Library Image

အိမ်မက်သစ်စာကြည့်တိုက်

ကျိုက်ထို သိမ်ဇရပ်

အိပ်မက်သစ် တည်ထောင်သောအဖွဲဝင်များ
ဦးစိုးသက်ဦး
ကိုနိုင်ထွန်းအောင်
ကိုသောင်းထွဋ်ကျော်
ကိုအောင်ဆန်းဝင်း
ကိုညဏ်လင်းဇော်
ကိုစည်သူလင်း
ကိုစောမင်းထွေး

အိပ်မက်သစ်ဖြစ်ပေါ်လာပုံ
--------------------------------------
ငယ်စဉ်ထဲကစာအုပ်တွေဖတ်ဖြစ်တယ် စာဖတ်များလာတော့ ကိုယ်သိသလိုကိုယ်ခံစားသလိုလူအများကိုခံစားစေချင်တယ်ရပ်ရွာကလူတွေကို စာဖတ်စေချင်တယ် ကျွန်တော်ရတဲ့မုန့်ဖိုးနဲ့နေ့စဉ်ထုတ်/အပတ်စဉ်ထုတ်ဂျာနယ်များ/ဝယ်စုထားတဲ့စာအုပ်တွေကိုစျေးနဲ့နီးတဲ့သစ်ပင်အောက်မှာ အိမ်ကခုံတစ်လုံးယူပြီးထားတယ် သစ်ပင်မှာနေ့စဉ်အပတ်စဉ်ထုတ် ဂျာနယ်များဖတ်နိုင်သည်ဟု ဘုတ်တစ်ခုမှာရေးပြီးကပ်ထားလိုက်တယ် ကျွန်တော်လုပ်တာမသိအောင်မနက်၅နာရီလောက်သွားချထားပါတယ် ညရနာရီလောက်ပြန်သိမ်းပါတယ် ကျွန်တော်လုပ်ဆောင်ချက်အောင်မြင်ခဲ့ပါတယ် မနက်သွားကြည့်တဲ့အခါ လူများစွာဂျာနယ်ဖတ်တဲ့သူဖတ် စာအုပ်ဖတ်တဲ့သူဖတ် စီကားနေပါတယ်။ကျွန်တော့်အောင်မြင်မွု ၂လပြည့်တဲ့အခါမှာတော့မိုးတွင်းရောက်လာပါတော့တယ် ကျွန်တော်စာအုပ်တွေ ဂျာနယ်တွေ မိုးတွေလေတွေနဲ့လမ်းတွေပေါ်ရောက် ရေတွေစိုနဲ့ ကျွန်တော်လုပ်ဆောင်ချက်လေးရပ်တန့်ခဲ့ရပါတယ် ဒါပေမဲ့ကျွန်တော်အများစာဖတ်တာကိုကြည့်ပြီးပျော်တတ်တဲ့ပီိတိစိတ်ဟာနေမရတော့အောင်ကျွန်တော်ကိုစာကြည့်တိုက်လုပ်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ် ကျွန်တော်စာကြည့်တိုက်လုပ်ချင်တယ် ငွေမရှိဘူးနေရာမရှိဘူး လှူမဲ့သူမရှိဘူး ဒါပေမဲ့ကျွန်တော်မှာလုပ်ချင်တဲ့စိတ်ရှိတယ် စျေးနားမှာဂျာနယ်ချပြီးဖတ်စေထဲက စာကြည့်တိုက်ကိုဘယ်လိုလုပ်ရင်အောင်မြင်မယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ် စာကြည့်တိုက် အောင်မြင်သောစာကြည့်တိုက်ကျွန်တော်လုပ်မည် ဆုံးဖြတ်လိုက်ပါတယ် စာအုပ်ထဲမှာခင်တဲ့သူငယ်ချင်းအမည်တွေချရေးတယ် သွားပြီးတွေ့တယ်စာကြည့်တိုက်လုပ်မယ်နားသွားပူပါတယ်နေ့တိုင်းပါ နောက်တော့စိတ်တူကိုယ်တူသူငယ်ချင်းသုံးယောက် စုမိတယ် စာအုပ်တွေဝယ်မယ်လစဉ်တစ်ယောက်၄သောင်းထဲ့မယ် တစ်ချို့သူငယ်ချင်းတွေကိုနေ့စဉ် အပတ်စဉ်ဂျာနယ်ဝယ်ခိုငး်မယ် ကျွန်တော်တို့သုံးယောက်ငွေကို တစ်ပတ်တစ်ခါရန်ကုန်ကစာအုပ်ပို့ခိုင်းမယ် ဒါဆိုစာကြည့်တိုက်မှာ နေ့စဉ်အသစ် အပတ်စဉ်အသစ် လစဉ်အသစ် နဲ့စာကြည့်တိုက်ကြီးအောင်မြင်ပြီပေါ့ သူငယ်ချင်းကမေးတယ် လူတွေလာမဖတ်ရင်ကောတဲ့ ဘယ်သူမှလာမဖတ်ရင် စာအုပ်သစ်တွေ ဂျာနယ်သစ်တွေ ငါတို့ဖတ်မှာပေါ့လို့ပြောတော့ သူငယ်ချင်းကသဘောကျတယ် ကဲဟုတ်ပါပီဘယ်မှာလဲနေရာ နေရာရှာမှာပေါ့လို့ပြောပေမဲ့ မလွယ်ကူခဲ့ပါ လိုချင်တဲ့နေရာမရပါ သက်ဆိုင်ရာမှာသွားတောင်းတယ် စာကြည့်တိုက်တွေ သိမ်ဇရပ်မှာအများကြီး မင်တို့ကဘာထပ်လုပ်ဦးမှာလဲတဲ့ အောင်မြင်တဲ့စာကြည့်တိုက်လုပ်မှာ သူတို့မသိပါ ကျွန်တော်တို့ပြန်ခဲ့ရပါတယ် ကျွန်တော်တို့စိတ်ပျက်စပြုလာပါတယ် ကျွန်တော်တို့နေရာမရရင် စာကြည့်တိုက်မဖြစ်နိုင်ပါ ကျွန်တော်တို့လုပ်ချင်တဲ့စာကြည့်တိုက်အတွက် ပေးဆပ်ရတော့မည်။ဖွင့်ချင်တဲ့နေရာဒေသရှိ အိမ်တွေမှာ အိမ်ရေှ့လေးမှာပေးဖွင့်ဖို့လိုက်ပြောရပါတယ် မရပါ နောက်ဆုံးလူပျိုကြီးတစ်ယောက်အိမ်ထဲဝင်ပြီး ကျွန်တော်စာကြည့်တိုက်လေးဖွင့်ချင်လို့ ကျွန်တော်တို့သိမ်ဇရပ်ရှိလူကြီး လူငယ် ကျောင်းသားကျောင်းသူများကို စာအုပ်သစ် ဂျာနယ်သစ် နေ့စဉ်လစဉ် ဖတ်နိုင်အောင်လုပ်ပါမယ်လို့ ပြောတော့ လူပျိုကြီးကသဘောကျတယ် ဒါပေမဲ့မင်းတို့ကိုငါမသိဘူး သိတဲ့သူခေါ်ခဲ့ပါတဲ့ ဟုတ်တယ်ကျွန်တော်တို့ကဘယ်သူမှမသိသေးတဲ့လူငယ်သုံးယောက်လေ ကျွန်တော်တို့သိမ်ဇရပ်မှာစာအခမဲ့လိုက်သင်ပေးတဲ့ဆရာတစ်ယောက်ကို ကျွန်တော်တိုအဖြစ်ကိုပြောပြတော့ ငါအာမလိုက်ခံပေးမယ် မင်းတို့စာကြည့်တိုက်ဆောက်ဖို့သာ ပြင်ထားတော့လို့ပြောပါတယ် ကျွန်တော်တို့နေရာရခဲ့ပါပြီ လူပျိုကြီးလစာမယူဘဲ အိမ်ရေှ့ပိတ်ခံပြီးပေးဆောက်တဲ့အတွက် (အိပ်မက်သစ်)စတင်တည်ဆောက်ပါတော့သည်။ဆောက်လုပ်ပြီးတဲ့အခါ နေ့စဉ်ထုတ်ဘာတွေရလဲကပ်ထားပေးတယ်အပတ်စဉ်ဘာတွေရောက်လဲကပ်ထားပေးတယ် လစဉ်စာအုပ်အသစ်တွေနဲ့ အိပ်မက်သစ်ဟာ အားကစား/သတင်း/ကျန်မာရေး/ရွွေသွေး/နိုင်ငံတကာဂျာနယ်ဖတ်သူများ အပတ်စဉ်ရောက်သောအပျော်ဖတ်စာပေဖတ်သူများ လစဉ်ရောက်သောစာအုပ်ကောင်းများဖတ်သူများနှင့်အတူလစဉ်အလှူငွေထဲ့သူများပါ များပြားလာပါတော့တယ် ယခုနေ့စဉ်စာကြည့်တိုက်သို့လာရောက်သူ၁၈၀ခန့့်ရှိပါတယ်။
