Book Image
မောင်ခင်မင်(ဓနုဖြု)

၁၉၄၂ - ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က ဖွားမြင်သည်။ အမည်ရင်း ဦးခင်အေးဖြစ်သည်။

၁၉၅၄ - ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်။

၁၉၅၇ - သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရ။ စာနယ်ဇင်းများတွင် ဆောင်းပါးများစရေး။

၁၉၅၉ - တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အတန်းတိုင်း၌ ထူးချွန်စွာအောင်မြင်ခဲ့။

၁၉၆၃ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အထွေထွေဂုဏ်ထူး)ရရှိ။ ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၉ - မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး)ရရှိခဲ့။

၁၉၇၉ - စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ထွက်ရှိ။

၁၉၈ဝ - စကားပြေအဖွဲ့ပုံစံများနှင့် ဘာသာပြန်လေ့လာချက်။ ရုံးသုံးမြန်မာစာ၊ ပြည်သူ့အတွက် မြန်မာ စကားပြေ စသောစာအုပ်များထွက်။

၁၉၈၅ - မြန်မာစာပေသမိုင်း(အခြေခံပညာအထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ပြုစု။

၁၉၈၇ - စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိခဲ့။

၁၉၉ဝ - မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာစာအုပ်ထွက်ရှိ။

၁၉၉၂ - မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင် စာအုပ်ထွက်။ စာစီစာကုံးသင်ကြား ရေး၊ လမ်းမပျောက်ပါ စသောစာအုပ်များဆက်ထွက်။

၁၉၉၃ - စန္ဒာမုနိသွန်းစက်တော်၏ ရာပြည့်ခရီးစာအုပ်ထွက်။

၁၉၉၄ - အခြေခံအထက်တန်းအဆင့် စကားပြေသင်ကြားရေး စာအုပ်ထွက်။

၁၉၉၅ - ကဗျာသဘောတရားနှင့် ကဗျာလေ့လာနည်း စာအုပ်ထွက်။

၁၉၉၆ - နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့်လက်တွေ့အရေးအသား( ဦးသန်းထွဋ်နှင့်ပူးတွဲ) ပြုစု။

၁၉၉၇ - မေတ္တာနှလုံးသား ပုံရိပ်များ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ စသော စာအုပ်များထွက်။

၁၉၉၇ - ၉၉ - တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့။

၂၀၀ဝ - တစ်သံ နှစ်သံ သုံးလေးသံ စာအုပ်ထွက်။

၂၀၀၁ - သုတေသနလက်စွဲစာအုပ်ထွက်။

၂၀၀၂ - အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor Of Letters(Honoris Causa) ကိုချီးမြှင့်အပ်နှင်းခြင်း ခံရ။ နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိ။

၂၀၀၃ - ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာ ရသစာပေဆွေးနွေးပွဲတွင် MyanMa Post-colonial Literature စာတမ်းကို ဖတ်ကြားခဲ့။ စာဆိုဘဝ၊ စာဆိုတော်-စာဆိုလက်ရာ စာအုပ်ထွက်။

၂၀၀၄ - ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၌ AUNကကျင်းပသော ဘာသာစကားသင်ကြားရေး ဆွေးနွေးပွဲတွင် Some Phonological Problem in Teacher Myanma or a Foreign Language in Foreigners စာတမ်းဖတ်ကြားခဲ့။ အတ္ထဗေဒနိဒါန်း၊ တပည့်နှင့်ဆရာ-ဆရာနှင့်တပည့်၊ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း စသောစာအုပ်များ ထွက်။

၂၀၀၅ - သက်တံရောင်စုံဘာသာစကား၊ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီ ရသစာတမ်းများ စသောစာအုပ်များထွက်။

ဆရာမောင်ခင်မင်(ဓနုဖြူ)သည် ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗိမာန်စာတမ်း ဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့သည်။

