Library Image

ဗိုလ်မှူးဗစိန် စာကြည့်တိုက်

ထီးလင်း တောမ

စာကြည့်တိုက်တာဝန်ခံ - ကိုမျိုးကို

စတင်ဖွင့်လှစ် - 1952ခုနှစ်တွင်တောမ-ညောင်ဇင်ကျေးရွာ ရွာဦးကျောင်းဆရာတော်ဦးဝိလာသနှင့် ဆရာတော်ဦးသူရိယ တို့မှ ဦးဆောင်ပြီး ရွာဦးဘုန်းကြီး ကျောင်းဝင်းအတွင်းတွင် ပြည်တော်ဧစာကြည့်ပိဋကတ်တိုက်နာမည်ဖြင့် ပိဋကတ်စာပေများနှင့် အခြားဗဟုသုတစာအုပ်များ ထားရှိဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ၂၀၀၃ ခုနှစ်၊ ၃ လ၊၂၇ ရက်နေ့ ( တပ်မတော်နေ့ )တွင် စာဖတ်ရန်နေရာကျဉ်းမြောင်းမှုနှင့် အဆောက်အအုံ မခိုင်ခံ့မှုများကြောင့် ရွာလယ်အချက်အခြာ ကျသောနေရာတွင် တောမ-ညောင်ဇင်ကျေးရွာဇာတိမွေး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဗိုလ်မှူးဗစိန်နှင့် သူ၏ညီအရင်း ဗိုလ်ချစ်စုတို့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်မှူးဗစိန်စာကြည့်တိုက်အဖြစ် နာမည်ပြောင်းကာ အဆောက်အဦ အသစ် နေရာပြောင်းရွေ့ တည်ဆောက်ခဲ့ပါသည်။

အဆိုပါဗိုလ်မှူးဗစိန်စာကြည့်တိုက်အား ဦးဆောင်ဦးရွက်ပြု၍တည်ထောင်ဆောက်လုပ်ပေးခဲ့သူများမှာ ဗိုလ်မှူးဗစိန်၏သား၊ ဗိုလ်ချစ်စု၏သားအရင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဦးလက်ထက်တွင် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဦး(ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးထွန်းကျော် (မြို့နယ်အဆင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ၊ အငြိမ်းစား) ၊ ဦးထွန်းပေါ ၊ ဦးကျားမောင် တို့ပါဝင်သော ကော်မတီဝင်များနှင့် ရွာသူရွာသားများပူးပေါင်းကာ အကောင်အထည်ဖော် စတင်ဖွင့်လှစ်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိတွင်လည်း အဆိုပါကော်မတီဝင်များ၏ ကြီးကြပ်မှုအောက်တွင် လည်ပတ်ဆောင်ရွက်လျှက်ရှိပါသည်။

စာအုပ်စုစုပေါင်း ( ၇၀၀ ) အုပ်ခန့်

လက်ရှိလုပ်ဆောင်နေမှု

လက်ရှိတွင် အင်္ဂါ၊ ကြာသပတေး ၊ စနေ၊ တနင်္ဂနွေ တစ်ပတ်ကိုလေးရက်၊ တစ်ရက်လျှင် မနက်  မနက် ၉နာရီကနေ ၁၁နာရီထိ၊ နေ့လည် ၁နာရီကနေ ၃နာရီထိ၊ ညနေ ၅နာရီကနေ ည၈နာရီထိ အချိန်မှန်ဖွင့်လှစ်ပေးလျှက်ရှိပါသည်။

ထို့အပြင် အဖွဲ့ဝင် များပြားရေး၊ အသင်းဝင်တိုးပွားရေး၊ စာအုပ်စာပေများ တိုးတက်များပြားရေး၊ တောနေလူထု အသိပညာဗဟုသုတ ရရှိစေရေး၊ တိုးတက်ပြောင်းလဲနေသော ပြည်တွင်း ပြည်ပအခြေအနေများကို အချိန်နဲ့တပြေးညီ စဉ်ဆက်မပြတ် သိရှိကြစေရန်၊

ကျေးလက်နေတောင်သူများစိုက်ရေးပျိုးရေး သုတများရရှိစေရန် သတင်းစာဂျာနယ်၊ မဂ္ဂဇင်းပေါင်းစုံ အချိန်မှန်ရောက်ရှိရေးအတွက် ပန်းမျိုးတစ်ရာ ပွင့်စေလိုသူများ စာကြည့်တိုက်ရန်ပုံငွေအသင်း နှင့် ကျေးရွာရှိ ကာလသမီးကာလသားများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ ပူးပေါင်းကာ အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။

အနာဂတ်ရည်မှန်းချက်

ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များမှာ ဆောင်းနှင့်နွေ ပွင့်လင်းရာသီများတွင် mobileဝန်ဆောင်မှုအနေဖြင့် အနီးပတ်ဝန်းကျင်ရှိရွာများနှင့် ကျေးရွာအတွင်းရှိ စာပေဝါသနာရှင်များထံသို့ အိမ်တိုင်ရာရောက် ငှါးရမ်းပေးသွားပါမည်။ ဆက်လက်၍ နှစ်ပတ်တစ်ကြိမ် စာပေဆွေးနွေးပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ တစ်လတစ်ကြိမ် စာတမ်းဖတ်ပွဲများ အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ လူလိမ်မခံရစေရန် ၊ စာပေအသိ တွေးတောဆင်ခြင်ဉာဏ်များထက်သန်လာစေရန်အတွက် "စာအုပ်စာပေလူ့မိတ်ဆွေ " ဟူသောဆောင်ပုဒ်သည်အလွန်မှန်ကန်ကြောင်း ကျေးလက်နေပွင့်လင်းရိုးသားသော ကျေးရွာသူ/ကျေးရွာသားများ ကျယ်ပြန့်နက်နဲစွာသိရှိနိုင်စေရန် နှင့် စာကြည့့်တိုက်အဆောက်အအုံ တိုးချဲ့နိုင်ရန်ဆက်လက်လုပ်ဆောင်သွားပါမည်။
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!