Book Image
မောင်ပုဆိုးကြမ်း
မောင်ပုဆိုးကြမ်း
????????????????????????
မြန်မာမှု သုတပဒေသာ စာပေအမွေ ပေးဝေသူ

ပုဆိုးကြမ်း၊ မောင် (၁၉၄၃ - ၂၀၂၁)

???? ဆရာကြီးမောင်ပုဆိုးကြမ်းကို ၁၉၄၃ ခုနှစ်၊ 
မေလ ၂၁ ရက်၊ သောကြာနေ့တွင် ရှမ်းပြည်နယ်၊ 
တောင်ကြီးမြို့၌ ဖွားမြင်သည်။

???? ဖခင် ဦးစောလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းရွာက 
ဗမာတိုင်းရင်းသားဖြစ်ပြီး မိခင် ဒေါ် အေးမေမှာ 
လွိုင်ကော်မြို့က ကယားတိုင်းရင်းသူ ဖြစ်သည်။

???? တောင်ကြီးမြို့ဇာတိဖြစ်သော်လည်း 
မိခင်ဇာတိလွိုင်ကော်မြို့၌ ကြီးပြင်းသည်။

???? အမည်ရင်းမှာ ဦးသိန်းတန်ဖြစ်သည်။

???? ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ 
ဝိဇ္ဇာဘွဲ့ (B.A.) ရရှိသည်။

???? စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး 
ဝန်ကြီးဌာနတွင် ဦးစီးအရာရှိအဖြစ် 
တာဝန်ထမ်းဆောင်ခဲ့သည်။ 

???? ၁၉၇၀ ပြည့်နှစ်၊ ဇွန်လမှစ၍ 'မောင်ပုဆိုးကြမ်း'
ကလောင်အမည်ဖြင့် ဗိုလ်တထောင်သတင်းစာတွင်
ဆောင်းပါးများ ရေးသားသည်။

???? ၁၉၇၉ ခုနှစ်တွင် 'ရှေးခေတ်မြန်မာ့
အဝတ်အထည်များ' စာမူဖြင့် စာပေဗိမာန်စာမူဆု
(သုတပဒေသာ၊ ဝိဇ္ဇာ) ဒုတိယ ရရှိသည်။

???? ကနောင်မင်းသား (၁၉၇၇)၊ မော်လမြိုင်
မဟာမြတ်မုနိဆုတောင်းပြည့်ဘုရားသမိုင်း (၁၉၉၆)၊
ပင်နီချောနှင့် ယောလုံချည် (၂၀၀၆)၊ မန္တလေးတောင်
ရသေ့ကြီး ဦးခန္တီ (၂၀၀၆)၊ တိုင်းရင်းသားလူမျိုးများ
အဘိဓာန် (၂၀၁၄) စသည်တို့ကို ရေးသားပြုစု
ထုတ်ဝေခဲ့သည်။ 'ဖားစည်'၊ 'ကယန်းတိုင်းရင်းသားများ
၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ' အမည်ရှိ စာမူ
၂ စောင်ကို ရေးသားပြုစုပြီးသော်လည်း စာအုပ်အဖြစ်
ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။

???? The Commerce ဂျာနယ်တွင် အမှုဆောင်
စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။

???? မြန်မာမှု သုတပဒေသာ စာပေအမွေ  ပေးဝေသူ 
ဆရာကြီးမောင်ပုဆိုးကြမ်းသည် ၂၀၂၁ ခုနှစ်၊ 
ဇူလိုင်လ ၂၇ ရက်၊ အင်္ဂါနေ့တွင် ကွယ်လွန်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၂၈၊ ၇၊ ၂၀၂၁

*မွေးသက္ကရာဇ်နှင့် မိဘအမည်ကို 
ဆရာ ရာပြည့်ဦးစိုးညွန့်က ကျေးဇူးပြုပါသည်။



Reference from: facebook

Written Books