ယခုအခါ-ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်လျှက်ရှိသည်။

  • မောင်ခင်မင်(ဓနုဖြူ)စာစုစာရင်း



၁။စကားပြေသဘောတရား စကားပြေအတတ်ပညာ(၁၉၇၉)
၂။ စကားပြေအဖွဲ့ပုံစံများနှင့် ဘာသာပြန်လေ့လာချက်(၁၉၈၀)
၃။ ရုံးသုံးမြန်မာစာ(၁၉၈၀)
၄။ မြန်မာစာပေသမိုင်း(၁၉၈၄)
၅။ ပြည်သူ့အတွက်မြန်မာစကားပြေ(၁၉၈၅)
၆။ မြန်မာစကားမြန်မာစာရုပ်ပုံလွှာ(၁၉၉၀)
၇။ မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင်(၁၉၉၂)
၈။ စာစီစာကုံးသင်ကြားရေး(၁၉၉၂)
၉။ လမ်းမပျောက်ပါ(၁၉၉၂)
၁၀။ စန္ဒာမုနိသွန်းစက်တော်ရာပြည့်ခရီး(၁၉၉၃)
၁၁။ အခြေခံပညာအထက်တန်းအဆင့်စကားပြေသင်ကြားရေး(၁၉၉၄)
၁၂။ ကဗျာသဘောတရားနှင့်ကဗျာလေ့လာနည်း(၁၉၉၄)
၁၃။ မေတ္တာနှလုံးသားပုံရိပ်များ(၁၉၉၇)
၁၄။ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း(၁၉၉၇)
၁၅။ စကားသမုဒ်ဒရာ စာသမုဒ်ဒရာ(၁၉၉၇)
၁၆။ သုတေသနလက်စွဲ(၂၀၀၀)
၁၇။ တစ်သံ နှစ်သံ သုံးလေးသံ(၂၀၀၁)
၁၈။ နှစ်လေးဆယ်ဘဝမှတ်တိုင်များ(၂၀၀၂)
၁၉။ ငယ်ပေါင်းကြီးဖော်မြန်မာစာ(၂၀၀၃)
၂၀။ စာဆို့ဘဝ စာဆို့စေတနာ စာဆို့လက်ရာ(၂၀၀၃)
၂၁။ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း(၂၀၀၄)
၂၂။ အတ္ထဗေဒနိဒါန်း(၂၀၀၄)
၂၃။ ဆရာနှင့်တပည့် တပည့်နှင့်ဆရာ(၂၀၀၄)
၂၄။ သက်တံရောင်စုံဘာသာစကား(၂၀၀၅)
၂၅။ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီရသစာတမ်းများ(၂၀၀၅)
၂၆။ လူ့ပြည်မှာ အနေရဲစေဖို့(၂၀၀၆)
၂၇။ ရှေ့ရထား နောက်ရထား(၂၀၀၆)
၂၈။ ဇာတကပင်လယ်နှင့်ရာမာယဏကိုခြေရာခံခြင်း(၂၀၀၆)
၂၉။ စကား စာအလင်္ကာ(၂၀၀၆)
၃၀။ တိုက်ပုံအင်္ကျီနှင့်ဇနကမင်းကြီး(၂၀၀၇)
၃၁။ မွေးရပ်မြေအလွမ်း လက်ဆင့်ကမ်းအမွေ(၂၀၀၇)
၃၂။ နှစ်ဆယ်ရာစုစကားပြေဆရာများ(၂၀၀၇)
၃၃။ မိန်းမယောက်ျားထိုစကား(၂၀၀၈)
၃၄။ လူအမျိုးမျိုး ဘဝအထွေထွေ(၂၀၀၈)
၃၅။ စိတ်ဓာတ်အမွေခံ ပညာအမွေခံ(၂၀၀၈)
၃၆။ လပြည့်ဝန်းနှင့်ဆင်စွယ်ဘီးကလေး(၂၀၀၉)
၃၇။ အိုဆာကာခရီးသည်(၂၀၀၉)
၃၈။ သင်္ကေတဗေဒနိဒါန်း(၂၀၀၉)
၃၉။ ဘာသာအမြင်စာအမြင်(၂၀၀၉)
၄၀။ လမင်းနှင့်ပိုးစုန်းကြူး(၂၀၀၉)
၄၁။ ဂုဏ်၊ အလင်္ကာ၊ ရသသင်ကြားရေး(၂၀၀၉)
