Library Image

လပ်ကီးချမ်း စာကြည့်တိုက်

ပြည်ကြီးတံခွန် ချမ်းမြသာယာရပ်ကွက်

09"သင့်မှာ စာဖတ်ချင်တဲ့ စိတ်ရှိရင် လာလို့ရပြီ"

***********************************

လပ်ကီးချမ်း စာကြည့်တိုက်ကို 

ချမ်းမြရွှေပြည် ကားဝင်းထဲမှာ ဖွင့်ထားပါတယ်။

မန္တလေးမှာ နေတဲ့ စာဖတ်ချင်တဲ့သူတိုင်း ကို 

(အခမဲ့) ငှားပေးနေပါတယ်။

ဘာကြေးမှ ပေးစရာ မလိုပါဘူး။


စာဖတ်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ 

လာငှားရင် ပြည့်စုံပါပြီ။


သင် ဖတ်ပြီး ကြိုက်နှစ်သက်တဲ့ စာအုပ်မျိုး

လှူတာကိုတော့ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။


သင် စာအုပ်လာငှားရင်

၁ ။  သင့်အမည်

၂ ။  ဖုန်းနံပတ်နဲ့ နေရပ်လိပ်စာအတိအကျ

 ၃ ။  ငှားတဲ့စာအုပ်အမည် နဲ့ စာရေးသူအမည်

 ၄ ။ စာအုပ်နောက်ဆုံးစာရွက်မှာ အမှတ်စဉ်ရေး။


စာအုပ်ကို တစ်ခါငှားရင် (၁၀) ရက် အထိ။

ငှားတာ (၁၀ )ရက်ကျော်သွားရင်လည်း 

သင် ဆက်ငှားမယ်လို့ ဖုန်းဆက်ပြီး အသိပေးလိုက်ပါ။


စည်းကမ်းချက် သီးသန့်မရှိပါဘူး။

စာအုပ်ကို သင် ကြိုက်သလို ကိုင်ဖတ်လို့ရပါတယ်။

သန့်ရှင်းတဲ့လက် သန့်ရှင်းတဲ့စိတ်နဲ့ 

ဖတ်နိုင်ရင်တော့ အကောင်းဆုံးပါ။


စာဖတ်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ 

လာငှားရင် လုံလောက်ပါတယ်။


နောက်လူတွေ ဖတ်ရင်လည်း အဆင်ပြေဖို့

စာအုပ်ကို သေသေချာချာ ကိုင်တွယ်ရင်

အချိန်မှန် ပြန်အပ်နိုင်ရင် အကောင်းဆုံးပါပဲ။

သင် ဖတ်နေတဲ့ စာမျက်နှာကို မှတ်ဖို့အတွက် 

ဖလင်ပြားလေးတွေ ထည့်ပေးထားပါတယ်။

စာရွက်တွေကို ချိုးခေါက်ပြီး မမှတ်ပါနဲ့။

သင့် လက်ချောင်းကို တံတွေးစွတ်ပြီး

စာရွက်လှန်တာမျိုး မလုပ်ပါနဲ့။


စာအုပ်က တန်ဖိုးရှိတာ မဟုတ်ပါဘူး။

သူ့မှာပါတဲ့ စာပေတွေက တန်ဖိုးရှိတာပါ။

သင်ဟာ တန်ဖိုးရှိတာ မဟုတ်ပါဘူး။

သင့်မှာရှိတဲ့ ကောင်းတဲ့ စိတ်ထားတွေ

(ကုသိုလ်စိတ်) က တန်ဖိုးရှိတာပါ။

စာပေကောင်းနဲ့ တွေ့ရင် စိတ်ထားကောင်းတွေ

ပိုပြီးပွားများလာမယ်လို့ ယုံကြည်ပါတယ်။


သင်ဖတ်ချင်တဲ့ စာအုပ်အမည်ကို စုံစမ်းချင်ရင်

09-444112291 နဲ့

09-444112295 ကို မေးမြန်း စုံစမ်းနိုင်ပါတယ်။


"ဘာစာအုပ်မျိုး ဖတ်ရင်ကောင်းမလဲ ? "

သင်မသိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်။

" ငါအခု ဘာတွေကို စိတ်ဝင်စားနေသလဲ "

