Library Image

အမျိုးသားစာကြည့်တိုက်

ရန်ကင်း အမှတ် (၅) ရပ်ကွက်

#အမျိုးသားစာကြည့်တိုက်
အမှတ် ၈၅ သီရိမင်္ဂလာရိပ်သာလမ်း ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ 

#အမျိုးသားစာကြည့်တိုက်ခွဲ 
အမှတ် ၆၆/၇၄ ၊ပြည်လမ်း၊ ဗဟန်းမြို့နယ်၊.ရန်ကုန်မြို့
(အမျိုးသားပြတိုက်အဆောက်အအုံ၊ ပထမထပ် )

#စာကြည့်တိုက်ဖွင့်သည့်ရက်နှင့်ဝန်ဆောင်မှုပေးချိန်

အင်္ဂါနေ့မှ စနေနေ့အထိ
နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ အထိ

#စာကြည့်တိုက်ဝန်ဆောင်မှုနားသည့်နေ့

တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရပြန်တမ်းဝင်ရုံးပိတ်ရက်များ

#ဆက်သွယ်ရန် 

#ဒေါက်တာကေသီထွေး 
ညွှန်ကြားရေးမှူး
အမျိုးသားစာကြည့်တိုက်
ရန်ကုန်

#တယ်လီဖုန်း ၀၁ ၆၆၂၄၇၀ ၊ ၀၁ ၆၆၃၉၀၂
#mobile.     ၀၉ ၅၁၉၅၄၆၉
#ဖက်စ်         ၀၁ ၆၆၃၉၀၂

#email: myanmar.nationallibrary@gmail.com,

စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်ခုနစ်သိန်းခန့် စုစည်းထားရာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရန်ကုန် ဇူလိုင် ၁

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ မြန်မာနိုင်ငံ၏ အမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာန ဖြစ်လာစေရန် မျှော်မှန်းချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပိတ်ရက်နှစ်ရက်မှအပ ဖွင့်လှစ် လျက် ပြည်တွင်း၊ ပြည်ပ ကျောင်းသား ကျောင်းသူ များနှင့် စာတမ်းပြုစုသူများ လာရောက်ေ လ့လာ ဖတ်ရှု နိုင်ရန် စာအုပ်၊ စာနယ်ဇင်းနှင့် ပေ၊ ပုရပိုက် ခုနစ်သိန်းခန့်ဖြင့် ထိန်းသိမ်းပြုစုထား ကြောင်း သိရသည်။

▄ အမျိုးသားစာကြည့်တိုက်၏သမ်ိုင်းကြောင်း ▄

မြန်မာနိုင်ငံတွင်စာကြည့်တိုက်ကို ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အောက်မြန်မာပြည် ဝန်ရှင်တော် မင်းကြီး ဆာချားလ် အက်ဒွပ်ဘားနတ် (Sir Charies Edward Bernard)က ဘားနတ် အခလွတ် စာကြည့် တိုက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ကင်းဝန်မင်းကြီး ပိဋကတ် တိုက်မှ ပေ၊ ပုရပိုက် များ၊ စာမူ စာအုပ်များနှင့် ၁၉၂၄ ခုနှစ်တွင် ပုဂံ ဝန်ထောက်မင်းကြီး ဦးတင်၏ ပိဋကတ် တိုက်မှ စာစုများကို ဝယ်ယူ၍ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၂ ခုနှစ် ဇွန် ၁ ရက်တွင် ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီး ဌာနက နိုင်ငံတော်စာကြည့်တိုက် အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟော တွင် နိုင်ငံတော်က ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇွန်လတွင် အမှတ်(၁၆၆)၊ ပန်းဆိုးတန်းရှိ် အဆောက်အအုံ၏ ဒုတိယ ထပ်နှင့် တတိယထပ်သို့ ပြောင်း ရွှေ့ခဲ့ပြီး ၁၉၆၄ ခုနှစ် ဩဂုတ်လတွင် “အမျိုးသားစာကြည့်တိုက်ဟုအမည်ပြောင်းလဲ၍ ရန်ကုန်မြို့တော် ခန်းမ တတိယထပ်သို့ ပြောင်းရွှေ့ခဲ့ကာ စာဖတ်ခန်းကိုလည်း ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၄ ခုနှစ် ဩဂုတ်လ တွင် ကမ်းနား လမ်းရှိ ခြောက်ထပ်ရုံးသို့ ပြောင်းရွှေ့ ဖွင့်လှစ် ကာ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန် လမ်းထောင့် ၌ အမျိုးသား စာကြည့်တိုက်အဆောက်အအုံ ပန္နက်တင် အခမ်းအနား ကို ၁၉၉၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ကျင်းပ၍ ၂၀၀၂ ခုနှစ်တွင် အဆောက်အအုံသစ်သို့ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် နာဂစ် မုန်တိုင်းကြောင့် အမျိုးသားစာကြည့်တိုက် ပျက်စီးခဲ့ရာ ဩဂုတ် ၈ ရက်တွင် ရန်ကင်းမြို့နယ် ကမ်ဘာအေး ဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

