ဘဝသစ်စာကြည့်တိုက်အား ရပ်ရွာထဲမှအနာဂတ်မျိုးဆက်သစ်များအတွက်ရည်ရွယ်ပြီး ကိုစံဝင်းမှ မိမိဝယ်ယူထားသော စာအုပ်ပေါင်း ၆၀၀ ကျော်ဖြင့် မိမိအိမ်အောက်ထပ်တွင် အခန်းဖွဲ့စည်းကာ ဖွင့်လှစ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့တွင် စာချစ်သူများလက်ထဲသို့ စာအုပ်များစတင်ငှားရမ်းခြင်း၊ ထို့နောက် စာကြည့်တိုက်ရန်ပုံငွေအတွက် အခြေခံကွန်ပျူတာသင်တန်းများကိုလဲ သင်ကြားခြင်း၊ စာကြည့်တိုက်အသင်းဝင်ကဒ်ပြားပြုလုပ်ပြီး စာငှားစနစ်ကိုဆောင်ရွက်(အသင်းဝင်ကြေး-၅၀၀ ကျပ်)။ ယခုအခါ စာချစ်သူ သူယ်ချင်း ၇ ယောက်ဖြင့် စာကြည့်တိုက်အဖွဲ့ကို ဖွဲ့စည်းခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာပေါင်း ၄ ရွာမှ တရက် စာငှားသူ ၂၅ ယောက် ဝန်းကျင်(စာအုပ်ပေါင်း ၆၀ ဝန်းကျင်)၊ ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စာအုပ်ဝယါယူခြင်းနှင့် အနယ်နယ်အရပ်ရပ်မှ စာချစ်သူများ လှူဒါန်းပေးမှုကြောင့် စာအုပ်ပေါင်း (၈၀၀)ကျော်ထိ စုစောင်းမိခြင်း၊ ကွန်ပျူတာသင်တန်းအား လစဥ် ၄ ဦးသင်ကြားခြင်း(ယနေ့ထိ ၂၆ ဦး သင်ယူပြီးမြောက်)