ဒါဆိုရင် ဘယ်လိုစာအုပ် ဖတ်သင့်သလဲ 

ဆိုတဲ့အဖြေကို သင် ရနိုင်ပါလိမ့်မယ်။


ဂျာနယ်တွေ မဂ္ဂဇင်းတွေ 

သတင်းစာတွေ လုံးဝ မထားပါဘူး။

ဘာသာပြန်နဲ့ မြန်မာစာအုပ်တွေထဲက

နာမည်ရပြီးသား တွေကို အဓိကထားပြီး

စုဆောင်း ထားပါတယ်။ စာအုပ်ကောင်းတွေ

သင် ဖတ်ချင်ရင် ၊မန္တလေးမှာနေရင် လာငှားနိုင်ပါကြောင်း။


     -----     -----     -----


"စာဖတ်တဲ့သင်ဟာ စာမဖတ်တဲ့သူတွေထက် အသိမှာ

 ခေါင်းတလုံးစာ ပိုမြင့်ပါလိမ့်မယ်" 


"သင်ကိုယ်တိုင် စာဖတ်ပြီး ခင်မင်တဲ့ သင့်လူတွေကိုလည်း

အချိန်ပေးပြီး စာဖတ်ကြဘို့ တိုက်တွန်းပေးပါ"


"သင်ဖတ်တဲ့ စာအုပ်မှာ ပါတဲ့ စာပေတွေဟာ

သင့် အတွက် မိတ်ဆွေ အစစ်တွေပါ"


"စာဖတ်ခြင်းကြောင့် သင့်ရဲ့အတ္တလျော့နည်း နိုင်ပါတယ်။"


"စာပေဆိုတာ သင့် အသိဉာဏ် တိုးတက်ဖို့နဲ့

လူပီသစွာ သင်နေထိုင်နိုင်ဖို့  ဖြစ်ပါတယ်။"


"တချို့စာအုပ်က သင့် မျက်စိအတွက် ကောင်းမယ်

တချို့စာအုပ်က သင့် ဦးနှောက် အတွက်ကောင်းမယ်

တချို့ စာအုပ်ကတော့ သင့် နှလုံးသားအတွက်ပဲ ဖြစ်ပါတယ်။"


သင် စာတတ်နေတာထက် .....

စာဖတ်နေတာက ပိုကောင်းပါတယ်။


စာမတတ်တဲ့သူနဲ့ စာမဖတ်တဲ့သူတွေကို

ကြောင်တောင်ကန်းတွေလို့ ပြောရင် သင် မမှားပါဘူး။


စာပေမှရနိုင်သော ရတနာသည်..

အသိပညာဖြစ်ပါသည်။


သင့်အတွေးအခေါ်ကို ပြောင်းလဲကြည့်လိုက်ပါ..

သင့်ဘဝလည်း ပြောင်းလဲ သွားပါလိမ့်မယ်။


စာအုပ်တွေသာ မရှိဘူးဆိုရင်

သင်ဟာ စကားတွေ အများကြီးကို နားထောင်ရပြီးမှ

နည်းနည်းလေးပဲ သိရလိမ့်မယ်။


 ရယ်စရာ စာသားလေးနဲ့ သင့်ကို

 နှုတ်ခွန်းဆက်သ လိုက်ပါရစေ။


" စာအုပ်တွေကို ဘယ်တော့မှ ငှားမပေးပါနဲ့

ငှားထားတဲ့ စာအုပ်တွေကို လူတိုင်းက

ပြန်မအပ်ကြပါဘူး... ဘာဖြစ်လို့လည်း ဆိုရင်

ကျနော့်ဆီမှာ ရှိတဲ့ စာအုပ်တွေ အားလုံးဟာ 

သူများဆီက ကျနော်ငှားပြီး အပိုင်ယူထားလိုက်တဲ့

စာအုပ်တွေပဲ ဖြစ်လို့ပါ......"တဲ့ဗျား။


Lucky Charm 

Free Library 

Mandalay


လပ်ကီးချမ်း အခမဲ့ စာကြည့်တိုက်

အဆောင်(၂) အခန်း(၃)

ချမ်းမြရွှေပြည်ကားကွင်း အတွင်း

ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့

ဖုန်း - 09444112291

ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!