Library Image

ထင်ပေါ်စာပေ စမ်းချောင်း

စမ်းချောင်း ကျွန်းတော (အလယ်) ရပ်ကွက်

ဘာကြောင့်ဘဲ အိမ်တွင်းအောင်းအောင်း စာဖတ်ချင်ရင်.....
ထင်ပေါ်စာပေရဲ့ မိတ်‌ဟောင်း၊ မိတ်သစ်များကို ဖိတ်ခေါ်ပါတယ်။
ဆိုင်မှာ လာငှားဖို့ အဆင်မပြေသူများအတွက် 
အိမ်တိုင်ရာရောက် စာအုပ်အငှားလုပ်ငန်းကို 
သင်တင့်တဲ့ ပို့ခနဲ့ တိုးချဲ့လိုက်ပါပြီ
အရင်ကလည်း အိမ်ပို့ လုပ်ငန်းကို လုပ်ခဲ့ပေမယ့်
စာအုပ်ငှားခထက် ပို့ခက ၃-၄ ဆ များနေလို့ အဆင်အပြေခဲ့သူတွေအတွက်
အခု Abundant Universe Cargo & Fright Delivery နဲ့ချိတ်ဆက်ပြီး
ဈေးနှုန်းသက်သာစွာနဲ့ ပို့ဆောင်ပေးတော့မှာမို့
အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါတော့။

စာအုပ်ဆိုင်တည်နေရာ။
အမှတ် ၅၆၊ အောင်သပြေလမ်း၊ စမ်းချောင်း။ (မဟာမြိုင်နှင့် ရွှေမန်းမှတ်တိုင်များ အနီး)
ဖုန်း ၀၁၇၅၀၄ ၂၀၄၊ ၀၉ ၄၂၁၉၈ ၂၅၆၀၊ ၀၉ ၈၈ ၅၁၀ ၅၇၀၆၊၊

ပေးပို့မည့် ရက်များ
ပိတ်ရက်မရှိ နေ့တိုင်း ပို့ပေး/ပြန်ယူ ပါမည်။

ဖတ်လိုသည့် စာအုပ်မှာရမည့်ရက်
စနေနေ့ ဖတ်ရှု့လိုသည့်စာအုပ်များကို အနည်းဆုံး တစ်ရက်ကြိုတင်၍
ဖတ်ရှု့လိုသူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပတ်တို့နှင့်အတူ မက်ဆင်ဂျာ/ CB တွင် ပေးပို့မှာကြားရန် ဖြစ်ပါသည်။

ဖတ်လိုသည့် စာအုပ်ရှာရန်
၁။ ထင်ပေါ်စာပေ စမ်းချောင်း ဟု FB search box တွင် ရိုက်နှိပ်ပြီး ဆိုင်ရှိစာအုပ်များ
အနက် လတ်တလော ဝယ်ထားသောစာအုပ်များကို ရှာဖွေနိုင်ပါသည်။
သို့မဟုတ် 
၂။ အောက်ပါ လင့်ခ် သို့ဝင်ရောက်ပြီး စာရောဆရာ တစ်ဦးချင်းစီ၏
စာအုပ်များစာရင်းကို ရှာဖွေနိုင်ပါသည်။ ဤသို့ရှာဖွေရာတွင် ကွန်ပြူတာနှင့် ဆိုပါက
ပိုမိုအဆင်ပြေနိုင်ပါသည်။ ဖုန်းဖြင့် ရှာဖွေရာတွင် ပိုမိုအဆင်ပြေစေရန် ကြိုးစားလျှက် ရှိပါသည်။
https://sites.google.com/view/htinpawsarpay
၃။ သီးခြားသိလိုသောစာအုပ်များကို မက်ဆင်ဂျာ / CB တွင် အချိန်မရွေး မေးမြန်းထားနိုင်ပါသည်။
(လပိုင်းအတွင်းထွက်ထားသော စာအုပ်များကိုမေးမြန်းလိုပါက များသောအာဖြင့် 
ငှားထားနိုင်သဖြင့် အမျိုးအမည် များများ မေးထားသင့်ပါသည်။)
၄။ ဖုန်းဖြင့် ဤစာအုပ်ရှိနေမနေ မေးမြန်းလိုပါကလည်း မွန်းလွဲ ၁ နာရီမှ ၇ နာရီအတွင်း မေးမြန်းနိုင်ပါသည်။

