Book Image
အဏ္ဏဝါစိုးမိုး
အဏ္ဏဝါစိုးမိုး
????⚓????⚓
ဘဝမှတ်တမ်း စကားပြေအမွေ ပေးဝေသူ

စိုးမိုး၊ အဏ္ဏဝါ (၁၉၄၁ - ၂၀၂၁)

???? စာရေးဆရာကြီး အဏ္ဏဝါစိုးမိုးကို ၁၉၄၁ ခုနှစ်၊ 
မေလ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ 
ကျီန္တလီရွာ၌ အဖ ဦးဘအေး၊ အမိ ဒေါ်စိန်ဥတို့က
ဖွားမြင်သည်။

???? ငယ်အမည်မှာ မောင်စိန်ပန်း (စိန်ဘမ်း)၊ 
အမည်ရင်းမှာ ဦးစိုးမြင့် ဖြစ်သည်။ 

???? ငယ်စဉ်အခါက ဘုန်းတော်ကြီးကျောင်းတွင် 
ပညာသင်ယူခဲ့သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်စန္ဒိမာ
ဖြစ်သည်။ 

???? ၁၈ နှစ်သားအရွယ်တွင် သူငယ်ချင်းဖြစ်သူ
ဦးအောင်လှနှင့်အတူ ဘုန်းကြီးကျောင်းမှ 
ရန်ကုန်မြို့သို့ ထွက်ပြေးလာခဲ့သည်။ 

???? လုပ်သားကောလိပ်၌ မြန်မာစာအဓိကဖြင့်
နောက်ဆုံးနှစ်အထိ ပညာသင်ယူခဲ့သော်လည်း
စာတမ်းမတင်ဖြစ်၍ ဘွဲ့မရခဲ့ပေ။ မြန်မာစာ
ကျောင်းသားဘဝတွင် ဆရာကြီးဦးအောင်သင်း၏
တပည့်ရင်းတစ်ဦး ဖြစ်ခဲ့သည်။ 

???? တပ်မတော် (ရေ) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး
၁၉၇၅ ခုနှစ်တွင် အငြိမ်းစားယူသည်။ ထို့နောက်
ရေဒီယိုဆက်သွယ်ရေးအရာရှိအဆင့်ဖြင့် နှစ်ပေါင်း
များစွာ သင်္ဘောလိုက်ခဲ့သည်။ 

???? တက္ကသိုလ်နန္ဒမိတ်၏ တိုက်တွန်းမှုကြောင့် 
စာ ရေးဖြစ်ခဲ့ပြီး သင်္ဘောသားစာရေးဆရာ
ဖြစ်လာသည်။ 

???? ၁၉၈၀ ပြည့်နှစ်တွင် စစ်ပြန်မဂ္ဂဇင်း၌
ဖော်ပြခံရသော 'သတင်းစာအဟောင်းနှင့်
မီးချောင်းအကျွမ်း' ဝတ္ထုတိုမှာ ပထမဆုံး 
ပုံနှိပ်စာမူ ဖြစ်သည်။ 

???? ပန်းပန်မှ နန်းဆန်တော့သည် (၁၉၉၈) မှာ 
ပထမဆုံးစာအုပ် ဖြစ်သည်။

???? အဏ္ဏဝါခရီးသည် (၂၀၀၅)၊ ပင်လယ်ပျော်ကြီး
(၂၀၀၇)၊ အိုပယ်ကြီး၏ နောက်ဆုံးနေ့များ (၂၀၀၈)
ဟူသော သင်္ဘောသားဘဝမှတ်တမ်း စာအုပ်များမှာ 
အောင်မြင်ကျော်ကြားသည့် စာပေလက်ရာများ
ဖြစ်သည်။ 

???? ပျားတစ်စက် ဝတ္ထု (၂၀၀၃) နှင့် ပတ်သက်၍ 
လယ်တွင်းသားစောချစ်က "အဏ္ဏဝါစိုးမိုးသည် 
သရော်စရာ ရှိသည်တို့ကို သရော်သည်။ သို့သော်
နှစ်သက်စရာ ဖြစ်အောင် သရော်တတ်သူ ဖြစ်၏" 
ဟု မှတ်ချက်ပေးခဲ့သည်။ 

???? ဘဝသရုပ်ဖော်ဝတ္ထုတိုများ၊ ဝတ္ထုရှည်များ၊
ဟာသစာစုများ၊ သရော်စာများကို ရေးသားခဲ့သည်။ 
ပြည်သူ့ဆန္ဒတစ္ဆေ (၂၀၁၇) စာအုပ်အပါအဝင် 
စာအုပ်ပေါင်း ၃ဝ ကျော်ကို ရေးသားထုတ်ဝေပြီးဖြစ်သည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရေးသားသော 
နိုင်ငံရေးသရော်စာများမှာ အထူးထင်ရှားသည်။ 

???? ဘဝမှတ်တမ်း စကားပြေအမွေ ပေးဝေသူ
စာရေးဆရာကြီး အဏ္ဏဝါစိုးမိုးသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်၊ တနင်္လာနေ့ နံနက် ၈ နာရီတွင် 
ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်သည်။ 
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိန်းနွဲ့နှင့် သားသမီး ၄ ဦး
ကျန်ရစ်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၂၊ ၈၊ ၂၀၂၁



Reference from: facebook

Written Books