▄ စုစည်းထိန်းသိမ်း ▄

အဆိုပါစာကြည့်တိုက်တွင် မန္တလေးနန်းတွင်းမှ ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ပုဂံဝန်ထောက် ဦးတင်တို့၏ ပေ၊ ပုရပိုက်အစုများ၊ ကမ္မဝါအမျိုးမျိုးနှင့် လက်ရေးစာများကို ဘားနတ်အခလွတ်စာကြည့် တိုက်မှ အမွေ ဆက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုန်းကြီးကျောင်း များမှ ပေ၊ ပုရပိုက်များကိုလည်း ထပ်မံစုဆောင်း ထိန်းသိမ်းထားရှိ သည်။ ပေစာများမှာ အနည်းဆုံးနှစ် ၁၀၀ သက်တမ်းရှိပြီး အချို့မှာ နှစ် ၂၀၀ ခန့် သက်တမ်းရှိ သည်။ ပေ၊ ပုရပိုက်နှင့်လက်ရေးစာအများစ မှာ ဗုဒ္ဓဘာသာကျမ်းများဖြစ်၍ ပိဋကတ်တော်များ၊ အဖွင့်ကျမ်းများ၊ ဗုဒ္ဓဝင်ကျမ်းများအပြင် လောကီကျမ်းဖြစ်သည့် ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ စားတော်ချက် ကျမ်းပါမကျန် စုစည်းထိန်းသိမ်းထား ကြောင်းသိရသည်။