စာကြည့်တိုက်မှ စာပေဟောပြောပွဲနှစ်ကြိမ် ထူးချွန်ကျောင်းသား/သူဆုပေးပွဲနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ် ရပ်ရွာမှစာပေစိတ်ဝင်စားသူများ အလှူရှင်များမှ စာကြည့်တိုက်ကို ကူညီခဲ့ကြပါတယ်။ကျွန်တော်တို့သူငယ်ချင်းသုံးယောက်အပြင်နေရာပြောပေးသောဆရာ စာကြည့်တိုက်တွက်များစွာကူညီပေးသောအကိုနှစ်ယောက်နဲ့ စာကြည့်တိုက်ကော်မတီကို ဖွဲ့ထားပါတယ်။စာကြည့်တိုက်ဖွင့်ပြီး၃နှစ်ကျော်လာတဲ့အခါ စာအုပ်များ(၉၀၀၀)ကျော်များလာပါတယ် စာကြည့်တိုက်နေရာအခက်ခဲဖြစ်လာပါတယ် အုပ်ချုပ်ရေးမှာနေရာတောင်းခဲ့ပါတယ် အိပ်မက်သစ်အောင်မြင်မွုသည်နေရာကို လွယ်ကူစေခဲ့ပါတယ် အထက်တန်းကျောင်း အလယ်တန်းကျောင်း ရေှ့တွင်မြေနေရာပေ၁၀၀တကွတ်ရရှိခဲ့ပါတယ်။အုပ်ချုပ်ရေမူးမှလဲအလှူငွေ၁၀သိန်းကစားကွင်းတွက်မတည်ပေးခဲ့ပါတယ်။နေရာရတဲ့အခါမှာတော့ ကျွန်တော်တို့ ၁၉ပေ၃၈ပေကျယ်ဝန်းတဲ့အဆောက်အဦးကို သိန်း၁၃၀ကုန်ကြခံကာဆောက်လုပ်ခဲ့ပါတယ် ရပ်ရွာမှသိန်း၆၀ကျော်လှူဒါန်းပြီး လိုအပ်ငွေကို ကော်မတီမှလှူဒါန်းခဲ့ပါတယ်။
MBAPFမှဆရာမဒေါ်မြတ်စန်းငြိမ်း၏ကူညီမွုနဲ့စာကြည့်တိုက်သင်တန်းများတတ်ရောက်ပြီးtabletများရရှိခဲ့ပါတယ်။ tabletများကိုကလေးများစိတ်ဝင်စားကြပါတယ်tabletမျာဖြင့်ကလေးများကို ကွန်ပျူတာအခြေခံများ သင်ပေးခဲ့ပါတယ်။MBAPFရဲ့လမ်းပြမွုက စာပေသာမက နည်းပညာပါလိုအပ်လာတယ်ဆိုတာသိခဲ့ရပါတယ် ဒါကြောင့်အိပ်မက်သစ်ဟာ ၁၆ပေ၃၂ပေကျယ်ဝန်းတဲ့ကွန်ပျူတာအခန်းကို နယ်သာလန်မှကိုထွန်းအောင်ရဲ့သိန်း၂၀လှူဒါန်းမွုဖြင့်ဆောက်လုပ်နေပါတယ်။
 ယခုအခါမှာတော့ အိပ်မက်သစ်မှာ စာဖတ်သူ/ ငှားသူ ဂျာနယ်ဖတ်သူ ကလေးကစားကွင်းတွင်လာကစားသူ tabletသုံးသူ များနှင့်နေ့စဉ် စည်ကားနေပါတော့သည်။(အိပ်မက်သစ်)
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!