Library Image

Rangon Reading Club

လှိုင် အမှတ် (၁၃) ရပ်ကွက်


စာကြည့်တိုက် ဖွင့်မယ်ဆိုတော့ 
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေက
နယ်မှာ ဖွင့်စေချင်တဲ့အကြောင်း ပြောလာကြပါတယ်...။

နယ်မှာ ဖွင့်ပေးချင်သော်လည်း
လတ်တလော ကိုယ်နေထိုင်တဲ့ နေရာမှာပဲ
အချိန် အများဆုံး ပေးနိုင်တာမို့လို့ အခြေအနေအရ 
ရန်ကုန်မှာပဲ စာကြည့်တိုက်ကို ဖွင့်လိုက်ရပေမယ့်
နယ်က စာဖတ်ပရိတ်သတ်တွေအတွက် 
ဘယ်လို ကူညီပေးလို့ရမလဲဆိုတဲ့ နည်းလမ်းတွေ 
အမြဲလိုလို တွေးတောရင်း၊ ဆွေးနွေးတိုင်ပင်ရင်း
အဖြေရှာကြည့်ဖြစ်ပါတယ်...။

စာအုပ်စာတမ်းနဲ့ အချက်အလက်တွေ ရှားပါးလွန်းတဲ့
မြန်မာနိုင်ငံမှာ အကြောင်းအရာ တစ်ခုခုကို ရှာဖွေဖို့ဆိုတာ
တကယ်ကို မလွယ်ကူလှပါဘူး...။

စာကြည့်တိုက်တွေ အများကြီးနဲ့ အဆက်အသွယ်ရှိတဲ့
ကျနော်အနေနဲ့တောင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့
အချက်အလက်တွေ ရှာတဲ့အခါ တကယ်ကိုပဲ ခက်ခဲပါတယ်...။

ရန်ကုန် ပြင်ပမှာ ရှိနေတဲ့ စာရှာသူတွေအတွက်ဆို
ဘယ်လောက်တောင် ခက်ခဲပင်ပန်းမလဲဆိုတာ
တွေးကြည့်ရင်း ကိုယ်ချင်းစာမိပါတယ်...။

အဲဒါကြောင့် ရန်ကုန် ပြင်ပမှာ ရှိနေတဲ့ စာရှာသူတွေအတွက်
တတ်နိုင်သမျှ ကူညီပေးနိုင်ဖို့ စဉ်းစားပြီး
စာကြည့်တိုက် အွန်လိုင်း ဝန်ဆောင်မှုလေး လုပ်ပေးပါမယ်...။

နယ်က စာရှာသူတွေ၊ စာတမ်းရေးမယ့်သူတွေနဲ့
သုတေသနသမားတွေ၊ စာရေးဆရာတွေအတွက်
ကျနော်တို့ စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်စာတမ်းတွေအပြင်
တခြား စာကြည့်တိုက်တွေမှာ ရှိတဲ့ အချက်အလက်တွေကိုပါ
ရှာဖွေလမ်းညွှန်ပေးမယ့် ဝန်ဆောင်မှုလေးပါ...။

အကူအညီ လိုအပ်သူတွေအနေနဲ့ ဒီPageကနေ
ရှာဖွေလိုတဲ့ အချက်အလက်တွေကို မေးမြန်းနိုင်ပါတယ်...။

အတတ်နိုင်ဆုံး ကူညီပေးနိုင်အောင် ကြိုးစားပေးပါ့မယ်...။

နောက်ပိုင်းမှာ တခြား စာကြည့်တိုက်တွေက စာကြည့်တိုက်မှူးတွေပါ အကူအညီတောင်းပေးပါမယ်...။

စာချစ်သူများ အဆင်ပြေကြပါစေ...!!!
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!