Library Image

ရွှေရောင်အနာဂါတ်(အခမဲ့)ဓမ္မစကူးလ်စာဖတ်ခန်း

ဒက္ခိဏသီရိ ရွှေခဲအင်း

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ်
ရွှေရောင်အနာဂါတ်(အခမဲ့)ဓမ္မစကူးလ်စာဖတ်ခန်းဖွင့်ပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၅)

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်း/ကျွဲတဲ ရွာဦးကျောင်းတိုက်၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ မွန်းလွဲ (၂) နာရီတွင် ရွှေခဲအင်းဓမ္မကျောင်းတော်၏ ရွှေရောင်အနာဂါတ်(အခမဲ့)ဓမ္မစကူးလ်စာဖတ်ခန်းကို သက်တော်ရှည် ရွှေခဲအင်း/ကျွဲတဲ ရွာဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန ္တဣန္ဒက၊ လယ်ဝေးမြို့နယ် စာရေးဆရာအသင်း ဥက္ကဌ, မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟို ဦးစီးအဖွဲ့ဝင် ဦးဇော်အောင်၊ ဒက္ခိဏသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ဦးဆန်းကြည်တို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခ့ဲကြပါတယ်။

ထို့နောက် ရွှေခဲအင်းဓမ္မကျောင်းတော်၏ ရွှေရောင်အနာဂါတ် (အခမ့ဲ) ဓမ္မစကူးလ်စာဖတ်ခန်း ဦးဆောင်ဆရာတော် အရှင်မုနိန္ဒ၊ ဒက္ခိဏသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ဦးဆန်းကြည်၊ လယ်ဝေးမြို့နယ် စာရေးဆရာအသင်း ဥက္ကဌ, မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟို ဦးစီးအဖွဲ့ဝင် ဦးဇော်အောင်တို့က အမှာစကားပြောကြားပြီး ရွှေရောင်အနာဂါတ် (အခမ့ဲ) ဓမ္မစကူးလ်စာဖတ်ခန်းသို့ စေတနာရှင် အလှူရှင်များက စာအုပ်၊ စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများကို ပေးအပ် လှူဒါန်းပါတယ်။

ဆက်လက်၍ စာရေးဆရာ ကိုးငယ်မင်း(လယ်ဝေး)က "ပဋာစာရီ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စာရေးဆရာ မောင်အေးကို(ပေါင်းတလည်)က "တကယ်ချစ်ရဲ့လား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)က "စာဆိုတော်နေ့နှင့် မြန်မာစာပေခရီး" ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခ့ဲကြကြောင်း သိရှိရပါတယ်။

ဦးမုနိန္ဒ
Ashin U Muninda
KBZ (ATM) 38830138800018901
ဖုန်း - 09798311978
ရွှေရောင်အနာဂါတ်
(အခမ့ဲ)ဓမ္မစကူးလ်စာဖတ်ခန်း
ရွှေခဲအင်းဓမ္မကျောင်းတော်
ရွှေခဲအင်း/ကျွဲတဲ ရွာဦးကျောင်းတိုက်
ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!