ဘယ်လောက်ကြာကြာ ငှားထားနိုင်မလဲ
လပိုင်းအတွင်းထွက်ထားသော စာအုပ်များဆိုပါက တစ်ပတ်ထက် ပိုမယူထားသင့်ပါ။
ကျန်သူများလည်း ဖတ်ရှု့လိုကြမည်ဖြစ်၍ အတတ်နိုင်ဆုံး 
မြန်မြန်ပြန်အပ်ပါက ပိုအဆင်ပြေပါမည်။ 
အမြန်ပြန်အပ်သော်လည်း ငှားခမှာမူ (တစ်ပတ်စာ) ၁၀ ရာခိုင်နှုန်းပင် ဖြစ်ပါသည်။
ထွက်ထားသည်မှာကြာနေသော စာအုပ်များအတွက်မူ တစ်လပြည့်လျှင် ပြန်အပ်ရန် အကြောင်းကြားပါမည်။

စာအုပ်ငှားခ
စာအုပ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို တစ်ပတ်စာငှားခ အဖြစ်ယူပါသည်။
ဥပမာ ၃၀၀၀ တန် စာအုပ်ကို ယခုအပတ် စနေနေ့ငှားပြီး နောက်အပတ် စနေနေ့ ပြန်အပ်ပါက ၃၀၀ ကျပ် ကျသင့်ပါသည်။ ရက်ကျော်ပါက တစ်ပတ်လျှင် ၃၀၀ စီ ပိုကျသင့်ပါမည်။ 

ပို့ခ
တစ်ကြိမ်လျှင် ၁၅၀၀ ကျပ်ဖြစ်ပါသည်။ ပြန်သိမ်းခ လည်း၁၅၀၀ ကျပ် ဖြစ်ပါသည်။ အဟောင်းသိမ်း အသစ်ယူဆိုပါက ပြန်သိမ်းခ မပေးရပါ။

အကျုံးဝင်သော မြို့နယ်များ (၃၂ မြို့နယ်)

အရှေ့ပိုင်းခရိုင် (၁၄) မြို့နယ်
1. တာမွေမြို့နယ်
2. တောင်ဥက္ကလာပမြို့နယ်
3. ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
4. ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
5. ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
6. ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
7. ဒေါပုံမြို့နယ်
8. ပုဇွန်တောင်မြို့နယ်
9. ဗိုလ်တထောင်မြို့နယ်
10. မင်္ဂလာတောင်ညွန့်မြို့နယ်
11. မြောက်ဥက္ကလာပမြို့နယ်
12. ရန်ကင်းမြို့နယ်
13. သင်္ဃန်းကျွန်းမြို့နယ်
14. သာကေတမြို့နယ်

အနောက်ပိုင်းခရိုင် (၁၂) မြို့နယ်
1. ကမာရွတ်မြို့နယ်
2. ကျောက်တံတားမြို့နယ်
3. ကြည့်မြင်တိုင်မြို့နယ်
4. စမ်းချောင်းမြို့နယ်
5. ဒဂုံမြို့နယ်
6. ပန်းဘဲတန်းမြို့နယ်
7. ဗဟန်းမြို့နယ်
8. မရမ်းကုန်းမြို့နယ်
9. လမ်းမတော်မြို့နယ်
10. လသာမြို့နယ်
11. လှိုင်မြို့နယ်
12. အလုံမြို့နယ်

