Library Image

လူငယ်ပြတင်းစာကြည့်တိုက်

ဒိုက်ဦး နတ်ကင်း

လူငယ်ပြတင်းစာကြည့်တိုက် လုပ်ဆောင်ခဲ့သော
ခုနှစ် ရည်ရွယ်ချက်

၂၀၁၇ ခုနှစ်တွင် အဖွားဒေါ်လှရီ ၏နေအိမ် အကြမ်း
ထည်လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ပါသည်။

စာကြည့်တိုက် ပြီးစီးသောနေ့ (ကလေးများစာဖတ်ခွင့် ရသောနေ့မှာ )       - ၃၀. ၆. ၂၀၁၈ ဖြစ်ပါသည်။

အဆောက်အဦးပြီးစီးဆောင်ရွက်မှုတွင် ရွှေဘုံသာ
နတ်ကင်းကျေးရွာ ရွှေဘုံသာကျောင်းတိုက် ဆရာ
တော်နှင့် တပည့်ဉူးဇင်း ဉူးရေဝတ အရှင်သူမြတ်တို့မှ ဓမ္မပူဇာတရားပွဲများပြုလုပ်ပြီးဖြည့်ဆည်းလှူဒါန်းခြင်း။ ဆရာတော်မှ သစ်သားများ လှူဒါန်းခြင်း။

ကျေးရွာလူငယ်အဖွဲ့ခေါင်းဆောင်များဖြစ်သော
ကိုမောင်ထိုက် ,ကိုရဲဝင်း, ကိုမောင်ထူး ကိုမောင်လေးနွယ် ကိုအောင်ကို တို့မှ ပြည်တွင်းပြည်ပ များတွင် အလှူငွေများ၊/စာအုပ်များ ဖန်တီးပေးခြင်းမြို့နယ်စာကြည့်တိုက်များကွန်ယက်မှလည်း စာအုပ်များ လှူဒါန်းပေးခြင်း/ ရန်ကုန်မြို့နေ အန်ကယ်ဦးဝေလွင်(ပညာရေးဖောင်ဒေးရှင်း) မှလည်းစာအုပ်များလှူဒါန်းခြင်းတို့ကြောင့် စာကြည့်တိုက်လေး ရုပ်လုံးပေါ်လာပြီး (၂၅.၁၂.၂၀၁၈) ခုနှစ်တွင် #ဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်ခဲ့ပါသည် ။

ဖွင့်ပွဲတွင် စာကြည့်တိုက်များ၏ ဖခင် #ကိုဇော်ဇော်
နှင့် မြို့နယ်မှ စာရေးဆရာနှစ်ဦးတို့မှ ကျေးရွာသူ/
သားများအတွက် စာပေဖတ်ရှုဖို့နှင့်ချစ်မြတ်နိုးဖို့အတွက် ဟော‌ပြောသွားပါသည် ။ ။

စာကြည့်တိုက်တည်ထောင်ရခြင်းရည်ရွယ်ချက်
 ရွှေဘုံသာနတ်ကင်းကျေးရွာအတွင်းရှိမှီတင်းနေထိုင်ကျသော ကလေး လူငယ် လူကြီး ရဟန်းရှင်
လူ ရပ်ကွက်သူ/သားများ စာပေဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတများတိုးပွားပြီး စာအုပ်စာပေကပေးသောအသိဖြင့်အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် မေတ္တာတရား ထားတတ်ပြီး ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်စေရန်ရည်ရွယ်
၍ ဖွင့်လှစ်ထားပါသည် ။ ။

