???????????? နေရာ ????????????
အမှတ် ၇၆ (ဒုတိယထပ်)၊ လှည်းတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
???????????? ဖွင့်ချိန် ????????????
သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ
နေ့လယ် (၁)နာရီ - ညနေ (၅)နာရီ
???????????? စာဖတ်မယ် အင်တာနက်သုံးမယ် ????????????
ICEY စာကြည့်တိုက်ကို မည်သူမဆို လွတ်လပ်စွာ လာရောက်ပြီး စာဖတ်နိုင်၊ အင်တာနက်အသုံးပြုနိုင်ပါတယ်။ စာဖတ်တာ၊ အင်တာနက်သုံးတာအတွက် အခမဲ့ဝန်ဆောင်မှုပေးပါတယ်။
???????????? စာကြည့်တိုက်မှာ အသင်းဝင်မယ် ????????????
စာကြည့်တိုက်ကနေ စာအုပ်ငှားမယ်ဆိုရင် စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ လိုပါတယ်။
ငှားရမ်းလိုတဲ့ စာအုပ်အမျိုးအစားပေါ်မူတည်ပြီး အသင်းဝင်အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။
***စာမေးပွဲသင်ထောက်ကူပြုစာအုပ်များ ငှားလိုသူများအတွက်***
???????? S Class ????????
- TOEFL/IELTS/SAT/GRE/GMAT စသော စာမေးပွဲသင်ထောက်ကူပြုစာအုပ် (၂)အုပ်
- အခြားစာအုပ် (၃)အုပ်
- ၈ဝဝဝကျပ် [(၆)လ]
???????? A Class ????????
- TOEFL/IELTS/SAT/GRE/GMAT စသော စာမေးပွဲသင်ထောက်ကူပြုစာအုပ် (၁)အုပ်
- အခြားစာအုပ် (၄)အုပ်
- ၅ဝဝဝကျပ် [(၆)လ]
***စာမေးပွဲသင်ထောက်ကူပြုစာအုပ်များမှအပ အခြားစာအုပ်များ ငှားလိုသူများအတွက်***
???????? J Class ????????
- စာအုပ် (၅)အုပ်
- ၇၀၀ကျပ် [(၁)လ]
???????????? ငှားရမ်းခွင့် ????????????
- စာမေးပွဲသင်ထောက်ကူပြုစာအုပ်များ [တစ်ကြိမ်ငှား တစ်ပတ်]
- အခြားစာအုပ်များ [တစ်ကြိမ်ငှား နှစ်ပတ်]
???????????? အသင်းဝင်ဖြစ်ရန် လိုအပ်ချက်များ ‼️????????????
- ဓာတ်ပုံ(၂)ပုံ
- မှတ်ပုံတင်မိတ္တူ
- အသင်းဝင်ကြေး
????????????????♂️ စာကြည့်တိုက်မှာ အချိန်ပိုင်း လုပ်အားပေးမယ် ???????? ????????
ICEY စာကြည့်တိုက်မှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးလိုသူ အားလုံးကို ကြိုဆိုပါတယ်။ စာကြည့်တိုက်အသင်းဝင်တိုင်း လုပ်အားပေးဖို့ လျှောက်ထားနိုင်ပါတယ်။
တခြားသိချင်တာတွေကိုလည်း cb မှာ မေးမြန်းနိုင်ပါတယ်နော်။ ????????????????
~ ICEY Community Library Admin Team