Library Image

လူငယ့်အားမာန်စာကြည့်တိုက်

ခင်ဦး သာဝတ္တိ

လူငယ့်အားမာန်စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း အရင်းကတော့
ပထမအချက်။ ။မခံချင်စိတ်
ဒုတိယအချက်။ ။ယုံကြည်စိတ်။

ပထမအချက်=>ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ?

၁.၁ အချက်။နွေရာသီတစ်နေ့ ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်စု Nissan ကားလေး နဲ့ ဝင်လာပါတယ်။
ခရီးဦးရောက်မဆိုက် ကားပေါ်က ဆင်းဆင်းချင်းပဲ မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။ 
ဟောတော် ဦးလေးက လည်း ခရီးရောက်မဆိုက်ပါလား တော်။
နင့်တို့ရွာ စာကြည့်တိုက် မရှှိဘူးမို့လား။
မရှိပါဘူးတော်။ကြံကြံဖန်ဖန်။

ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။
အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက ပေးတဲ့ အသိ စာပေ ကပေးသည့် ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။
ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။ 
ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။
တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။

၁.၂ ။အချက်။ကျွန်တော့်နာမည် ဇော်ဝင်းမောင် ပါ။ အင်ဂျင်နီယာ ကျောင်းတက်နေသမျှ ကာလ ပတ်လုံး 
ကျွန်တော့်အမည် ကုန်သည်။(ကုန်ရင် လာသယ်သည့် ကုန်သည်)
ကျွန်တော့်အမည် ကိုငွေတောင်း။(လကုန်တိုင်းငွေတောင်းသည်)
လူကြီးတစ်ယောက် တစ်မနက် လုပ်အားခ ၁၅၀၀ ၂၀၀၀ ရသည့်အချိန်တွင် ကျွန်တော် မောင်ကျောင်းသား တစ်လ သုံးငွေ တစ်သိန်းခွဲ နှင့် နှစ်သိန်းကြား။ 
ငွေကြေး ရှားပါသည့် အရပ်ဒေသ မှာ ကျွန်တော်တို့သည် လူမိုက်ကြီးများသာ။အိမ်က မငြိုငြင်သော် လည်း ပတ်ဝန်းကျင်သည် ကိုအောင်နိုင်ဦး(ကျွန်တော့်အဖေ) ခင်ဗျားတို့ မိုက်တယ်ဗျာ။(မှားတယ်ဟုဆိုလိုခြင်း) 
ခေတ်စကားအရ မိုက်တယ်သည် အားကျခြင်း ဖြစ်သောကြောင့် ခွဲပြောခြင်းဖြစ်ပါသည်။ဘာလို့ ဒီလောက် ငွေကြေး အကုန်ခံ ကျောင်းထားမလဲဗျာ။။
ကျွန်တော်သာ ဆိုရင် ကျွန်မတို့သာ ဆိုလျှင် ခင်ဗျားသား အကြီးကောင်ကို ကားမောင်းခို်င်း အငယ်ကောင်ကို စပါယ်ယာလုပ်ခိုင်း ပြီးပြီပေါဗျာ့။ 
အိမ်လည်း ဝင်ငွေရ ။မိသားစုနဲ့လည်း မဝေးတော့။ဘယ်လောက်ပိုင်တဲ့ လုပ်ရပ်လဲ။ တိုးတိုး တစ်ဖုံ ကျယ်ကျယ်တစ်ဖုံ။ မခံချင်ဘူး။ 
ပညာတတ်တစ်ယောက် မွေးထုတ်ထားသည့်အိမ် ပစ္စည်း ဥစ္စာ တိုးတက်ချင်မှ တိုးတက်မည်။အသိပညာတော့ မဆုတ်ရှုတ်သွားဘူးဆိုတာသိစေချင်သည်။
ပညာတတ်တစ်ယောက်မွေးထုတ်လိုက်ပါက အိမ်မှာရှိသော ယာခင်း စိုက်ခင်းများ ကုန်သွားသည်။ထို့ကြောင့် တက္ကသိုလ် ကျောင်းထားပါက စာစား၍ မွဲသွားသည့် 
တက္ကသိုလ် ကျောင်းသားများ ကျောင်းသူများ ဆက်လက် မထားတော့မှာကို စိုးရိမ်မိသည် ပူပန်မိသည် ယခုတက်နေသော ကျောင်းသား ညီငယ် ညီမငယ်များကို
တက္ကသိုလ်ကို ပြီးဆုံးအောင် ဘွဲ့ရအောင်အထိ ပြီးသွားစေချင်ပါသည်။တစ်ဝက်တစ်ပျက်နဲ့ ကျောင်းသားပျက်လို့ ပြောခံရမှာကို တွေးပြီး စိုးရိမ်မိလို့့ပါ။
ကျောင်းထားလို့ မိဘများ မွဲတာ မဟုတ်ပါဘူး။ သားသမီးများ မသိတတ်လို့ မွဲတာပါ။ အဲဒါကို ရှင်းရှင်းလင်းလင်းသိစေချင်ပါသည်။
ဒီနေရာမှာ စင်္ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု စကားအရ ပညာသာတတ်အောင်လုပ်ပါ သူ့အလိုအလို ကျွန်လာခံလိမ့်မယ်။
ပညာတတ်အောင်လုပ်ရမယ်။အသိပညာရော အတတ်ပညာရော။နှစ်မျိုးစလုံးပေါ့။
အဲစကားတွေကို မခံချင်ဘူး။ကျွန်တော့်မိဘများ ဒုက္ခခံ ကျောင်းထားခြင်းသည် မှားယွင်းမှုမဟုတ်ကြောင်း သက်သေပြချင်တယ်။အဲအတွက် မခံချင်ဘူး။