စာကြည့်တိုက် ရန်ပုံငွေ စနစ်
  
ယခင် ပရဟိတလူငယ်တစ်စုနှင့် စာပေချစ်မြတ်နိုးသူအလှူရှင်များမှ တစ်လလျှင်(၂၀၀၀/၃၀၀၀/၅၀၀၀)ဖြင့် လစဉ် ထည့်၀င်လှူဒါန်းပါသည်။ တစ်လစုစုပေါင်းဝင်ငွေမှာ 
၅၀၀၀၀ကျော် ရရှိပါသည်။ ရရှိသည့်၀င်ငွေမှ စာကြည့်တိုက်မှူးလစာ ၃၅၀၀၀ ချီးမြှင့်ပြီး ကျန်ငွေအား ကလေးဖတ်စာအုပ်စာတမ်းစာ‌‌ေစာင်များဖြည့်ဆည်းပြီး စာကြည့်တိုက်အတွက် လိုအပ်သည်များဝယ်ယူပါသည်။ စာကြည့်တိုက် ရေရှည်တည်တံ့စေဖို့အတွက် ကျေးရွာရပ်မိရပ်ဖများ/လူငယ်များနှင့်တိုင်ပင်ပြီး #ရန်ပုံငွေ #ကိုးသိန်း ကျပ် အား ထာ၀ရငွေပဒေသာပင်အဖြစ်စိုက်ထူထားပါသည် ။

စာကြည့်တိုက်အားနေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး
ညနေ ၃နာရီ မှ ၆နာရီ အထိ အချိန်ကန့်သတ်ထားပါသည် ။ ။

စာကြည့်တိုက် လှုပ်ရှားမှုများ
 စာကြည့်တိုက်အဖွဲ့ဝင်များမှ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်နှင့်ပူးပေါင်း‌၍ အပတ်စဉ် ကလေးများအား ဓမ္မစကူးလ်သင်ကြား
ပေးခြင်း ။ အလျဉ်းသင့်သလို စာစီစာကုံးပြိုင်ပွဲများ / ပုံပြောပြိုင်ပွဲများအား ကျင်းပခြင်း ဆုချီးမြှင့်ခြင်း ။ ကျေးရွာရှိသက်ကြီးရွယ်အိုများအားပူဇော်ကန်တော့ခြင်း။ အာဟာရဒါန ကျွေး‌မွေးခြင်း။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး
ဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များက မူယစ်ဆေးဝါးတိုက်ဖျကိရေး အသိပညာပေးဟောပြောပွဲပြုလုပ်ပေးခြင်း ကျေးရွာသူ/သားများကို တိုင်ရင်းဆေးကုထုံးဖြင့်ရောဂါရှာဖွေစမ်းသပ်ပေးခြင်း ။ MBAPFမှလှူဒါန်းထားသော စာအုပ်များလက်ခံရရှိခြင်း ။ အဖွဲ့၀င်လူငယ်များမှ အခြေခံပညာကျောင်းများသို့
Mobileစနစ်ဖြင့် ကလေးဖတ်စာအုပ်စာပေများငှား
ပေးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။
#အနာဂတ်အိပ်မက်စာကြည့်တိုက်တည်ထောင်ရေး
အသင်း ထံမှလည်း စာအုပ်စာပေနှင့်စာအုပ်စင်
တန်ဖိုးငွေ #ငါးသိန်း ကျပ် ကို ကံစမ်းမဲဖြင့် အလှူရရှိထားခြင်း ။ ကိုဇော်ဇော်(မန္တလေးစာကြည့်တိုက်)
ထံမှလည်း စာအုပ်များ အလှူခံရရှိထားခြင်း။
ပဲခူးစာကြည့်တိုက်ဖောင်ဒေးရှင်းထံမှလည်းစာအုပ်များအလှူခံ ရရှိထားခြင်း။
များမကြာမီ ကာလတွင်လည်းကျောင်းသားလူငယ်လေးများ စာဖတိရှိန်မြင့်မားလာစေရန် တစ်လလျှင်
နှစ်ကြိမ် #ကလေးစာပေစကားဝိုင်း ပြုလုပ်သွားမည်ကို အဖွဲ့၀င်များနှင့် ညှိနိုင်းတိုင်ပင်ထားပါသည်။

စာကြည့်တိုက်မှူး             - မသိမ့်သိမ့်စု

စာကြည့်တိုက်ကြီးကြပ်  - ဦးမောင်လေးနွယ်

လူငယ်ပြတင်းစာကြည့်တိုက်
ရွှေဘုံသာ နတ်ကင်းကျေးရွာ
ဒိုက်ဦးမြို့နယ်
ပဲခူးတိုင်းဒေသကြီး (အရှေ့)
၀၉ ၇၆၈၇၈၆၉၉၃
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!