Book Image
ခတ္တာခင်
ခတ္တာခင်ကို ၁၅.၈.၁၉၉၂ခုနှစ်၊ ဦးမြင့်အောင်+ဒေါ်ခင်သန့်ရွှေတို့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀၀၈ခုနှစ်တွင် အောင်မြင်ခဲ့သည်။ 2015ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာ ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး 2016ခုနှစ်တွင် "သရေခေတ္တရာမှ အုတ်ခွက်ဘုရားများကို လေ့လာခြင်း" စာတမ်းဖြင့် မဟာသုတေသနဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ 2019ခုနှစ်တွင် ပါရဂူဘွဲ့ကြို တက်ခဲ့ရောက်ခဲ့သည်။ 

တောင်ကုတ်မြို့နယ်မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ Faces မဂ္ဂဇင်းနှင့် မဂ္ဂဇင်းအချို့တို့တွင် ဝတ္တုတို၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့် "ငေးရင်း ဝေးကျန်ရစ်တဲ့ ကမ္ဘာ"ကို မဟာစာပေမှ ၂၀၂၀ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် "အနောက်အရပ်ဆီမှာ ငို"၊ "မြက်ခင်းပြင် အလွတ်" ၊ "ထုံးဆက်လက်ကျန်"စသည့် ဝတ္တုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္တုတို၊ ဝတ္တုရှည်များ ရေးသားဖန်တီးလျက်ရှိသည်။

Reference from: facebook

Written Books