၄၂။ ကိုလိုနီခေတ်မြန်မာစာပေသမိုင်း(၂၀၁၀)
၄၃။ နှစ်တစ်ထောင်ခရီးကို ဖြတ်သန်းခဲ့သော ကျွန်တော်တို့ မြန်မာစာ(၂၀၁၀)
၄၄။ စာအုပ်များအကြောင်း ပြောဆိုပါမည်(၂၀၁၀)
၄၅။ လက်တွေ့ အတ္ထဗေဒနိဒါန်း(၂၀၁၀)
၄၆။ ချစ်သူများကို အဆုံးစီရင်ခြင်း(၂၀၁၀)
၄၇။ လူတိုင်းအတွက် အသုံးချမြန်မာစာ(၂၀၁၀)
၄၈။ ရင်ထဲမှာ လင်းလက်နေဆဲ ပန်းချီကားများ(၂၀၁၁)
၄၉။ လူငယ်အတွက် စကားအကြောင်းစာအကြောင်း(၂၀၁၁)
၅၀။ စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ(၂၀၁၁)
၅၁။ ရေးဟန်ပညာနိဒါန်း(၂၀၁၁)
၅၂။ ငါ မပိုသေးစိတ်ဓာတ်ဖြင့်(၂၀၁၂)
၅၃။ ရုံးသုံးမြန်မာစာရေးသားနည်း(၂၀၁၂)
၅၄။ ယနေ့လူငယ်များပိုင်ဆိုင်ရမည့် သော့တစ်ချောင်း(၂၀၁၂)
၅၅။ ဘာသာနှင့်စာပေ စာပေနှင့်ဘာသာ(၂၀၁၃)
၅၆။ နိုင်ငံခြားသားများအတွက် အခြေခံမြန်မာစကားမြန်မာစာ(၂၀၀၃)
၅၇။ ဘာသာစာပေ အသွေးအရောင် အဆင်အကွက်(၂၀၁၃)
၅၈။ မြန်မာစာကိုယ်ခံတည်ဆောက်ရေး(၂၀၁၃)
၅၉။ အင်တာဗျူး(၂၀၁၄)
၆၀။ အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ(၂၀၁၃)
၆၁။ ပညာနှလုံးသား(၂၀၁၄)
၆၂။ ယနေ့လူငယ်နှင့်မြန်မာစကားအပြောအဆို(၂၀၁၄)
၆၃။ ကျွန်တော့်ဆရာများ၊ ကျွန်တော့်ရေးဖော်များ
နှင့် သူတို့စာအုပ်များအကြောင်း တစေ့တစောင်း(၂၀၁၄)
၆၄။ မြန်မာစာပေခရီး(၂၀၁၄)
၆၅။ သိင်္ဂါလောဝါဒသုတ်လာကျင့်ဝတ်များ(၂၀၁၄)
၆၆။ သီချင်းနားထောင်သူတစ်ယောက်၏ ရင်ထဲကသီချင်းများအကြောင်း(၂၀၁၄)
၆၇။ နဝမနေဝန်း(၂၀၁၄)
၆၈။ လူငယ်တွေမေးကြတဲ့ ထွေထွေရာရာမြန်မာစာ(၂၀၁၄)
၆၉။ လူငယ်တွေ မေးကြတဲ့ ထွေထွေရာရာ
မြန်မာစာ ၂(၂၀၁၈)
၇၀။ နန္ဒိသေနပျို့ဖွင့်ဆိုချက်(၂၀၁၅)
၇၁။ မှတ်တမ်းဝင်ပုဂ္ဂိုလ်များ၏ အမှတ်ထင်ထင်ဖြစ်ရပ်များနှင့် မှတ်မှတ်ရရစကားများ(၂၀၁၅)
၇၂။ စိတ်ဘာသာဗေဒနိဒါန်း(၂၀၁၅)
၇၃။ မျက်နှာချင်းဆိုင် လမင်းမှာ ဆုံစို့ကွယ်မှသည် အင်တာနက်ချက်တင်အထိ ဘာသာစာပေဆောင်းပါးစု(၂၀၁၅)
၇၄။ ကလေးတို့ဖတ်စရာ ပျော်စရာဝတ္ထုနှင့်ကဗျာ(၂၀၁၅)
၇၅။ လမ်းခုလတ်မှာ အဝါကတ်ပြခံလိုက်ရခြင်း(၂၀၁၅)
၇၆။ ဥပစာကမ္ဘာကြီးထဲမှာ(၂၀၁၅)
၇၇။ ခေတ်အမျိုးမျိုးမှာ(၂၀၁၅)
၇၈။ တက္ကသိုလ်မြေ ခြေချခဲ့ရသော နေ့ကျောင်းသားတစ်ယောက်၏ အမှတ်တရများ(၂၀၁၅)
