Library Image

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း

ဗိုလ်တထောင် အမှတ် (၃) ရပ်ကွက်

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယအကြိမ် သင်းလုံးကျွတ်အထူးအစည်း အဝေးနှင့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယအကြိမ် သင်းလုံးကျွတ်အထူးအစည်းအဝေး သဘာပတိ၊ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြင်ဆင်သည့်သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းတို့နှင့် ပတ်သက်၍ သဘာပတိက အစည်းအဝေးအတည်ပြုချက်ရယူကာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း သင်းလုံးကျွတ်အထူးအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယကဦးကျော်ဆန်းနှင့် ဒုတိယ အကြိမ် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး သဘာပတိ ဦးမောင်မောင်တို့က အမှာစကားပြော ကြားခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အတွင်းရေးမှူး(ယာယီ) ဦးဝင်းအောင်က ဖောင်ဒေးရှင်း၏လုပ်ငန်းဆောင်ရွက်မှုနှင့် နှစ်ပတ်လည် အစီရင်ခံစာကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူး(ယာယီ) ဦးတင်ကိုကိုက နှစ်ပတ်လည် ဘဏ္ဍာရေးအစီရင်ခံစာကိုလည်းကောင်း၊ ပြင်ပ စာရင်းစစ် ဒေါ်ဇာနီညိုက စာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသော အသင်းသားကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ ဘဏ္ဍာရေးအစီရင်ခံစာများ၊ စာရင်းစစ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်ခန့်ထားခြင်းတို့ကို အစည်းအဝေးအတည်ပြုချက် ရယူကြပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုအလုပ်အမှုဆောင် များနှင့် အလုပ်အမှုဆောင်များ နုတ်ထွက်ကြောင်း အစည်းအဝေးက ကြေညာခဲ့သည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးရဲတင့်က ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရွေးချယ်တင်မြှောက်ခံထားရသော အလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကြေညာခဲ့သည်။
ဒုတိယအကြိမ် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်၊ ဒုတိယဥက္ကဋ္ဌ-၁ ဦးညွန့်ဆွေနှင့် ဒုတိယဥက္ကဋ္ဌ-၂ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့အပါအဝင် ဗဟိုအလုပ်အမှုဆောင်(၁၈)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အလုပ်အမှုဆောင်(၁၆)ဦး စုစုပေါင်း(၃၄)ဦးကို အောက်ပါအတိုင်း ရွေးချယ် တင်မြှောက်ခဲ့သည်။

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ဗဟိုအလုပ်အမှုဆောင်များစာရင်း

၁။ ဦးမောင်မောင် - ဥက္ကဋ္ဌ
၂။ ဦးညွန့်ဆွေ - ဒုတိယဥက္ကဋ္ဌ(၁)
၃။ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) - ဒုတိယဥက္ကဋ္ဌ(၂)
၄။ ဦးဝင်းအောင် - အတွင်းရေးမှူး
၅။ ဒေါ်အိကေသွယ်မင်း - တွဲဖက်အတွင်းရေးမှူး
၆။ ဦးတင်ကိုကို - ဘဏ္ဍာရေးမှူး
၇။ ဦးမောင်မောင်ဦး(ဟိန်းလတ်) - အကျိုးဆောင်စာရင်းစစ်
၈။ ဦးညိုမင်း - ဗဟိုအလုပ်အမှုဆောင်
၉။ ဒေါ်ချိုချိုတင် (မစန္ဒာ) - ဗဟိုအလုပ်အမှုဆောင်
၁၀။ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) - ဗဟိုအလုပ်အမှုဆောင်
၁၁။ ဦးမြတ်စိုး (မြတ်စိုး-လှိုင်) - ဗဟိုအလုပ်အမှုဆောင်
၁၂။ ဦးသန်းအေး (စလင်းဘုန်းကျော်) - ဗဟိုအလုပ်အမှုဆောင်
၁၃။ ဦးမောင်မောင်မြင့်အေး - ဗဟိုအလုပ်အမှုဆောင်
၁၄။ ဦးစိုးမြင့် (စိုးမှူး) - ဗဟိုအလုပ်အမှုဆောင်
၁၅။ ဦးညွန့်လှိုင် - ဗဟိုအလုပ်အမှုဆောင်
၁၆။ ဦးဘိုကြည် (ဗိုလ်သံမဏိ) - ဗဟိုအလုပ်အမှုဆောင်
၁၇။ ဦးကြည်ဝင်း (လောကအမွန်) - ဗဟိုအလုပ်အမှုဆောင်
၁၈။ ဦးခင်မောင်စိုး (မောင်သာမည) - ဗဟိုအလုပ်အမှုဆောင်

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော တိုင်းဒေသကြီး/ပြည်နယ်များမှ အလုပ်အမှုဆောင်များစာရင်း

၁။ ဦးစိုးရာဇာဝင်း - အလုပ်အမှုဆောင်
    (ဥက္ကဋ္ဌ - ကယားပြည်နယ်ဖောင်ဒေးရှင်း)
၂။ ဦးသောင်းထွန်း - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - ကရင်ပြည်နယ်ဖောင်ဒေးရှင်း)
၃။ ဦးဘုန်းကြွယ် - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - စစ်ကိုင်းတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၄။ ဒေါက်တာကျော်လွင်စိုး - အလုပ်အမှုဆောင် (ဥက္ကဋ္ဌ - တနင်္သာရီတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၅။ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်) - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - ပဲခူးတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၆။ ဒေါ်နန်းနန်းဝေ (နန်းမုံဝေ) - အလုပ်အမှုဆောင်
   (ဒုတိယဥက္ကဋ္ဌ(၁) - ပဲခူးတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၇။ ဦးဝင်းမြတ်ကျော် - အလုပ်အမှုဆောင်
    (ဥက္ကဋ္ဌ - ပြည်ထောင်စုနယ်မြေဖောင်ဒေးရှင်း)
၈။ ဦးကျော်စိန်ဝင်း - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - မကွေးတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၉။ ဒေါ်မမနိုင် - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - မန္တလေးတိုင်းဒေသကြီးဖောင်ဒေးရှင်း)
၁၀။ ဦးချိုချို - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - မွန်ပြည်နယ်ဖောင်ဒေးရှင်း)
၁၁။ ဦးလှကျော် (ဗဂျီးကျော်) - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - ရခိုင်ပြည်နယ်ဖောင်ဒေးရှင်း)
၁၂။ ဦးမောင်မောင်စိုး - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - ရန်ကုန်တိုင်းဒေသကြီးဖောင်ဒေးရှင်း)
၁၃။ ဒေါ်မေမေနီ - အလုပ်အမှုဆောင်
    (ဥက္ကဋ္ဌ - ရှမ်းပြည်နယ်ဖောင်ဒေးရှင်း)
၁၄။ ဒေါ်ခင်စန်း - အလုပ်အမှုဆောင်
    (ဒုတိယဥက္ကဋ္ဌ(၁) - ရှမ်းပြည်နယ်ဖောင်ဒေးရှင်း)
၁၅။ ဦးစိုင်းဆမ်တစ် - အလုပ်အမှုဆောင်
    (ဒုတိယဥက္ကဋ္ဌ(၂) - ရှမ်းပြည်နယ်ဖောင်ဒေးရှင်း)
၁၆။ ဦးမောင်မောင် - အလုပ်အမှုဆောင်
   (ဥက္ကဋ္ဌ - ဧရာဝတီတိုင်းဒေသကြီး ဖောင်ဒေးရှင်း)
 ထို့နောက် အစည်းအဝေးမှ ရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!