Book Image
မိုးမိတ်မင်းရည်
မိုးမိတ်မင်းရည်
????????????????????
ကျေးလက်တေး စာပေအမွေ ပေး‌ဝေသူ

မင်းရည်၊ မိုးမိတ် (၁၉၃၀ - ၂၀၂၁)

???? မိုးမိတ်မင်းရည် (ဆရာကြီးဦးကြည်မောင်) ကို 
အဖ ဦးသာဗြော၊ အမိ ဒေါ်ရွှေမှုံတို့က ၁၉၃၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်သည်။

???? ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ဇာတိ ဖြစ်သည်။

???? ငယ်စဉ်က မိုးမိတ်မြို့၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ
အထက်တန်းကျောင်း၌ ပညာသင်ယူပြီး ၁၉၄၉ ခုနှစ်တွင် 
အစိုးရစစ် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ (S.L.C) ကို အောင်မြင်သည်။

???? ၁၉၅၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို
မန္တလေးမြို့၊ တိုင်းချစ် အလွတ်ပညာသင်ကျောင်းမှ
ဖြေဆိုအောင်မြင်သည်။

???? တက္ကသိုလ်ပညာကို ဆက်လက်လေ့လာသင်ယူရာ
၁၉၅၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A.) 
ကိုလည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဝိဇ္ဇာဘွဲ့ (B.Ed.) ကိုလည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (M.A.) ကိုလည်းကောင်း ရရှိသည်။

???? ၁၉၅၇ - ၅၈ ပညာသင်နှစ်မှစ၍ မန္တလေးတက္ကသိုလ်၊ မြန်မာစာဌာန၌ နည်းပြဆရာအဖြစ် စတင် အမှုထမ်းသည်။

???? ၁၉၇၂ - ၇၃ ပညာသင်နှစ်မှစ၍ မြစ်ကြီးနား
ကောလိပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် အငြိမ်းစားယူသည်။

???? ၂၀၂၀ ပြည့်နှစ်တွင် ဆရာကြီး၏ 'မြန်မာ့ရိုးရာ ဘဝသရုပ်ဖော် အညာ ကောက်စိုက်သီချင်းများ' စာအုပ်ကို နှစ်ကာလများစာပေက ပထမအကြိမ် ထုတ်ဝေသည်။ 

???? ထိုစာအုပ်တွင် ဒေါက်တာတိုးလှက "ဆရာမိုးမိတ်မင်းရည်က မျိုးဆက်သစ်များကို ကျေးလက်တေး စာပေအမွေကောင်း ပေးနိုင်ခဲ့သဖြင့် စေတနာကို လေးစားမိ၏။ နောက်ဆုံးပိတ်မို့ ဆရာက အိတ်ပြည့်လွယ်နိုင်ခဲ့ပြီတည်း။ ကျေးလက်ကောက်စိုက်တေးများကို အမွေပေးသွားနိုင်ခဲ့သော ဆရာမိုးမိတ်မင်းရည်ကို ကျေးဇူးအထူးပင် တင်ထိုက်လှ၏။ ကျေးဇူးတင်ကြမည်လည်း အမှန်ဖြစ်သည်" ဟု အမှာစာရေး၍ ကျေးဇူးစကား ဆိုထားသည်။

???? ကျေးလက်တေး စာပေအမွေ ပေးဝေသူ ဆရာကြီးဦးကြည်မောင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ တနင်္လာနေ့တွင် ကွယ်လွန်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၂၇၊ ၇၊ ၂၀၂၁



Reference from: facebook

Written Books