ဒုတိယအချက်=>ယုံကြည်မှု?
ဘာကိုယုံကြည်တာလဲ။ပညာကို ယုံကြည်တာပါ။ အသိပညာကို ယုံကြည်တာပါ။

၁.စာပေ
၂.ခရီးသွားခြင်း
၃.လူကြီးသူမ မိဘ ဆရာဆရာမများမ ဆုံးမ သြဝါဒ များမှ ရရှိနိင်ပါတယ်။

၃ အချက်မှာ လူကြီး မိဘ ဆရာသမား မည်မျှပင် ပြောဆိုဆုံးမ စေကာမှု ကာယကံရှင် နားဝင်မှ လိုက်နာမှ ဖြစ်တာပါ။
။ထိုကြောင့် ဤအချက်သည် သူ့ဖက်က သိတတ်မှု နားဝင်မှုကို မှောက်ထားပါက ဘယ်လောက်ပဲ လောင်းထည့်ထည့် ဝင်မည် မဟုတ်ပါ။
ဒါကြောင့် ကိုယ်ကိုယ်တိုင် သိ ကိုယ်ကိုယ်တိုင် စာဖတ် ကိုယ်ကိုယ်တိုင်လိုက်နာ သာလျှင် အကောင်းဆုံးဟု ထင်မြင်မိပါသည်။
နောက် လူတစ်ယောက်တွင် ခြေ လက် ဦးခေါင်း ရှိပါသည်။ ခြေထောက်မရှိလို့ ရလား။ရပါတယ်။လက်မရှိလို့ရလား။ရပါတယ်။ဦးခေါင်းမရှိလို့မရပါဘူး။
ဦးနှောက်အပြင် အသိဉာဏ်ရော ရှှိိနေရပါမယ်။ ခြေထောက်တွေ လက်တွေ မျက်လုံးတွေ နားတွေ နားခေါင်တွေ မပါချင်နေပါစေ ။
အသိဉာဏ်ရှိတဲ့ ဦးနှောက်သာ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်တွက် ရပ်ရွာတွက် လူသားတွေ အတွက် များစွာ တိုးတက်အောင် အထောက်အကူ ပြုနိုင်မည်ဟုယုံကြည်မိပါသည်။
စသည့်ထိုထို အချက်များကြောင့် နောက်ထပ် မျိုးဆက်သစ် အနာဂတ် မျိုးဆက်သစ် လူငယ်များ တိုင်းပြည်အတွက် 
အနာဂတ်အတွက် တောက်ပ စိတ်ချစွာ အပ်နှံလိုလျှင် လူငယ်များ စာဖတ်အောင်တိုက်တွန်းကြပါ။
စာပေကို တစ်ရှိုက်မတ်မတ် ဖတ်ကြပါ။
စာဖတ်ခြင်းသည် အလုပ်လုပ်ခြင်းဖြစ်ပါသည်။
မခံချင်စိတ်၊ယုံကြည်စိတ်များကြောင့်

လူငယ်များ စာများများ ဖတ်ပါ။
စာကြည့်တိုက်ဆိုတာ
ဝင်ခွင့်ဖြေစရာမလိုတဲ့ 
တက္ကသိုလ်တစ်ခုပါ။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်ကို စိတ်ရော လူရော ငွေ ရော အချိန်ရော ရင်းပြီး ကြိုးစားဖွင့်ခြင်းဖြစ်ပါသည်။
ဤစာကြည့်တိုက် မှ အသီးအပွင့်များကို နောင်လာနောင်သား မျိုးဆက်သစ်များ ချိုမြိန်စွာ တန်ဖိုးရှိစွာ စားသုံးကြပါကုန်လော့။


ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!