၇၉။ မြန်မာစကားနှင့် အပြောဟန်အရေးဟန်(၂၀၁၅)
၈၀။ ရေဒီယိုနားက တစ်ဖဝမှ မခွာသူတစ်ယောက်၏ ရင်ထဲက သီချင်းမျအကြောင်း(၂၀၁၆)
၈၁။ လူငယ်များအတွက် စာဆိုမိတ်ဆက် စာမိတ်ဆက်(၂၀၁၆)
၈၂။ အဘိဓာန်ပညာနိဒါန်း(၂၀၁၆)
၈၃။ မြင်သမျှလူ ပါရဂူတဲ့လား(၂၀၁၆)
၈၄။ မြန်မာစာပေနှစ်တစ်ထောင်ခရီး(၂၀၁၆)
၈၅။ မြန်မာစကားအကြောင်းတစေ့တစောင်း(၂၀၁၆)
၈၆။ အသက် ၇၆ စာအုပ် ၇၆ အုပ်(၂၀၁၆)
၈၇။ မြန်မာဓလေ့သုံးစကားများ(၂၀၁၆)
၈၈။ လေလှိုင်းထဲက မြန်မာစကားမြန်မာစာ(၂၀၁၆)
၈၉။ တက္ကသိုလ်ဝန်းကျင်ပုံရိပ်များနှင့်အတွေးများ(၂၀၁၇)
၉၀။ အမိတက္ကသိုလ်၏ရင်ခွင်မှာ(၂၀၁၇)
၉၁။ ရတနာပုံစကားဝိုင်း(၂၀၁၇)
၉၂။ မှတ်တမ်းဝင် ပုဂ္ဂိုလ်များ၏ အမှတ်ထင်ထင်ဖြစ်ရပ်များနှင့် မှတ်မှတ်ရရစကများ ဒုတိယတွဲ(၂၀၁၇)
၉၃။ မြန်မာရာမာယဏစာပေ(၂၀၁၇)
၉၄။ ဆယ့်နှစ်လရာသီ(၂၀၁၈)
၉၅။ နာမဝိသေသနဖြင့် အထူးပြုအပ်သော ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များ(၂၀၁၈)
၉၆။ မင်းသုဝဏ်ဋီကာ(၂၀၁၈)
၉၇။ လူ့ခန္ဓာနှင့်ဘာသာစကား(၂၀၁၈)
၉၈။ ဘာသာစာပေ သုတေသနစာတမ်းများ(၂၀၁၈)
၉၉။ လူငယ်နှင့်ရသ(၂၀၁၈)
၁၀၀။ ယနေ့လူငယ်နှင့်မြန်မာစာပေအလေ့အလာ(၂၀၁၉)
၁၀၁။ အသက်ဆက်ရှင်သန်မှုအတွက် ဘာသာစကားနှင့် မြန်မာစာထိန်းသိမ်းစောင့်ရှောက်ရေး(၂၀၁၉)
၁၀၂။ ဘာသာဗေဒဝေါဟာရများ(၂၀၁၉)
၁၀၃။ လူငယ်အကြောင်း ပညာအကြောင်း ဆရာအကြောင်း တစေ့တစောင်း(၂၀၁၉)
၁၀၄။ စာပေဆိုသောမိန်းကလေး(၂၀၁၉)
၁၀၅။ လွတ်လပ်ရေးရသည်မှ နှစ်လေးဆယ်(၂၀၁၉)
၁၀၆။ ပြည်ပပညာရှင်များနှင့် မြန်မစကား၊ မြန်မာစာ(၂၀၁၉)
၁၀၇။ ကိုယ့်အကြောင်း သူတို့အကြောင်း(၂၀၁၉)
၁၀၈။ ကွဲပြားစေဖို့ရာ မြန်မာစကားနဲ့မြန်မာစာ(၂၀၁၉)
၁၀၉။ ကလောင်တစ်ချောင်း၏အတ္ထုပ္ပတ္တိ(၂၀၂၀)
၁၁၀။ မြန်မာစာစကားဝိုင်း(၂၀၁၅)
၁၁၁။ မြန်မာစာစကားဝိုင်း-၂(၂၀၁၆)
၁၁၂။ မြန်မာစာစကားဝိုင်း-၃(၂၀၁၇)
၁၁၃။ မြန်မာစာစကားဝိုင်း-၄(၂၀၁၈)
၁၁၄။ မြန်မာသဒ္ဒါသင်ကြားရေး/မြန်မာစာစကားဝိုင်း-၅(၂၀၁၈)
၁၁၅။ မြန်မာစာစကားဝိုင်း-၆(၂၀၁၉)
၁၁၆။ စကားအကြောင်း စာအကြောင်း ကဗျာအလင်္ကာများအကြောင်း(၂၀၁၉)
၁၁၇။ ရင်ထဲက အမှတ်တရများ(၂၀၂၂)

