Book Image
မင်းယုဝေ
မင်းယုဝေ
????????????????
သုတရသ စာပေအမွေ ပေးဝေသူ

မင်းယုဝေ (၁၉၂၈ - ၂၀၂၁)

⭐ ဆရာကြီးမင်းယုဝေကို အဖ ကုန်သည်ဦးထွန်းဆိုင်၊ 
အမိ ဒေါ်သင်တို့က ၁၉၂၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ 
ကန်ကြီးထောင့်မြို့၌ ဖွားမြင်သည်။

⭐ မွေးချင်း ၈ ယောက်တွင် အငယ်ဆုံးဖြစ်ပြီး 
အမည်ရင်းမှာ ဦးဝင်းမောင် ဖြစ်သည်။ 

⭐ ၁၉၃၄ ခုနှစ်တွင် ကန်ကြီးထောင့်မြို့၊ 
မင်းကုန်းကျောင်းတွင် စတင် ပညာသင်ယူသည်။

⭐ ၁၉၃၅ ခုနှစ်တွင် မိဘများနှင့်အတူ ပုသိမ်မြို့သို့
ပြောင်းရွှေ့နေထိုင်ပြီး ပုသိမ်မြို့ အမျိုးသား
အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ယူ
သည်။

⭐ ၁၉၄၆ ခုနှစ်တွင် ပုသိမ်မြို့၊ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် 
ပညာသင်ယူသည်။ 

⭐ ၁၉၄၉  ခုနှစ် စစ်ကိုင်းကျောင်းဆောင်၌ 
နေထိုင်စဉ် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည့် 
'ဘဝမာလာ ကဗျာများ' စာအုပ်ကို ရေးသားထုတ်ဝေသည်။ 

⭐ ၁၉၅၀ ပြည့်နှစ်တွင် ငွေတာရီနှင့် ပူးတွဲ၍ 
'ရတနာကဗျာများ' စာအုပ်ကို ရေးသားထုတ်ဝေသည်။ 

⭐ ၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ 
မြန်မာစာပေ၊ အင်္ဂလိပ်စာပေ၊ ပါဠိစာပေတို့ဖြင့်
ဝိဇ္ဇာဘွဲ့ ရရှိသည်။ ဘွဲ့ရပြီးနောက် ပြန်ကြားရေးဌာန
ညွှန်ကြားရေးဝန် ဦးယော (ဆရာဇေယျ) 
လက်အောက်တွင် အထက်တန်း ဘာသာပြန်အရာရှိ
အဖြစ် လုပ်ကိုင်သည်။

⭐ ၁၉၅၂ ခုနှစ်တွင် အင်းစိန်ခရိုင် ပညာအုပ်အဖြစ်
ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုနှစ်၌ပင်
ကဗျာစာဆို ငွေတာရီနှင့် ထိမ်းမြားလက်ထပ်သည်။

⭐ ၁၉၅၃ ခုနှစ်တွင် စာပေဗိမာန်သို့ ပြောင်းရွှေ့၍
ကျောင်းသုံးစာအုပ်ထုတ်ဝေရေး ညွှန်ကြားရေးဝန် 
ဦးသိန်းဟန် (ဆရာဇော်ဂျီ) လက်အောက်တွင် 
စာပြုအဖြစ် တာဝန်ထမ်းဆောင်သည်။ 

⭐ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ် ဘာသာပြန်နှင့်
စာအုပ်ထုတ်ဝေရေးဌာနသို့ ပြောင်းရွှေ့၍ ဦးဝန် 
(ဆရာမင်းသုဝဏ်) နှင့် ဦးတင်ဧ (ဆရာတင်ဧ 
ရှမ်းပြည်)တို့လက်အောက်တွင် လက်ထောက်
စာတည်းအဖြစ် အမှုထမ်းသည်။ တက္ကသိုလ်မြန်မာ
အဘိဓာန် ပြုစုရာတွင်လည်းကောင်း၊ တက္ကသိုလ်
ကျောင်းသုံး မြန်မာဘာသာပြန် စာအုပ်များ 
ပြန်ဆိုရာတွင်လည်းကောင်း ပါဝင်ဆောင်ရွက်သည်။

⭐ ၁၉၅၅ - ၅၆ ပညာသင်နှစ်တွင် ဗြိတိသျှကောင်စီ
ပညာသင်ဆုရ၍ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့်
အာဖရိက ဘာသာရပ်များ လေ့လာရေးကျောင်း၌
'အဘိဓာန်ပညာ' ကို လေ့လာဆည်းပူးသည်။ ထိုသို့
ပညာသင်ယူနေရင်း ပါမောက္ခဒေါက်တာလှဘေ
ဦးစီးပြုစုသော မြန်မာအဘိဓာန်လုပ်ငန်းတွင် ကူညီ
လုပ်ကိုင်သည်။ နိုင်ငံခြားပညာတော်သင်ခရီးမှ 
ပြန်ရောက်လာသောအခါ တက္ကသိုလ်ဘာသာပြန်နှင့်
စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက်စာတည်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သည်။ 

