Book Image
ကာတွန်းဦးဟိန်စွန်း
ကာတွန်းဦးဟိန်စွန်း (၁၉၀၂ - ၁၉၈၇)

ကာတွန်းဦးဟိန်စွန်းကို အဖဦးဟုတ်ကန် အမိဒေါ်မြ တို့မှ ၁၉၀၂ခုနှစ် ဒီဇင်ဘာလ၂၉ ရက်နေ့တွင်
မော်လမြိုင် မြို့၌မွေးဖွားခဲ့သည်။
ကာတွန်း ပညာကို ပန်းချီဦးဘဇော်နှင့်ကာတွန်း
ရွှေတလေးတို့ထံမှ လေ့လာသင်ယူခဲ့သည်။

၁၉၁၉ခုနှစ် ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းသား
ဘဝ၌ မြန်မာတပြည်လုံးဆိုင်ရာကျောင်းပေါင်းစုံပန်းချီပြိုင်ပွဲတွင် ပထမဆုရခဲ့သည်။
၁၉၂၃ခုနှစ် ရန်ကုန်တိုင်းအင်္ဂလိပ်သတင်းစာ
ကာတွန်းပြိုင်ပွဲတွင် ပထမဆု ငွေသုံးဆယ်ကျပ်
ရခဲ့သည်။

၁၉၂၃ခုနှစ်တွင် ဗားမားဘွိုင်စာစောင်တွင် ကာတွန်း စတင်ရေးဆွဲခဲ့သည်။ ၁၉၂၉ခုနှစ်တွင်
ဗန္တုလရုပ်ရှင်မှ ဦးကလိန် ကာတွန်းရုပ်ရှင်ကို
မြန်မာပြည် တွင်ပထမဦးရေးဆွဲ ရိုက်ကူးတင်ပြ
ခဲ့သည်။ ကာတွန်းဦးဘဂျမ်းနှင့်တွဲ ၍ ၁၉၃၄ခုနှစ်
တွင် ကြက်တောင်ကွ နှင့်၁၉၃၅ခုနှစ်တွင်အသူရာ
စသည့်ကာတွန်းရုပ်ရှင်ကို ရေးဆွဲရိုက်ကူးခဲ့သည်
 အကြံပိုင်သော ငခွေး၊ ခေါင်းမာသောကာတွန်းဆရာ စသည့်ဇာတ်ကောင်များမှာ ထင်ရှားခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး စာမဲ့ကာတွန်း
ဆရာကြီးနှင့် ကာတွန်းရုပ်ရှင်ဖခင်ကြီးလည်းဖြစ်သည်။

၁၉၈၇ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ အသက် ၈၅နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။



Reference from: facebook

Written Books