ပူးတွဲ ပြုစုခဲ့သော စာအုပ်များ

၁။ မြန်မာစာပေသမိုင်း (အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ၁၉၈၅

၂။ နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့် လက်တွေ့ အရေးအသား (ဦးသန်းထွတ်နှင့် ပူးတွဲ) ၁၉၉၆

၃။ မြန်မာစကား၊ မြန်မာစာ (ဦးတင်ရွှေနှင့် ပူးတွဲ)

ထင်ရှားသော စာအုပ်အချို့

၁။စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ

၂။မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ

၃။မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင်

၄။မေတ္တာနှလုံးသားပုံရိပ်များ

၅။စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း

၆။စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ

၇။နှစ်လေးဆယ်ဘဝမှတ်တိုင်များ

၈။စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း

၉။မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီရသစာတမ်းများ

၁၀။နှစ်ဆယ်ရာစု စကားပြေဆရာများ။ [၁]

စာစုစာရင်း

https://www.facebook.com/100008517195671/posts/pfbid02yrQJJ7T2ezzrLjb2tEjCrtT4yhuV7VrGnUBZAHDnJM2s6dSJSV6oXvzZvkUe1E4gl/


ကိုးကား

  1. Jump up ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)

Reference from: wikipedia

Written Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ပြည်ပ ပညာရှင်များ နှင့် မြန်မာစကား၊ မြန်မာစာ

မောင်ခင်မင်(ဓနုဖြု)