၂၀၀၉ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ကျေးရွာတွင်းရှိ လူငယ်မောင်မယ်များ တာ၀န်ရှိ လူကြီးမင်းများ ကျောင်းဆရာ/မ များနှင့် စတင်တည်ထောင်ခဲ့ပါသည်။
စတင်တည်ထောင်စဥ်တွင် စာအုပ် (၁၀၅ )အုပ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
၂၀၀၉-၂၀၁၅ ခုနှစ်တွင် စာကြည့်တိုက်အဆောက်အဦး ဝါးထရံ သက်ကယ်မိုးဖြင့် ဖွင့်လှစ်တည်ထောင်ထားခဲ့ပါသည်။
၂၀၁၆ ခုနှစ် 'ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် စာကြည့်တိုက်အဆောက်အဦး ကောင်းမွန်ရေးအတွက် ကျေးရွာရှိ လူငယ်များ ၊ စာကြည့်တိုက်ကော်မတီအဖွဲ့ ရပ်ရွာတာ၀န်ရှိ လူကြီးမင်းများ အစည်းအဝေးတရပ် ပြုလုပ်ကာ တည်ကြည်သပ်ရပ်သော စာကြည်တိုက်ဖြစ်စေရန် အုတ်၊ သွပ်မိုး အဆောက်အဦး တည်ဆောက်ကြပါသည်။ ယခုလက်ရှိဖောင်ဒေးရှင်း ဆောင်ရွက်ပြီးဖြစ်ပါသည်။