၂၀၁၄ ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။
နှစ်စဉ်မတ်လ (၂၂) ရက်နေ့၌ စာကြည့်တိုက်နှစ်ပတ်လည်အခမ်းအနားများ ကျင်းပလျှက်ရှိပါသည်။
ယခုနှစ်တွင် စာပေဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီဆေးခြယ်ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဗဟုသုတပဟေဠိပြိုင်ပွဲ၊ ဝတ္တုပဟေဠိပြိုင်ပွဲ(လူလတ်)များကို ကျင်းပပြီးဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးမှာဖြစ်ပါသည်။
နွေရာသီကျောင်းပိတ်ရက် ၂၀၁၇ ဧပြီလ (၁၀)ရက်နေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ကျေးရွာဆရာတော်များနှင့် စာကြည့်တိုက်ကော်မတီတို့ ပူးပေါင်းပြီ:ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။