Book Image
ဦးလှဝင်း(လေသူရဲတစ်ဦး)

အမည်ရင်းမှာ ဦးလှဝင်းဖြစ်သည်။ အဖ ဦးဘတင် ၊ အမိ ဒေါ်မြစ်တို့မှ ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်ခဲ့သည်။ မော်လမြိုင်မြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းတွင် ကိုးတန်းအောင်မြင်ပြီးနောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုတွင် ကျောက်မြောင်းအစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၈ ခုတွင် မေမြို့ (ပြင်ဦးလွင်မြို့) အမှတ် ၄ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းသို့ ဗိုလ်လောင်းအဖြစ် တက်ရောက်ပညာသင်ခဲ့ရာ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။ ဗမာ့တပ်မတော် (လေတပ်)တွင် ဗိုလ်အဖြစ် ခန့်ထားခြင်း ခံရပြီး လေယာဉ်မှူးသင်တန်းသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသည်။


၁၉၆၇ ခုတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)တွင် စစ်ဦးစီးမှူး (တတိယတန်း)သုတေသနအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဖန် မြန်မာ့သတင်းစဉ် (ပြည်တွင်း)သို့ အထူးအရာရှိ ၊ အုပ်ချုပ်ရေးမှူးအချုပ် စသည်ဖြင့် ပြောင်းရွှေ့ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုမှစ၍ မြဝတီ ၊ သွေးသောက် စသည့်မဂ္ဂဇင်းများတွင် ဝတ်ထုတိုများ စတင်ရေးသား၍ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ လေသူရဲတစ်ဦး ကလောင်အမည်အပြင် ဦးလှဝင်း (လေသူရဲတစ်ဦး)ဖြင့်လည်း ရေးသားခဲ့သည်။


ထို့နောက် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ စာတည်းဌာနတွင် လက်ထောက်စာတည်းအဖြစ် တာဝန်ထမ်းဆောင်ရင်း စာပေများကို ဆက်လက်ရေးသားခဲ့သည်။ ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များအနက် သန်းခေါင်ယံခရီးသည်နှင့် ကိုယ်တွေ့ လေကြောင်းဝတ္ထုများ အရုဏ်နှင့် ဆည်းဆာ၊ ကျွန်တော် ရတနာကုန်သည် ၊ တရုတ်ဖြူလေယာဉ်ပစ်ချခဲ့စဉ်က ၊ မုန်တိုင်းနှင့် သစ္စာ ၊ အညိုတို့ ပတ္တမြားမြေ ၊ ငလျင်ဗုံးကြဲခဲ့စဉ်က ၊ ပါပီလွန် ၊ ဗင်ကို ၊ ရွှေဘုံသာလမ်းပေါ်မှာ ၊ မြန်မာပြည်လေကြောင်းတိုက်ပွဲ ၊ ရတနာ၏ လျှို့ဝှက်ချက်များ ၊ လေကြောင်းပညာသိချင်စရာ ၊ ကျွန်တော်နှင့်ရတနာများ ၊ ရတနာကုန်သည်သုံး ကျောက်မျက်အဘိဓာန်၊ ကျွန်တော် ပန်းချီကုန်သည် စာအုပ်များမှာ ထင်ရှားသည်။


Reference from: wikipedia

Written Books

Book Review Image

ရေစုန်နှင့်ရေဆန်

ဦးလှဝင်း(လေသူရဲတစ်ဦး)