Library Image

လင်းရောင်သစ်

ကျွန်းလှ ပျဉ်းမမြိုင်ရပ်ကွက်

စာကြည့်တိုက်ပြခန်းလေးတစ်ခုကို 19-5-2013 တွင် အများလှူထားတဲ့ စာအုပ်လေးတွေနဲ့ လုပ်ဖြစ်တယ်။ အဲ့ဒီမှာ လူငယ်တွေ လာဖတ်တာ နေရာတောင် မလောက်ဘူး။ တချို့ဆို မတ်တတ် ဖတ်ကြတယ်။ ထိုင်စရာမလောက်လို့လေ။ အဲ့ဒီမှာပိုပြီးအားတက်သွားတယ်။ စာကြည့်တိုက်ရှိရင် စာပေဝါသနာရှင်တွေ တော်တော်များများ ပေါ်ပေါက်လာမယ်ဆိုတာ မှန်းကြည့်လို့ရပါတယ်။
နောက်ပြီးကျေးရွာများအထိ စာအုပ်များ လစဉ်အလှည့်ကျစနစ်နဲ့ ငှါးရမ်းပေးနိုင်ဖို့အထိ စီစဉ်ထားပါတယ်။ ဘာသာစကားများကို ကိုယ်တိုင်လေ့လာချင်တဲ့ သူများကို စာကြည့်တိုက်မှာ လေ့လာနိုင်အောင် စာအုပ်စာတမ်းစုံစုံလင်လင်နဲ့ အခြားလိုုအပ်တဲ့ ဗွီဒီယိုခွေလေ့ကျင့်ခန်းတွေ၊ အသံလေ့ကျင့်ခန်းတွေ ထားရှိနိုင်အောင်လဲ စီစဉ်ထားပါတယ်။ စာကြည့်တိုက်မှာ အင်တာနက်ပါ ချိတ်ပေးထားမှာပါ။ အင်တာနက်သုံးရင်လဲ အပျော်သဘောသုံးဖို့ ခွင့်မပြုပါဘူး။ ပညာလေ့လာလိုသူများကို စနစ်တကျလေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။
ရည်ရွယ်ချက်
(1) ပညာသင်ယူရေးတွင် အခက်အခဲဖြစ်ကြသော ကျောင်းနေအရွယ် လူငယ်များအား ကူညီထောက်ပံ့ပေးနိုင်ရန်။
(2)  ပညာလိုလားသော ကျောင်းသူကျောင်းသားလူငယ်များကို နွေရာသီပညာရေးသင်တန်းများ ပို့ချပေးနိုင်ရန်။
(3) အခမဲ့သင်ပညာရေးကျောင်းများအား တတ်စွမ်းသမျှကူညီရန်။
(4) ပညာရည်တိုးတက်မြင့်မားရေးတွင် ကျောင်းသားမိဘများအပါအဝင် လူအများ ပါဝင် ဆောင်ရွက်နိုင်အောင် စည်းရုံးပေးနိုင်ရန်။
(5) လူကြီးလူငယ်၊ လူမျိုးဘာသာမရွေး ပညာရည်တိုးတက်မြင့်မားရေးကို အကူအညီပေးရန်။
(6) သုတ၊ ရသနှင့် ပညာရပ်ဆိုင်ရာ စာအုပ်များ ပြည့်စုံသည့် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်နိုင်ရန်။
(7) အခါအားလျော်စွာ လူကြီးလူငယ်စာပေဝါသနာရှင်များ စုပေါင်း၍ စာပေဟောပြောပွဲများ၊ စာပေးဆွေးနွေးပွဲများ ကျင်းပပေးနိုင်ရန်။
အသင်း၏ သဘောထား
ငွေကြေးပြည့်စုံသောသူများမှ အများအပြားစိုက်ထုတ်ရန်မလိုဘဲ မြောက်များစွာသော လူများမှ မိမိတို့ တတ်နိုင်ဝန်များကို ထမ်းဆောင်ပေးခြင်းဖြင့်  ထောင်ပုံရာပုံ မကသော ပညာတတ် လူတန်းစား သစ်ကြီး ပေါ်ထွက်လာစေရန်။
အသင်းဝင်နိုင်သူများ
      စေတနာ ရှိသူ၊ ပရဟိတလုပ်ငန်းများတွင် ဝါသနာပါသူ မည်သူမဆို အသင်းဝင်အဖြစ်လက်ခံပါသည်။ အသက် (၁၈)နှစ် ပြည့်ပြီးသူများ မိမိကိုယ်တိုင် အသင်းဝင်နိုင်ပြီး အသက် (၁၈)နှစ် မပြည့်သေးသူများ ကိုတော့ မိဘခွင့်ပြုချက်ဖြင့်  လက်ခံသွားမည်ဖြစ်သည်။
            အသက်မပြည့်သေးသော လူငယ်များကို လက်ခံရခြင်းမှာ ကလေးသူငယ်များမှ စ၍ အများအကျိုး ဆောင်ရွက်ချင်စိတ် ရှိလာစေရန်ဖြစ်သည်။ အသင်းဝင်များ ဟာ အသင်း၏ လုပ်ငန်းများကို ကူညီပေးနိုင်ရပါမည်။ အသင်းနဲ့ အမြဲ အဆက် အသွယ် ရှိရပါမယ်။
ADD NEW LIBRARY

By States

  • မန္တလေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အနောက်)
  • ရှမ်းပြည်နယ် (အရှေ့)
  • ရှမ်းပြည်နယ် (တောင်)
  • ရန်ကုန်တိုင်းဒေသကြီး
  • ရခိုင်ပြည်နယ်
  • မွန်ပြည်နယ်
  • မကွေးတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့)
  • ရှမ်းပြည်နယ် (မြောက်)
  • တင်္နသာရီတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ချင်းပြည်နယ်
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • ကချင်ပြည်နယ်
  • ဧရာဝတီတိုင်းဒေသကြီး
  • နေပြည်တော်

By Townships

  • {{township.township_name}} {{township.libraries_count}}
  • warning   No Library Registered!