မြောက်ပိုင်းခရိုင် (၉) မြို့နယ်
1. မင်္ဂလာဒုံမြို့နယ်
2. ရွှေပြည်သာမြို့နယ်
3. လှိုင်သာယာအရှေ့ပိုင်းမြို့နယ်
4. လှိုင်သာယာအနောက်ပိုင်းမြို့နယ်
5. အင်းစိန်မြို့နယ်

တောင်ပိုင်းခရိုင် (၁၀) မြို့နယ်
1. သန်လျင်မြို့နယ်

အာမခံစနစ်
စာအုပ်များမှာ ခေတ်ကာလအလိုက် တန်ဖိုး မြင့်မားလာခြင်း၊ ပြန်မအပ်သည့် စာအုပ်များ ပြန်လည်
ဝယ်ယူနိုင်ရန် လိုအပ်ခြင်းတို့ကြောင့် စာအုပ်တန်ဖိုးအလိုက် အပေါင်ငွေ (သို့မဟုတ်) နိုင်ငံသားကဒ် (မူရင်း)
တစ်ခုခု လိုအပ်ပါသည်။ ငှားထားသည့် စာအုပ် အနည်းအများအလိုက်
အပတ်စဉ် အပေါင်ငွေ အတိုး၊ အလျော့ ရှိနိုင်ပါသည်။ စာအုပ်များ အငှားရပ်ပြီး ငှားထားသော စာအုပ် အကုန်ပြန်အပ်ပြီး ချိန်တွင် အပေါင်ငွေကို ချက်ခြင်း ပြန်ပေးမည် ဖြစ်ပါသည်။
အပေါင်ငွေနှင့် လက်ခံရရှိသည့် စာအုပ်/များစာရင်းကို
ငှားရမ်းသူ နှင့် လက်ခံသူ နှစ်ဦးသဘောတူ လက်မှတ်ထိုးထားသော ပြေစာ ပေးထာမည်ဖြစ်ပြီး
ယင်းပြေစာပါ အပေါင်ငွေအတိုင်း ငွေပေးထားရန်/ ပြန်ပေးရန် ဖြစ်ပါသည်။

ငွေပေးချေခြင်း
စာအုပ်ငှားရမ်းခ၊ ပို့ခ နှင့် အပေါင်ငွေ စသည်တို့ကို KBZ Pay, Wave Money နှင့် CB Pay
စသည်တို့နှင့် အွန်လိုင်း ငွေပေးချေနိုင်ပါသည်။ သို့မဟုတ်
စာအုပ်လာပို့သူထံ တိုက်ရိုက် ပေးချေနိုင်ပါသည်။ 

စာအုပ်ပျောက်ဆုံး/ ပျက်စီးမှု
စာအု်ပျောက်ဆုံး/ပျက်ဆီးပါက ငှာရမ်းထားသူအနေနှင့် ပြန်လည်ဝယ်ပေးရန် (သို့မဟုတ်) အပေါင်ထားငွေထဲမှ နှုတ်ယူရန် ဖြစ်ပါသည်။
အချို့စာအုပ်များသည် ပထမအကြိမ်ထုတ် စာအုပ်များဖြစ်၍ တန်ဖိုးကြီးနေပါက ပြန်ရိုက်ထားသော စာအုပ်ဖြင့်
အစားထိုး အလျော်ပေးပါက ကွာဟနေသော ကာလတန်ဖိုးကို ပေးလျော်ရန်ဖြစ်ပါသည်။

