Book Image
ကန္တာရရမိုးစက်
ကန္တာရမိုးစက်
ကဗျာဆရာ/စာရေးဆရာ 

ကန္တာရမိုးစက်(၁၉၈၉ဖွား)သည် ရန်ကုန်ဇာတိ၊ကဗျာရေးသူ စာရေးသူတစ်ယောက်ဖြစ်သည်။နာမည်အရင်းမှာ သန့်စင်ဦးဖြစ်သည်။အင်ဂျင်နီယာပညာရပ်ကို ဆက်မလက်မဆည်းပူးဘဲ တပိုင်းတစနဲ့ရပ်ထားခဲ့သူဖြစ်သည်။ ၂၀၁၅မှစ၍ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ကဗျာစီးရီးများစွာကို ပြန်လည်ရေးသားခဲ့ပြီး၊၂၀၂၃ထိ စာအုပ် ၁၁အုပ် ထုတ်ဝေဖြန့်ချိပြီးဖြစ်လေသည်။ 

၂၀၀၇ခုနှစ်တွင်  စုန်းမြူးတဲ့ည ဆိုသည့်ကဗျာနဲ့ ဖက်ရှင်မဂ္ဂဇင်းတွင် ပထမဆုံးဖော်ပြခံရပြီး ကဗျာလောကထဲ စတင်ရောက်ရှိခဲ့သည်။ပထမဆုံးထွက်ရှိခဲ့တဲ့စာအုပ်မှာ ၂၀၁၁တွင်ထွက်ရှိခဲ့သည့် "ပြဇာတ်ထဲကငှက်ကလေးတွေ ထပျံလို့"အမည်နဲ့ ထုတ်ဝေခဲ့တဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်ဖြစ်ပါသည်။ 

ကဗျာစာအုပ်အနေနံ့ ပထမဆုံးထွက်ထားသောစာအုပ်အမည်မှာ ''သတ်သေသူ''ဟုအမည်နဲ့ ၂၀၁၆တွင် ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပြီး၊''ကဗျာခံစားမှု'' ဆိုသည့် ကဗျာလေ့လာချက်များကိုရေးသားထုတ်ဝေဖြစ်ခဲ့သည်။စမ်းသပ်ကဗျာများ၊ကဗျာဆောင်းပါးလေ့လာချက်၊conceptual အရေးအသားအချို့နဲ့ speculative အရေးအသားအချို့ ကိုရေးသားလေ့ရှိပါသည်။free will ကိုအခြေပြု လွတ်လပ်စွာရေးသားသည့် associate ရေးဟန်ကိုအဓိကထားပြုတာတွေ့ရသည်။မေမြို့မှာ စာအုပ်အရောင်းဆိုင်ဖွင့်လှစ်ထားခဲ့ဖူးပြီး၊မြက်ခင်းစာပေ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးသည်။ 

သူ၏ "ညနေကြယ်"ကဗျာကို နိုင်ငံ၂၁နိုင်ငံ အထိ ဘာသာပြန်ပါရှိခဲ့ပြီး၊ပြင်သစ်ယဥ်ကျေးမှုငှာနက ထုတ်ဝေသော"၂၁ရာစုမော်ဒန်ကဗျာဆရာများ အမှတ်တရ" စာအုပ်၊ဂျပန်အနုပညာမဂ္ဂဇင်းတစ်ခုတွင် သူ့ကဗျာဘဝအကြောင်း ဖော်ပြခံရဖူးခဲ့သည်။ 

▪️ကန္တာရမိုးစက်၏ ထုတ်ဝေခဲ့ပြီးသား စာအုပ်များ 

၁)ပြဇာတ်ထဲကငှက်ကလေးတွေထပျံလို့(ဝတ္ထုတိုများ) - ၂၀၁၁ သင်းစာပေ
၂)အမှောင်ခြစ်ရာများ(အက်ဆေးများ)-၂၀၁၁ UG
၃)သတ်သေသူ (ကဗျာ)-၂၀၁၆ ကျော်မွှေး
၄)ကွန်ပျူတာသစ္စာ (ကဗျာ)-၂၀၁၇ ဝါးလည်
၅)ခမ်းဖတ်ဖို့ကဗျာ (ကဗျာ)-၂၀၁၈ ကျော်မွှေး
၆)စက်ရုပ်(ကဗျာ)-၂၀၁၈ ရီနေးဆန််
၇)ချောကလက်ဝေဖာ (ကဗျာ)-၂၀၁၈ ဆိပ်ကမ်းသာ
၈)စုန်းမတီဗွီ (ကဗျာ)-၂၀၁၈ မြက်ခင်း
၉) ကဗျာခံစားမှု (ကဗျာလေ့လာချက်များ) -၂၀၂၁ မြက်ခင်း
၁၀) အန္ဓ (နိုင်ငံရပ်ခြားကဗျာ ဘာသာပြန်)- ၂၀၂၁ ebook 
၁၁) မြစ်အိပ်ရာ (နှစ်ယောက်တွဲ ကဗျာ)- ၂၀၂၁ ebook
၁၂) ရေဘဝဲမြို့ကလူများ (ကဗျာ) -၂၀၂၁ e book
၁၃) ပင်လယ်လူသားနဲ့ ဝတ္ထုတိုများ (ဝတ္ထုတိုများ)-၂၀၂၁ ebook
၁၄)ဘုံများရဲ့နဂ္ဂတစ်မာကတ်တင်း (trilabolation project) -၂၀၂၁ ebook
၁၅)ကဗျာမှတ်ဥာဏ်အချို့(ကဗျာဆိုင်ရာအက်ဆေးများ) - ၂၀၂၁ ebook
၁၆) တိုကျိုမြို့သားများနဲ့ ပျော်ရွှင်ဖွယ်ရာဆက်ဆံရေး (ကဗျာ)- ၂၀၂၂ မြက်ခင်း
၁၇)ဆင်ဖိုနီနေ့များ (စကားပြေကဗျာ)- ၂၀၂၂ ebook
၁၈)တဲရော့ကဗျာ (ကဗျာ) - ၂၀၂၃ ebook 
၁၉)Sleeping Hotel (poems) -၂၀၂၃ ebook
၂၀)ရေဘဝဲမြို့ကလူများ(ကဗျာနဲ့ဒဿန) အောင်သူရ ကန္တာရမိုးစက် - ၂၀၂၃ တိရဇ
၂၁)လီဂိုသိုးရဲ့သွေး (ကဗျာ) - ၂၀၂၃ ebook
၂၂)ဂျွန်အက်ရှ်ဘရီကဗျာများ(ဘာသာပြန်) - ၂၀၂၃ ebook

Reference from: facebook

Written Books