▄ ထုတ်ဝေသမျှ စာအုပ်ပြည့်စုံ ▄

အမျိုးသားစာကြည့်တိုက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ထုတ်ဝေသမျှ စာအုပ်တွေကို ပြည့်စုံမှုဖြစ်အောင် စုရပါတယ်။ ဒါတွေကို ခေတ်အဆက် ဆက် တည်တံ့နိုင်အောင်လည်း ထိန်းသိမ်းရပါတယ်။ ဟိုးယခင် နှစ်ပေါင်းများစွာက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ စာပေနဲ့ ပေ၊ ပုရပိုက်တွေ ရှိနေတာပါ။ ၁၈၈၃ ခုနှစ်ထဲက မူရင်း စာပေတွေ၊ ပေ၊ ပုရပိုက်တွေ သိုမှီးထားတဲ့ အမျိုးသားစာကြည့် တိုက်ကြီးပါ။ မှန်နန်းရာဇဝင် ဆိုရင်ပေပေါ်မှာ တည်ခဲ့ပြီးတော့ မူရင်းက အစရှိပါတယ်။ အဲချင်း၊ ဧချင်းတွေလည်းရှိတယ်။ စာအုပ်၊ စာနယ်ဇင်း ပေ၊ ပုရပိုက် စုစုပေါင်း ခုနစ်သိန်းခန့် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်ခေတ် တုန်းက ဘယ်လို စာအုပ်၊ ဘယ်လိုစာပေတွေ ထုတ်ဝေ ပေါ်ထွန်းခဲ့တယ်ဆိုတာ အခုလို အမျိုးသား စာကြည့်တိုက်မှာ ရှိနေ တာပါ။ မြန်မာ့စာပေဟာ မြန်မာ့ယဉ်ကျေး မှုဖြစ်တဲ့အတွက် သမိုင်း အထောက်အထားတွေ ဆိုရင်လည်း မမှားပါဘူး။ အမျိုးသားစာကြည့် တိုက်ဖြစ်တဲ့အတွက် မည်သူမဆို အခမဲ့ဖတ်ရှုလို့ရပါတယ်။ တက္ကသိုလ် စာကြည့်တိုက်ဆိုရင် တက္ကသိုလ်ကျောင်းသားတွေပဲ အဆင်ပြေနိုင် မယ်၊ အပြင်လူဆိုရင် အကန့်အသတ်ရှိနိုင်တယ်။ ဒီမှာတော့မရှိဘူး။ တနင်္ဂနွေ၊ တနင်္လာပိတ် ရက်ကလွဲရင် ကျန်တဲ့ရက်တွေ ဖွင့်ထားပါတယ်။ ပြည်လမ်းက အမျိုးသား စာကြည့်တိုက်လည်း အတူတူပါပဲ။ နောင်ဆိုရင် (၃၂)လမ်းနဲ့ ကုန်သည် လမ်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ရှိပါတယ်။ နိုင်ငံတကာအဆင့်မြင့် စာကြည့်တိုက်ကြီး ဖြစ်အောင် မျှော်မှန်းချက်နဲ့ လုပ်ဆောင်နေကြပါတယ်။ ပိတ်ရက်မရှိတဲ့အပြင် နံနက် ၉ နာရီကနေ ည ၉ နာရီ အထိ ဖွင့်လှစ်နိုင် ဖို့က ကြိုးစားနေပါ တယ်။ ပြည်တွင်း၊ ပြည်ပလာရောက်လေ့လာတဲ့အထဲမှာ ပြည် တွင်း၊ ပြည်ပရှိပြီးတော့ ပြည်ပက မူရင်းအထောက်အထားကို လေ့လာတာ များတယ်။ ပေပေါ်ကနေ စာအုပ်ပေါ်ကို ရောက်တာကြောင့် စာအုပ် လေ့လာတဲ့သူလည်းရှိတယ်။ ပြင်သစ်၊ ဂျာမနီ၊ ရုရှားလည်း လာပါ တယ်။ ခွင့်ပြုချက်နဲ့ လာကြတာပါ။ ကုန်းဘောင်ခေတ်က မှတ်တမ်း တင်ခဲ့တဲ့ မှန်နန်းရာဇဝင်ဆိုရင် ပေပေါ်မှာပဲ မှတ်တမ်းတင်ခဲ့လို့ ယနေ့တိုင်ထိန်းသိမ်းပြီး စာရွက်ပေါ်ကိုလည်း တင်နိုင်ခဲ့တာကြောင် မြန်မာ သမိုင်း အထောက်အထားဖြစ်ခဲ့တဲ့အတွက် နောင်လာ နောက်သားတွေ လေ့လာဖတ်ရှုနိုင်ခဲ့လို့ မြန်မာ့ ယဉ်ကျေးမှုကို ကမ်ဘာက ပိုပြီး သိရှိလာစေပါ တယ်ဟု ရန်ကင်းမြို့နယ် ကမ်ဘာအေးဘုရားလမ်းရှိ အမျိုးသား ပြတိုက် မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောကြားသည်။

အမျိုးသားစာကြည့်တိုက်အဖွဲ့(ရန်ကုန်)ကို ဒဂုံမြို့နယ် ပြည်လမ်းတွင် ဖွင့်လှစ်ထားပြီး ရန်ကင်းမြို့နယ် ကမ်ဘာအေးဘုရားလမ်း၊ သီရိ မင်္ဂလာရိပ်သာလမ်းသွယ်တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကိုဖွင့်လှစ် ထားရာ ၁၈၈၃ ခုနှစ်မှ ယနေ့တိုင် စာအုပ်၊ စာပေ၊ စာနယ်ဇင်းနှင့် ပေ၊ ပုရပိုက်တို့ကို နိုင်ငံ၏ အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အနေဖြင့် ထိန်းသိမ်းထားလျက်ရှိသည်။ 

