေတာရီ
မဂ္ဂဇင်း၌         'ခေတ်ဟောင်းတေးလောကမှ 
ဤသုံးဦး' ဟူသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါး
များ၊     ခေတ်မြန်မာဂျာနယ်၌    'မထင်မရှား 
ဆုံးပါးသွားသောထင်ရှားကျော်ကြားသူများ'
ဟူသည့်       ခေါင်းစဉ်ဖြင့်    ဆောင်းပါးများ 
ရေးသားခဲ့သည်။ထို့ပြင် မြန်မာမှုဂီတရေးရာ
ဆောင်းပါးများကို  စစ်ပြန်၊ သဘင်၊ ရုပ်ရှင်၊ 
ဂီတပဒေသာ၊  လုံမလေး၊  ချယ်ရီ နှင့်  စန္ဒာ
မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ 

???? ခေတ်မြန်မာဂျာနယ်တွင်မူ 'မောင်လူထွန်း'
ကလောင်အမည်ခွဲဖြင့်       နိုင်ငံတကာရေးရာ
ဆောင်းပါးများကို ရေးသားခဲ့သည်။   ၁၉၈၈
ခုနှစ်  နောက်ပိုင်းတွင်   လုပ်ငန်းတာဝန်များမှ 
အနားယူခဲ့သော်လည်း  ဂီတရေးရာနှင့် စာပေ
ရေးရာလုပ်ငန်းများကို ဆက်လက်သုတေသန
ပြု လုပ်ဆောင်ခဲ့သည်။ 

???? ၂၀၁၀ ပြည့်နှစ်တွင် 'ခေတ်ဟောင်းတေးနှင့်
အောက်မေ့ဖွယ်'  စာမူဖြင့်  ထွန်းဖောင်ဒေးရှင်း
စာပေဆု (စာပဒေသာ) ကို ရရှိသည်။     ၂၀၁၃
ခုနှစ်တွင် နန်းဒေဝီစာပေက ပထမအကြိမ်ပုံနှိပ် 
ထုတ်ဝေသည်။ 

???? 'ခေတ်ဟောင်းတေးနှင့် အောက်မေ့ဖွယ်'  နှင့်
ပတ်သက်၍ "ဂီတလောကအတွက်လည်း အမှန်
ပင် လိုအပ်နေသည့် စာအုပ်ကောင်းတစ်အုပ်ပင်
ဖြစ်ပါသည်။  ဤကဲ့သို့  အပျော်ဖတ် မဟုတ်ဘဲ
စင်တင် သိမ်းဆည်း  ထားရမည့်  ခေတ်ဟောင်း
တေးဂီတရေးရာနှင့် ပတ်သက်သော တေးအချို့
အား   စာတစ်စောင်    ပေတစ်ဖွဲ့ အဖြစ်    ရှာဖွေ 
စုဆောင်း  ရေးသား  တင်ပြရသည့်    အလုပ်မှာ 
လွယ်ကူသော  အလုပ်  မဟုတ်ပါ။   ဂီတသမား
တိုင်းလည်း လုပ်နိုင်မည့် အလုပ်မဟုတ်ပါ။ ဤ
မလွယ်ကူသောအလုပ်ကို စာရေးသူစိန်သွေးက
ပြုစုတင်ပြထားပါသည်" ဟု  ဆရာမှူးသပြေက
မှတ်ချက်ပြုခဲ့သည်။ 

???? ၂၀၁၇ ခုနှစ်တွင်  သီရိဝံသစာပေက ထုတ်ဝေ
သော 'အမှတ်တရ ဂန္ထဝင်စာစုများ'  စာအုပ်သည်
ဒုတိယမြောက်စာပေလက်ရာဖြစ်သည်။ 

????          ဂီတစာပေအမွေ       ပေးဝေသူ 
ဂီတသုတေသီ စာရေးဆရာကြီး စိန်သွေး
သည်  ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  ၂၃  ရက်၊ 
သောကြာနေ့  ည  ၉ နာရီ  ၅ မိနစ်ခန့်တွင်
ကွယ်လွန်အနိစ္စရောက်သည်။

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၆၊ ၈၊ ၂၀၂၁

*ဆရာကြီး၏ မွေးလ၊ မွေးရက်ကို မသိသေးပါ။
ဆရာကြီး၏ ဓာတ်ပုံကောင်းကောင်းကို မရသေးပါ။

Reference from: facebook

Written Books