စာအုပ်အမျိုးအစားများ။
ဝတ္ထုရှည် (မြသန်းတင့်၊ ချစ်ဦးညို၊ ဂျူး၊ ခင်နင်းယု၊ နုနုရည် အင်းဝ၊ စမ်းစမ်းနွဲ့ သာယာဝတီ၊
 ခင်ဆွေဦး၊ မိုးမိုး အင်းလျား၊ မစန္ဒာ၊ လူထုဒေါ်အမာ၊ ဝင်းဦး၊ သော်တာဆွေ၊ ကျော်မြသန်း၊
 မင်းသိင်္ခ၊ မင်းမြတ်သူရ၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ သာဓု၊ မေင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ၊ 
 လူသာမန်၊ မင်းခိုက်စိုးစန်၊ သတိုးတေဇ၊ ဖိုးကျော့၊ ဦးနု၊ နတ်နွယ်၊ ကိုပိုက်၊ မောင်ညိုမှိုင်း၊
 မင်းကျော်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဝင်းဝင်းလတ်၊ မဝင်းမြင့်၊ ဝင်းဝင်းမြင့် နန်တော်ရှေ့၊ မြူပါးရ်၊
 စံပယ်ဖြူနု၊ ရီချယ်ဦး၊ ဂျာနယ်ကျော်မမလေး၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မြေမှုန်လွင်၊
 ဒဂုန်တာရာ၊ ခင်မျိုးချစ်၊ သခင်ဘသောင်း၊ မောင်မောင်ဖြူ၊ ကျော်အောင်၊ တာရာမင်းဝေ၊ 
အောင်လင်း၊ သခင်ဘသောင်း၊ နိုင်ဝင်းဆွေ၊ သိုးဆောင်း၊ လူနေ၊ အကြည်တော်၊ နီကိုရဲ၊ 
သိန်းသန်းထွန်း၊ မြနှောင်းညို၊ စိန်စိန်၊ ကျော်မြသန်း၊ ရန်ကုန်ဘဆွေ၊ မဟာဆွေ၊ ဗိုလ်တာရာ၊
မနေဟရီ၊ ကြူမွှေး၊ ခင်မြဇင်၊ ကလျာ(ဝိဇ္ဇာ၊ သိပ္ပံ)၊ ဒဂုန်ခင်ခင်လေး၊ မောင်သိန်းဆိုင်၊
မာန် (တောင်လုံးပြန်)၊ ကြည်အေး၊ မောင်သော်က၊ နီမင်းဆွေ၊ မောင်မြေမှူး၊ မင်းကိုနိုင်၊
ခက်ဇော်၊ ဓူဝံ၊ စိုးဘာဒိုင်၊ ခင်ခင်ထူး၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ ဇော်ဇော်အောင်၊
လင်္ကာရည်ကျော်၊ အဏ္ဏဝါ စိုးမိုး၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းဖေမြင့်၊ ဝေမှူးသွင်၊ နတ်ရွာမိုး၊
ပုညခင်၊ ဇဝန၊ ပီမိုးနင်း၊၊

ဝတ္ထုတိုပေါင်းချုပ်များ၊ ရွှေ၆၀ မှ ၇၆ အထိ၊ ခံစားသူအကြိုက်၊ စိတ်ကူးချိုချို၊ အလင်းသစ်၊ 
 အပါအဝင် ဝတ္ထုတိုပေါင်းချုပ်စာအုပ်များ ၉၁၃ အုပ်။
ဘာသာပြန်များ - အထောက်တော်လှအောင်၊ မောင်ထွန်းသူ၊ မောင်မိုးသူ၊ မောင်ပေါ်ထွန်း၊ 
 စိုးသိဏ်း၊ တော်ကောင်းမင်း၊ ဒီနိုဗို၊ ဝင်းငြိမ်း၊ ရာပြည့်၊ ဉာဏ်သစ်၊ တင်မောင်မြင့်
 မောင်ထင်၊ ထင်လင်း၊ မြသန်းတင့်၊ သင့်လူ၊ နတ်နွယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဂုဏ်ဝင်း၊
 မောင်ဆုရှင်၊ စိန်ဝင်းစိန်၊ ပါရဂူ၊ မိုးသက်ဟန်၊ ချမ်းမြေ့ဝင်း၊ မြင့်သန်း၊ နေဝင်းမြင့်၊ 
 ဝင့်ပြုံးမြင့်၊ ဟိန်းလန်၊ ဝင်းငြိမ်း၊ လေသူရဲတစ်ဦး၊ မြတ်ငြိမ်း၊ မောင်မြင့်ကြွယ်၊ 
 နေဦးဝေ၊ လှစိုးဝေ၊ မြင့်သန်း၊