▄ ရှားပါးစာစုများ ▄

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ၁၉၄၈ ခုနှစ်က ထုတ်ဝေ ခဲ့သော စာအုပ်များနှင့် ၁၉၆၂ ခုနှစ် မတိုင်မီက ထုတ်ဝေခဲ့သော စာနယ်ဇင်း များကိုလည်း ထိန်းသိမ်းထားပြီး အစောဆုံး စာအုပ်မှာ ၁၇၇၆ ခုနှစ်က ရောမမြို့တွင် ထုတ်ဝေခဲ့သော မြန်မာသင်ပုန်းကြီး စာအုပ်ပင်ဖြစ်သည်။ နိုင်ငံခြားမှ ထုတ်ဝေသော စာအုပ်များအပြင် ရန်ကုန်မြို့ရှိ ပုံနှိပ်တိုက်များနှင့် မင်းတုန်းမင်းလက်ထက်က တည်ထောင်ခဲ့သော မန္တလေး မြို့ ရတနာပုံနေပြည်တော် ပုံနှိပ်တိုက် မှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စုစုပေါင်း အုပ်၂၈၀ လည်း ပါဝင် သည်။ ရှားပါး စာနယ်ဇင်းများတွင်လည်း မြန်မာနိုင်ငံ တွင် ပထမဆုံး ထုတ်ဝေသော The Moulmain Chronicle (ဧပြီ ၁၈၄၄ မှ ဧပြီ ၁၈၄၅ ထိ)၊ ရတနာပုံနေပြည်တော်သတင်းစာ ၁၈၇၆ ခုနှစ် မတ် ၂၄ ရက် တို့ ပါဝင်ပြီး စုစုပေါင်းစောင်ရေ ၂၃၀၀၀ ကျော် ထိန်းသိမ်းထားသည်။

▄ ပုံနှိပ်စာအုပ်များ ▄

ပုံနှိပ်စာအုပ်များတွင် မြန်မာနိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသော စာအုပ် စာတမ်းများအပြင် အာဆီယံ နိုင်ငံများမှ ယဉ်ကျေးမှုနှင် ပြန်ကြားရေးဆိုင်ရာ စာအုပ်များ၊ ကုသသမဂ္ဂ အဖွဲ့အစည်း အချို့မှ ထုတ်ဝေသော စာအုပ်နှင့် စာနယ်ဇင်းများ၊ ရည်ညွှန်း စာအုပ်၊ စာတမ်းများ၊ ဘွဲ့ယူ ကျမ်းများဟူ၍ ခွဲခြားထားရှိပြီး နှစ်စဉ် ပုံနှိပ်စာအုပ်စာတမ်းပေါင်း လေးထောင်ခန့် တိုးပွားလျက်ရှိသည့်အပြင် အများပြည်သူက လှူဒါန်းထားသော စာအုပ်စာတမ်းများကိုလည်း အလှူရှင်အမည်ဖြင့် သီးခြားထားရှိသည်။

▄ စာနယ်ဇင်းများ ▄

၁၉၆၂ ခုနှစ်နောက်ပိုင်း ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များနှင့် သတင်းလွှာများကို စုဆောင်းထားရှိပြီး အများ ပြည်သူကို ဝန်ဆောင် မှုပေးလျက်ရှိကာ စာနယ်ဇင်းများတွင်ပါရှ သည့် သတင်း ဆောင်းပါးများကိုလည်း အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်စေရန် အညွှန်းစာများဖြင့် ပြုစု ထားရှိသည်။

ထိန်းသိမ်းဆောင်ရွက်လျက်ရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၏ စာပေပစ္စည်း ပြုပြင် ထိန်းသိမ်းရေးဌာနစိတ်ကို ၁၉၉၃ ခုနှစ်တွင် စာအုပ်ချုပ်လုပ်ငန်းမှ အစပျိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စာပေယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထား မှတ်တမ်း တို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက် ဆိုးရွား စွာ ပျက်စီးမှု မရှိစေရန်၊ ပျက်စီးခဲ့ပါက ဆက်လက်ပျက်စီးမှု မရှိစေရန်၊ စာပေပစ္စည်းပြုပြင် ထိန်းသိမ်းရေး နည်းစနစ်တို့ကို အသုံးပြု၍ အဆင့်ဆင့် ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့စေရန် ထိ်န်းသိမ်းခြင်း လုပ်ငန်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိကာ ရှားပါး၍ တန်ဖိုးမဖြတ်နိုင် သော စာပေ ပစ္စည်း များအား Digital form အဖြစ် ပြောင်းလဲပြီး e -book ၊ e – Periodical အဖြစ် လေ့လာဖတ်ရှုနိုင်ရန် အတွက် Digitize ပြုလုပ်ခြင်း ကိုလည်း ဆောင်ရွက်လျက် ရှိသည်။

