Library Image

Walking Book Mobile Library

ရေဦး အောင်မင်္ဂလာရပ်ကွက်

ကျနော်တို့ ရဲ့ Walking Book Mobile Library ကို

- ပတ်ဝန်းကျင်ကောင်းလေးဖြစ်စေချင်လို့
- စာဖတ်ကြစေဖို့ နဲ့ စာဖတ်ခြင်းမှာ မွေ့လျော်စေဖို့
- အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ဖို့
- Life Skills မြင့်မားစေဖို့ ... ဆိုတဲ့ ရည်ရွယ်ချက်‌လေးတွေနဲ့ ထူထောင်ထားတာပါ ။

    ကလေးဖတ်စာအုပ် ၁၅၀ ကျော် နဲ့
စတင်လည်ပတ်ခဲ့တဲ့ စာကြည့်တိုက်လေးဟာ
အခုဆိုရင် သုတ ရသ ဝတ္ထု ၊ ဘာသာပြန်ဝတ္ထု ၊ 
ဂန္ထဝင်ဝတ္ထုကြီးများ ၊ နာမည်ကြီးဝတ္ထုများ ၊ ကလေးစာပေ ၊ ဘာသာရေးစာပေ စတဲ့
စာအုပ်ကောင်းမျိုးစုံ 
အုပ်ရေ ၃၀၀၀ ကျော် ရှိလာပြီမို့ 
အားမနာတမ်း စိတ်တိုင်းကျ ရွေးချယ် 
ငှားနိုင်ပါတယ်ဗျ

ရပ်ဝေးရပ်နီး မှ မည်သူ့ကိုမဆို
စာအုပ်ကောင်းမျိုးစုံကို
အုပ်ရေအကန့်အသတ်မရှိ 
အခမဲ့ ငှားပေးပါတယ်

တနင်္ဂနွေနေ့တိုင်း ရပ်ကွက်ထဲကို စက်ဘီးနဲ့လှည့်ပြီး
အိမ်အရောက်စာအုပ်ငှားပေးပါတယ်

ဥပုသ်နေ့ ဆိုရင်တော့ သီလရှင်စာသင်တိုက်ကို
သွားရောက်ပြီး စာအုပ်ငှားပေးပါတယ်

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာ
စာအုပ်တွေအများကြီး ငှားပေးနိုင်ခဲ့တဲ့အပြင်

စာကြည့်တိုက်ကနေ
ပေသီးသင်္ချာသင်တန်း
ဖိနပ်ချုပ်သင်တန်း
နွေရာသီစာဖတ်စွမ်းရည်သင်တန်း (မြန်မာစာ)
နွေရာသီပန်းချီအ‌ခြေခံသင်တန်း
ပုံပြင်ရေးသားနည်းသင်တန်း တို့ကို
အခမဲ့ သင်ကြားပေးနိုင်ခဲ့ပါတယ် ။

ပန်းချီပြိုင်ပွဲ
(ရိုးရိုး၊‌ဆေးခြယ်၊ကာတွန်း၊ပုံတူ၊တီထွင်)
Ninja worrier junior အပျော်တမ်းပြိုင်ပွဲ ၊
ကလေးတို့စွမ်းရည်ပြိုင်ပွဲ ၊
ရုပ်ပုံကြည့်စီကုံးရေးသားခြင်းပြိုင်ပွဲ ၊
ကျပန်းစကားပြောပြိုင်ပွဲ တို့ကိုလည်း
ကျင်းပပေးနိုင်ခဲ့ပါတယ် ။

ကစားကွင်းတစ်ခု စုပေါင်းပြုလုပ်ခြင်း
ပုံပြင်စာအုပ်ဖတ်ပြခြင်း
ပုံပြောခြင်း
ပုံပြင်ပြဇာတ်ကပြခြင်း
ကလေးတို့စကားဝိုင်း
သမီးတို့ကျန်းမာရေးဆွေးနွေးပွဲ
စာအုပ်ဆွေးနွေးပွဲ
စုပေါင်းစိုက်ပျိုးရေး
အပျော်တမ်းကလေးသတင်းထောက်
နံရံကပ်စာစောင် စတဲ့ Activity မျိုးစုံကိုလည်း
လုပ်ဆောင်နိုင်ခဲ့လို့ တော်တော်ကို 
ဝမ်းသာကြည်နူးမိပါတယ် ။

နောက်ထပ်လည်း အစီအစဉ်တချို့
တိုးချဲ့လုပ်‌ဆောင်သွားပါဦးမယ်

???? ကလေးတွေအတွက် စာချစ်သူတွေအတွက်
ပတ်ဝန်းကျင်ကောင်းလေးဖြစ်အောင်
ဆက်ပြီး ကြိုးစားပါ့မယ်ဗျာ????

???? ၂၀၂၃ ခုနှစ် အတွင်း စာအုပ်ငှားမှတ်တမ်း ????

ဇန်နဝါရီလ ... ၁၂၆၉ ယောက် ၄၅၂၂ အုပ်

ဖေဖော်ဝါရီလ ... ၁၃၈၆ ယောက် ၄၀၄၆ အုပ်

မတ်လ ......၁၃၉၂ ယောက် ၄၂၈၂ အုပ်

ဧပြီလ ...... ၁၂၄၈ ယောက် ၄၁၇၄ အုပ်

မေလ ....... ၁၅၇၀ ယောက် ၅၂၃၁ အုပ်

ဇွန်လ ...... ၁၁၈၆ ယောက် ၄၂၇၀ အုပ်

ဇူလိုင်လ ... ၁၈၈၀ ယောက် ၆၆၁၂ အုပ်

ဩဂုတ်လ ... ၁၄၂၀ ယောက် ၅၂၅၅ အုပ်

စက်တင်ဘာလ ... ၁၁၉၁ ယောက် ၄၅၁၄ အုပ်

အောက်တိုဘာလ ... ၁၂၀၃ ယောက် ၄၄၀၅ အုပ်

နိုဝင်ဘာလ ... ၁၄၁၁ ယောက် ၄၇၉၀ ‌အုပ်

ဒီဇင်ဘာလ ... ၁၅၆၇ ယောက် ၅၅၅၇ အုပ်

????စာအုပ်ငှားသူစုစုပေါင်း ၁၆၇၂၃ ယောက် 
???? ငှားပေးခဲ့ရသော စာအုပ် ၅၇၆၅၈ အုပ်

???? စာဖတ်ခြင်းမှာမွေ့လျော်ကြပါစေ ????

#ကလေးစာပေ #ကလေးစာအုပ် #ThirdStoryChildren'sBooks
#SampanTravel 
#ကလေးပျော်စာကြည့်တိုက်
#WALKINGBOOK
#mobilelibrary 
#အခမဲ့စာကြည့်တိုက်
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!