Library Image

သုတပျိုးခင်းစာကြည့်တိုက်

ကလော အလယ်

ရှမ်း/တောင်
တောင်ကြီးခရိုင်
ကလောမြို့နယ်
မြင်းမထိကျေးရွာအုပ်စု
နန်းအွန်ရွာ

#စာဖတ်ခြင်းအကျိုး

စာများများဖတ်ပါ။ မိမိ နှစ်သက်တဲ့ စာမျိုး နဲ့ မိမိ အတွက် တိုးတက်ရာတိုးတက်ကြောင်း (Self-develop) ဖြစ်စေမဲ့စာတွေကိုတလှည့်စီ ပုံမှန်ဖတ်ပါ။ အတွေ့ အကြုံအရစာဖတ်ခြင်းက အောက်ပါအကျိုးကျေးဇူးတွေ ရရှိလာပါတယ်။

၁) Intuition (အလိုအလျောက်သိမှု) ကောင်းလာခြင်း
စာများများဖတ်ခြင်းက လူကို reasoning လုပ်ဖို့ လှုံ့ဆော်ပေးတာကြောင့် လူကိုပိုပြီး Intuitive (အလိုအလျောက်သိသော) ဖြစ်စေပါတယ်။ ကိစ္စတော်တော်များများ ကို တပါးသူ ရှင်းပြစရာမလိုပဲမသိစိတ်က သိနေတက်တယ်။ ခြုံငုံသုံးသပ်နိုင်လာတယ်။ ပြသနာတစ်ခုခု ရှိပြီဆို ဘက်ပေါင်းစုံက စဉ်းစားပြီး သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်လာတယ်။

၂) Focus
စာဖတ်ခြင်းကြောင့် အာရုံစူးစိုက်မှုပိုမိုအားကောင်းလာပါတယ်။ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲ မှာ ရေးထားတာက လေ့လာသုံးသပ်ချက်တွေ အရ စာကိုအာရုံစိုက်ပြီးဖတ်ရတဲ့ အတွက်ကြောင့်မို့ ဦးနှောက်က ဆဲလ်တော်တော်များများ ဟာ active ဖြစ်ပြီး အလုပ်လုပ်နေရတယ်။ အဲ့ဒါကြောင့် ပိုမို သန်မာလာတယ်။ တခြားအလုပ်တွေမှာလဲ ဒီလို အာရုံစူးစိုက်မှုမျိုး ကို လွယ်လွယ်နဲ့ရရှိပြီး အကျိုးရှိရှိ အလုပ်လုပ်ရင်းစိတ်ပျံ့လွင့်မှုနည်းလာမယ်။ 

၃) Knowledge
ဒါကတော့ ပြောစရာမလိုပါဘူး။ စာ ပုံမှန်ဖတ်တဲ့ သူတွေ က သာမာန်လူတွေ ထက် ဗဟုသုတ ပိုမို ကြွယ်၀တာသဘာ၀ပဲလေ။ အချိန်ရတိုင်းစာဖတ်ပါ။ ရရှိလာတဲ့ ဗဟုသုတဆိုတာ တချိန် တော့ အသုံး၀င်လာမှာပဲ။ ဗဟုသုတကြွယ်၀တဲ့သူတွေဟာ Professional နဲ့Academic နယ်ပယ်မှာတင်မကပဲတခြားနယ်ပယ်တွေမှာပါ အခွင့်အလမ်းတွေပိုမိုရရှိပါတယ်။ 

၄) Vocabulary
စာဖတ်သူတွေက သာမာန်လူတွေထက် စကားပြောတဲ့ အခါပိုပြီး လိမ္မာပါးနပ်တယ်။ စကားလုံး အသုံးအနှုန်းတွေ က အစ ပညာသားပါတယ်။ အဲ့ဒါကြောင့် Social ပိုင်းမှာလဲလူတွေရဲ့ လေးစားမှုကို လုပ်ယူစရာမလိုပဲ အလိုလို ရရှိတယ်။

၅) Maturity
စာအုပ်စာပေချစ်သူတွေက သာမန်လူတွေထက် စဉ်းစားတွေး ခေါ်တာ၊ ပြုမူတာ၊ ဆုံးဖြတ်ချက်ချတာ၊ ပြသနာတွေကို တုံ့ပြန်တဲ့ အခါမှာ အမြဲ ပိုပြီး လေးနက်တယ်။ စကားပြောတာကအစ purposeful ဖြစ်တယ်။စာဖတ်နာလေလေ ပိုပိုရင့် ကျက်လာလေလေပါပဲ။

၆) Confidence
အရှင်းဆုံးဥပမာနဲ့ပြောရရင် မိမိပတ်၀န်းကျင် က စာဂျပိုးလို့သတ်မှတ်ခံထားရတဲ့ သူတွေ ကိုကြည့်လိုက်ပါ။ သူတို့ရဲ့၀တ်စားဆင်ရင်မှုက အရမ်းရိုးရှင်း ပင်မဲ့ သူတို့ဘ၀ကိုသူတို့နေပျော်နေတယ်။ ကျေနပ်ရောင့်ရဲ နေတယ်။ သူတို့ရဲ့ဖြစ်တည်မှု ဟာ အချိန် နဲ့အမျှ grow ဖြစ်နေတဲ့ အတွက် မိမိကိုယ်ကိုယ် အားမလိုအားမရတာတွေ အဖြစ်နည်းတယ်။ စိတ်ထဲမှာကြည်လင်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးစေတယ်။

အဲ့ဒါကြောင့် အခုလိုကာလမျိုးမှာ အချိန်ကို အလကားမဖြစ်စေပဲ self develop ဖြစ်ဖို့အတွက် စာဖတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးပါ။ မိမိကလေးတွေကိုလည်း Electronic device တွေနဲ့ အလွယ်တကူ ပစ်မထားပဲ စာဖတ်ဖို့တိုက်တွန်းပါ မိမိကိုယ်တိုင် ရှေ့ဆောင်လမ်းပြလုပ်ပါ။ မိမိရဲ့ စိတ်ဟာ တည်ငြိမ်နေမှ သန်စွမ်းနေမှ သူတပါးကို ပြန်လည် လက်ကမ်းနိုင်မှာဖြစ်တယ်။ မိမိကိုယ်တိုင်ဦးစွာ တည်ဆောက်ပါ။ 

#crd_to_owner
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!