တိုးတက်နေတဲ့နိုင်ငံတွေက စာကြည့်တိုက်တွေ ပိုပြီးတိုးတက် ပါတယ်။ နိုင်ငံတကာအဆင့်မီ စာကြည့် တိုက်ဖြစ်ဖို့ ရည်မှန်းချက် တွေနဲ့ ဆောင် ရွက်နေကြ ပါတယ်။ အရှေ့တောင်အာရှမှာတော့ နည်းပညာ တိုးတက်တဲ့ အတွက် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်တွေ တိုးတက်ကောင်း မွန်ပါ တယ်။ လူငယ်တွေကို ဂိုက်လုပ် တာကလူကြီး တွေဖြစ်တဲ့အတွက် လူကြီးတွေ စာများများဖတ်ဖို့လည်း လိုပါ တယ်။ စာကြည့်တိုက်အနေနဲ့ တရုတ်ပြည်မှာ ဒေါက်တာဘွဲ့ရရှိပြီး နေပြည်တော်မှာ တာဝန် ထမ်းဆောင် နေတာလည်း ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ ပြည်ပမှာ သင်တန်းတွေ တက်တာ၊ ပြည်ပကို သွားရောက် လေ့လာတာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံ အတွင်းက ထွက်ရှိတဲ့ စာအုပ် တွေကို ခေတ် အဆက်ဆက် တည်တံ့ နိုင်အောင် စုဆောင်းထိန်းသိမ်းရပါတယ်။ စာဖတ်လို စိတ်ရှိလာ အောင်လည်း ဆောင်ရွက်ပေးရပါတယ်။ စာကြည့်တိုက်ကို လာတဲ့သူအတွက် ဝိုင်ဖိုင် ဖွင့်ပေး တာက အစပေါ့နော်။ ဒီစာကြည့် တိုက်မှာ စုံလင်စွာ ရှိနေပါတယ်။ ဟိုဘက် စာကြည့်တိုက်မှာက ၂၀၁၆ ကနေ ၂၀၁၈ ထိပဲရှိတာဆိုတော့ လိုအပ်တာကို ဒီဘက်မှာ ရှာပေး ရပါတယ်။ အသုံးပြုသူတွေ လိုအပ်ချက်ကို ရှာဖွေဆောင်ရွက် ပေးရတာပါ။ အသစ်တိုးချဲ့ဆောက်လုပ်နေတဲ့ အမျိုးသားစာကြည့် တိုက်ကတော့ ဆောက်လုပ်နေဆဲဆိုတော့ ၂၀၂၀ မှာ ဖွင့်လှစ်ဖို့ ရှိပါတယ်ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ဖြည့်စွက် ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်တို့တွင် စာပေယဉ်ကျေးမှုသည် ထိုနိုင်ငံ၏ ယဉ်ကျေးမှု အဆင့် အတန်းကို ဖော်ပြလျက်ရှိရာ မြန်မာနိုင်ငံရှိ အမျိုးသားစာကြည့်တိုက်တွင် ရှေးမင်းလက်ထက်က စာပေ များကို ထိန်းသိမ်းထားရှိသည့်အတွက် တန်ဖိုးဖြတ်၍မရသော သမိုင်းအထောက် အထား အမွေ အနှစ် များ ကို ဂုဏ်ယူစွာတွေ့ မြင်ရလျက်ရှိကာ စာအုပ်၊ စာပေ၊ ပေ၊ ပုရပိုက် ခုနစ်သိန်းခန့် ထိန်းသိမ်း စုစည်းထားရာ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အနေဖြင့် မြန်မာနိုင်ငံ၏အမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာန ဖြစ်လာစေရန်“ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း-သန်းထိုက် 
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!