Book Image
ကိုငြိမ်း( မန္တလေး)
ကိုငြိမ်း( မန္တလေး)
အမည်ရင်း   ဦးလှကို
၁၉၄၄ခုနှစ်၊ဇွန်လ ၈ရက်နေ့၊မန္တလေးမြို့တွင်ဦးဟံသာ၊ဒေါ်ဘီတို့မှမွေးဖွား။
၁၉၆၅ခုနှစ်အောက်တိုဘာလထုတ်နှစ်ကျပ်တန်ငွေတာရီပုဂ္ဂလိကမဂ္ဂဇင်းတွင် ပစ္စည်းမဲ့တော်လှန်ရေး ကဗျာဖြင့်စာပေနယ်သို့စတင်ဝင်ရောက်ခဲ့။ ၁၉၆၅ခုနှစ်ဝန်းကျင်တွင်နှစ်ကျပ်တန်ရှုမဝရုပ်စုံမဂ္ဂဇင်း၊ငွေတာရီမဂ္ဂဇင်း၊လူထုသတင်းစာကဗျာကဏ္ဍ၊လျှို့ဝှက်သည်းဖိုမဂ္ဂ
ဇင်းနှင့်နောင်တွင်မိုးဝေမဂ္ဂဇင်းဖြစ်လာမည့်ဆရာမိုးဝေ၏စုံထောက်မဂ္ဂဇင်းတွင်နယ်ချဲ့ဆန့်ကျင်ရေးကဗျာများရေးသားခဲ့။
၁၉၆၆ခုနှစ်တွင် အာရှ-အာဖရိကသွေးစည်းညီညွတ်ရေးကော်မတီ(ဗမာနိုင်ငံ)နှင့်ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(ဗမာနိုင်ငံ)တို့မှဖိတ်ခေါ်သောဗီယက်နမ်နှင့်သွေး
စည်းညီညွတ်ရေးဆန္ဒတင်ပြပွဲသို့မောင်ငြိမ်းအေး(မန္တ
လေး)ကလောင်အမည်ဖြင့်နယ်ချဲ့ဆန့်ကျင်ရေးကဗျာများပေးပို့ခဲ့။
၁၉၉၀ခုနှစ်တွင်နွေရောင်ကောင်းကင်ကဗျာပေါင်းချုပ်
ကိုဆရာမောင်သင်းပန်နှင့်တွဲ၍ မန္တလေးထီးပေါင်းကားစာအုပ်တိုက်ကထုတ်ဝေခဲ့။
၂၀၀၂တွင်အိပ်မက်သုံးဆင့် ဝတ္ထုတိုပေါင်းချုပ်၊၂၀၀၅
တွင်စက်ဘီးမန္တလေးဝတ္ထုတိုပေါင်းချုပ်၊၂၀၀၇တွင်မြင်းတယောဝတ္ထုတိုပေါင်းချုပ်၊၂၀၀၉တွင်မခူးဖြစ်သောစပျစ်သီးလေးများအက်ဆေးများ၊၂၀၁၄ခုနှစ်ဇွန်လ ၈
ရက်နေ့တွင် အသက် ၇၀ပြည့်မွေးနေ့အမှတ်တရ ဘုရားသခင်၏ဒုတိယအမည် အမေကဗျာ ၇၁ပုဒ်၊၂၀၁၅တွင်ကိုယ်တိုင်ရေးဖဲချပ်များအတ္ထုပ္ပတ္တိကဗျာရှည်၊၂၀၁၈တွင်အမေ့ခံမန္တလေးလုံးချင်းဝတ္ထု တို့ကိုထုတ်ဝေခဲ့။
၂၀၁၉ခုနှစ် မတ်လ ၂၆ရက် ၊နေ့လယ် ၂း၃၀တွင်နေအိမ်၌ကွယ်လွန်။
ဒေါ်မြမူ+ဒေါ်ရီရီစိုးတို့၏ခင်ပွန်း
သီတာကို၊ဝင်းမင်းကို၊ဖြူပြာကို၊အိအိကိုတို့၏ဖခင်။
မြေး ၁၁ယောက်တို့၏အဖိုး။
                       မူရင်း။။   ဆရာစိုးဘားဒိုင်

Reference from: Facebook

Written Books