⭐ ၁၉၅၈ ခုနှစ်တွင် ဇနီးဖြစ်သူ ငွေတာရီ ကွယ်လွန်သည်။

⭐ ၁၉၆၀ ပြည့်နှစ်တွင် လက်ထောက်စာတည်း
အလုပ်မှ နုတ်ထွက်ကာ ကွယ်လွန်သူငွေတာရီအထိမ်းအမှတ်အဖြစ် 'ငွေတာရီမဂ္ဂဇင်း' ကို တည်ထောင်၍ တာဝန်ခံအယ်ဒီတာ
အဖြစ် ဆောင်ရွက်သည်။

⭐ ၁၉၆၁ ခုနှစ်တွင် ငွေတာရီမဂ္ဂဇင်းကို 
မြဝတီစာပေတိုက် (ပြန်ကြားရေးဝန်ကြီးဌာန၊ 
စာနယ်ဇင်းကော်ပိုရေးရှင်း) သို့ လွှဲပြောင်းပေးအပ်ပြီး
ငွေတာရီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်ပင်
ဆက်လက်ထမ်းဆောင်သည်။

⭐ ၁၉၆၈ ခုနှစ်တွင် မြဝတီစာပေတိုက်၏
အယ်ဒီတာချုပ်အဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရပြီး
၁၉၇၉ ခုနှစ်တွင် အငြိမ်းစားယူသည်။

⭐ ၁၉၈၄ ခုနှစ်တွင် စတင်ထုတ်ဝေသော မြတ်မင်္ဂလာ
စာစောင်၊ ၁၉၈၈ ခုနှစ်တွင် စတင်ထုတ်ဝေသော 
မင်္ဂလာမောင်မယ် ကျောင်းသားလူငယ်စာစောင်တို့၌ 
အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက် 
ခဲ့သည်။

⭐ ဆရာကြီးသည် အသက် ၁၇ နှစ်မှစ၍ 
ကွယ်လွန်ချိန်အထိ စာပေများကို ရေးသားခဲ့သည်။
ကလောင်ရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး
ဆရာကြီး၏ နောက်ဆုံးလက်ရာမှာ 'ချယ်ရီမြေ
မောင်တင်ထွန်း (မြန်မာစာချစ်သော ဂေါ်ရခါး)' 
ဖြစ်သည်။ 

⭐ ၁၉၅၄ ခုနှစ်တွင် 'ကမ္ဘာကျော်အီစွတ်ပုံပြင်များ'
စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်ဆု (ယခုခေတ်အခေါ် အမျိုးသားစာပေ ဘာသာပြန်ဆု)၊ 

၁၉၇၂ ခုနှစ်တွင် 'ရေခပ်ချိန် ကဗျာများ' စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ 

၂၀၁၃ ခုနှစ်တွင် 'သီတဂူဆရာတော်ကြီး 
အရှင်ဉာဏိဿရ၏ ဘဝဖြစ်စဉ်အကျဉ်း' စာအုပ်ဖြင့်
ဓမ္မဗိမာန်စာပေဆု၊ ဆန်းလွင်စာပေဆု၊ ဓမ္မာစရိယ
ဦးအေးနိုင်စာပေဆုများ ရရှိသည်။

⭐ တက္ကသိုလ်တင်မောင်ထွေးက နတ်ရေကန် 
ရွှေစောင်းစာပေဆု (၂၀၀၅)၊ 

ဓမ္မဗိမာန်က တစ်သက်တာ ဓမ္မစာပေဆု (၂၀၀၆)၊

ဒေါက်တာတင်ထွန်းဦး စီစဉ်သော သုတစွယ်စုံက 
သုတစွယ်စုံ တစ်သက်တာ စာပေဆု (၂၀၁၁)၊

နိုင်ငံတော်က အမျိုးသားစာပေတစ်သက်တာဆု (၂၀၁၂)၊

ဆရာဝန်တင်ရွှေစာပေက ဆရာဝန်တင်ရွှေ 
တစ်သက်တာ စာပေဂုဏ်ထူးဆောင်ဆု (၂၀၁၆) 
တို့ကို ဆရာကြီးအား ပေးအပ်ချီးမြှင့်သည်။ 

⭐ သုတရသနှစ်ဖြာသော စာပေအမွေတို့ကို 
ပေးဝေသူ ဆရာကြီးမင်းယုဝေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၊ ကြာသပတေးနေ့တွင်
ကွယ်လွန်သည်။

ဂါရဝဖြင့်
????????????

ဖြိုးသီဟကျော်
၂၉၊ ၇၊ ၂၀၂၁



Reference from: facebook

Written Books