နိုင်ငံ‌ရေးစာပေများ - မင်းဒင်၊ မသီတာ (စမ်းချောင်း)၊ ဇာဂနာ၊ ဗြိတိသျှ ကိုကိုမောင်၊ သန်းစိုးနိုင်၊
ကိုကိုမောင်ကြီး၊ သခင်တင်မြ၊ မောင်ဝံသ၊ ဇော်သက်ထွေး၊ စံဇာဏီဘို၊ အင်းစိန်အောင်စိုး၊ 
‌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးကိုကိုလှိုင်၊ အောင်ဗလ/ ကြေးမှုံဦးသောင်း၊ သရဝဏ် (ပြည်)၊
 

အတွေးအမြင် စာပေများ - အတ္တကျော်၊ ဦးတင်ဦး (ကျူရှင်)၊ မင်းကိုနိုင်၊ သုခ၊ ထိုက်၊ ခင်မျိုးချစ်၊
ဒေါက်တာထွန်းဝင်း၊ ကိုဝမ်း၊ ချမ်းမြေ့ဝင်း၊ မြင့်သန်း၊ ပါပီယွန်၊ မိုးရှင်း၊ မွန်ဟော်စီ၊ သစ္စာနီ၊
ဖြိုးဝေ (မဟာဝိဇ္ဇာ)၊ ခင်စောတင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ အောင်ကျော်မြင့်၊
မောင်သာချို၊ လူထုစိန်ဝင်း၊ ကျော်ရင်မြင့်၊ ဒေါက်တာခင်မောင်ညို၊ မောင်ကိုကို၊ ဖေမြင့်၊
အောင်သင်း၊ စစ်ကိုင်းဦးဘိုးသင်း၊ မန်းတင်၊ နိုင်းနိုင်းစနေ၊ ချစ်စံဝင်း၊ ပီမိုးနင်း၊

စိတ်ပညာ ဆိုင်ရာ - ဦးအေးမောင်၊ ဒေါက်တာကျော်စိန်၊ ခင်မောင်သန်း (စိတ်ပညာ)၊
 ဦးခင်မောင်ဆွေ၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာမြင့်လွင်၊ မောင်သာမည၊ 
 မောင်ကျောက်တိုင်၊ သက်လုံ၊ နန္ဒာသိန်ဇံ၊ ဒေါ်ခင်အေးဝင်း၊ 

ပညာရေး၊ ဖွဲ့စည်းပုံ/ ဖယ်ဒရယ်၊ ဥပဒေ‌ရေးရာ၊ ခရီးသွားစာပေ၊ သမိုင်းထဲက နိုင်ငံရေး၊
ဗေဒင်/ လက္ခဏာ၊ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ ဆိုင်ရ စာအုပ်အချို့၊ ကျန်းမာရေး ဆိုင်ရာ စာအုပ်များ၊
နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အတ္ထုပ္ပတ္တိများ
ဘာသာရေးစာအုပ်များ
ကာတွန်းရုပ်ပြများ - တွတ်ပီ၊ ဘိုဘို၊ မိမန်းလေး၊ သမိန်ပေါသွပ်၊ ကိုရွှေထူး၊
 လေးမွန် ထွေးမွန်၊ မောင်တီထွင်၊ စိန်မျောက်မျောက်၊ အိုးရှင်း၊ 
 ရွှေသွေး (၁၉၇၅ ဝန်းကျင် ၇ နှစ်စာ)၊ တေဇ၊ ရွှေသွေးအထူးထုတ်များ
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!