Library Image

မင်းကင်းမိသားစုကျောင်းသားများအသင်း (Minkin Family) ရွေ့လျားစာကြည့်တိုက်

မင်းကင်း မြို့မရပ်ကွက်

စတင်တည်ထောင်သည့်အချိန်

မင်းကင်းမိသားစုကျောင်းသားများအသင်း Minkin Family သည် ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင်စတင်တင်ထောင်ခဲ့ပါသည်။ မုံရွာတက္ကသိုလ်တွင်် အခြေစိုက်ပြီး မင်းကင်းမှကျောင်းသူ၊ ကျောင်းသားများဖြင့် အဓိကဖွဲ့စည်းထားပါသည်။ 

ရည်ရွယ်ချက််

မုံရွာတက္ကသိုလ်တွင်တက်ရောက်နေကြသည့်အချိန်တွင် မိမိတို့မြို့နယ်သူ/သားများအနေဖြင့် 

  • အချင်းချင်းစည်းလုံးစွာနေထိုင်နိုင်ကြရန်၊ 
  • အဖွဲ့အစည်းနှင့်လုပ်ကိုင်သည့်အတွေ့အကြုံများရရှိစေရန်
  • ပရဟိတလုပ်ငန်းများလုပ်ဆောင်နိုင်ရန် 

စသည်တို့ကိုရည်ရွယ်ခဲ့ပြီး..

မိမိတို့ကျောင်းပိတ်ကာလများတွင် မိမိတို့မြို့နယ်အတွက် တစ်ဖက်တစ်လမ်းမှ စာပေအကျိုးပြုလုပ်ငန်းဖြစ်သည့် ရွေ့လျားစာကြည့်တိုက်အစီအစဉ်ကိုအဓိကလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြသည်။ အခြား သက်ဝင်လှုပ်ရှားနေသည့်စာကြည့်တိုက်များကိုလည်း စာအုပ်များလှူဒါန်းနိုင်ခဲ့ကြသည်။

လက်ရှိဆောင်ရွက်နေမှု

လက်ရှိတွင် စာအုပ်အရေအတွက် ၂၀၀၀ ဖြင့် မြို့နယ်အနှံ့ အုပ်စုလေးခုမှကျေးရွာများအား စာအုပ်များအခမဲ့ တစ်ပတ်လျင် နှစ်ရက်လှည့်လည်ငှါးရမ်းပေးနေကြပါသည်။ အပတ်စဉ်ဂျာနယ်များလည်း လှူဒါန်းနိုင်ခဲ့ကြပါသည်။

ဆက်လက်၍ကြိုးစားသွားမည်ဖြစ်ပါသည်။

အမှုဆောင်အဖွဲ့
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!