Library Image

Meiktila:Loka Yadanar Library

မိတ္ထီလာ ပြည်သာယာ (မြောက်) ရပ်ကွက်

လောကရတနာစာကြည့်တိုက်

လောကရတနာစာကြည့်တိုက်တွင်စာကြည့်တိုက်ကိုစိတ်ဝင်စားသော၊ကလေးများကိုချစ်တတ်သော စေတနာ့ဝန်ထမ်းများလိုအပ်နေပါသည်။
စေတနာ့ဝန်ထမ်းအဖြစ်ကူညီခြင်းအမျိုးအစား(၂)မျိုးရှိပါသည်။
၁။အချိန်ပိုင်း နှင့် 
၂။အချိန်ပြည့်ဖြစ်ပါသည်။

အချိန်ပိုင်း စေတနာ့ဝန်ထမ်း

 အသက် (၁၈)နှစ် နှင့်အထက် မည်သူမဆို ပါဝင်ကူညီနိုင်ပါသည်။
 တစ်ပတ်လျှင်အနည်းဆုံးတစ်ရက်မှစ၍စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နိုင် ပါသည်။
 တစ်ရက်လျှင်(၄)နာရီသတ်မှတ်ထားပြီးစေတနာ့ဝန်ထမ်းဘက်မှအားသည့်အချိန်ကိုစာကြည့်တိုက်မှူးနှင့်ညှိယူနိုင်ပါသည်။

အချိန်ပြည့် စေတနာဝန်ထမ်း

 အသက် (၁၈)နှစ် နှင့်အထက် မည်သူမဆို ပါဝင်ကူညီနိုင်ပါသည်။
 အချိန်ပြည့်စေတနာ့ဝန်ထမ်း ကို တစ်ပတ်လျှင် အနည်းဆုံး (၂)ရက် နံနက် (၉)နာရီမှ ညနေ (၅) နာရီထိ သတ်မှတ်ထားပါသည်။

စေတနာ့ဝန်ထမ်းလျှောက်ထားရန်လိုအပ်ချက်များ

- အသက်(၁၈)နှစ်နှင့်အထက်ဖြစ်ရပါမည်။
- စာကြည့်တိုက်ကို စိတ်ဝင်စားသူ၊ကလေးများကိုချစ်ခင်ပြီး စ်ိတ်ရှည် သောသူဖြစ်ရပါမည်။
- စေတနာ့ဝန်ထမ်းအဖြစ်တိကျသောသတ်မှတ်ကာလာတစ်ခုအထိထမ်းဆောင်နိုင်ရပါမည်။ (ထိုမှသာလုပ်ငန်းလည်ပတ်မှု၊လုပ်ငန်းအတွေ့အကြုံကောင်းစွာရရှိနိုင်မည်ကိုသတိပြုစေ ချင်ပါသည်။)
- စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ရန် ကိုယ်တိုင် စိတ်ပါဝင်စားပြီး၊ အလုပ်အပေါ်တွင် လေးစားအာရုံစိုက်နိုင်ရပါမည်။

စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခြင်းအားဖြင့်…..

- စာကြည့်တိုက်သည် လူအများနှင့်ထိတွေ့ဆက်ဆံရသည့် အလုပ် ဖြစ်သဖြင့် လူမှုဆက်ဆံရေးတိုးတက်စေပါမည်။
- အချိန်ပိုင်းဖြစ်စေ၊အချိန်ပြည့်ဖြစ်စေ စေတနာ့ဝန်ထမ်းများအားလုံး အတွက် English Speaking Club ပြုလုပ်ပေးထားပါသည်။
- စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းစာရင်းဇယားများ၊ကွန်ပျူတာအသုံးပြုမှုစသည့်အရာ များလည်း တိုးတက်လာနိုင်ပါမည်။
- စာကြည့်တိုက်မှ အခါအားလျော်စွာ စေတနာ့ဝန်ထမ်းများအား ၄င်းတို့နှင့် ကိုက်ညီသော သင်တန်းများသို့စေလွှတ်ပေးပါမည်။
- သတ်မှတ်ကာလပြည့်မီသောတက္ကသိုလ်ကျောင်းသားစေတနာ့ဝန်ထမ်းများအားအလုပ် လျှောက်သည့်အခါ လိုအပ်သော လုပ်ငန်းအတွေ့အကြုံထောက်ခံချက် ရရှိမည်ဖြစ်ပါသည်။

ဆက်သွယ်ရန် - ကိုသီဟသင်းလှိုင် - 09975253678
                           ကိုငြိမ်းသူဇင်      - 09971391059   
                            မစုဝင့်ဝါနိုင်      - 09973396188။
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!