29.4.2013မှ စတင်၍ ပုံမှန် ဖွင့်လှစ်သည်။
နေ့စဉ် နံနက် ၁၀၀၀နာရီမှ ညနေ ၆၀၀နာရီအထိ မည်သူမဆို အခမဲ့ လေ့လာ ဖတ်ရှုနိုင်ပါသည်။ (စာကြည့်တိုက် အသင်းဝင် ဖြစ်ပါက စာအုပ်များကို အိမ်သို့ ငှားယူ ဖတ်ရှုနိုင်ပါသည်။)
တနင်္လာနေ့တိုင်း စာကြည့်တိုက် ပိတ်ပါသည်။
လူကြီး / ကလေး စာဖတ်ရန် နေရာများ ခွဲခြား ထားရှိပါသည်။
စာသင်ကျောင်းနှင့် ရပ်ကွက်များသို့ တစ်ပတ်လျှင် တစ်ရက် mobile library ဆောင်ရွက်ပေးပါသည်။
စာကြည့်တိုက် အပေါ်ထပ်တွင် အစည်းအဝေးခန်း ပြုလုပ်ထားသည်။
အခါအားလျော်စွာ ရပ်ရွာအရေးကိစ္စများ စည်းဝေးတိုင်ပင်လေ့ရှိသည်။
နှစ်စဉ် စာကြည့်တိုက် နှစ်ပတ်လည်ပွဲများ ၊ လစဉ် စာကြည့်တိုက် ကော်မတီ အစည်းအဝေးများ ပြုလုပ်သည်။
စာကြည့်တိုက် အသင်းဝင်များထံမှ လစဉ်ကြေးငွေများ၊ အလှူရှင်များထံမှ လစဉ် အလှူငွေ စာအုပ်စာစောင်ဖိုးများကို စာကြည့်တိုက် ကော်မတီဝင်များက လိုက်လံ ကောက်ခံ စုဆောင်း၍ စာကြည့်တိုက် ပုံမှန် သက်ဝင် ရှင်သန်အောင် ဆောင်ရွက်လျက် ရှိပါသည်။
ရှေ့မျှော်မှန်းချက် လုပ်ငန်းစဉ်များ
စာကြည့်တိုက် ဝန်ဆောင်မှုအဆင့် ပိုမို မြှင့်တင်နိုင်ရန်
E-Library & internet service
ဆွေးနွေးပွဲ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးရန်
Community Centreအဖြစ် ရပ်တည် ဆောင်ရွက်နိုင်ရန်
လက်လှမ်းမီ နီးစပ်ရာ ရပ်ရွာကျောင်း စာကြည့်တိုက်များကို ချိတ်ဆက် ကူညီ ဆောင်ရွက်နိုင်ရန်