Book Image

ပ​လေးဘွိုင်​မဂ္ဂဇင်​းဝတ္ထုတိုများ

စိုးသိဏ်း

စိုးသိဏ်​း
ပ​လေးဘွိုင်​မဂ္ဂဇင်​းဝတ္ထုတိုများ
Short Stories from Playboy Magazine 
လင်​းဦးတာရာစာ​ပေ ၊
ပထမအကြိမ်​ ၊ ၂၀၀၃ ခုနှစ်​ ၊ မတ်​လ ။
မျက်​နှာဖုံးဒီဇိုင်​း - စိုးဝင်​းငြိမ်​း ။
၁၀.၅ စင်​တီမီတာ x ၁၆.၅ စင်​တီမီတာ ။
စာမျက်​နှာ - ၁၃၅ ၊ တန်​ဖိုး - ၅၀၀ ကျပ်​ ။


၁၉၈၀ပြည်​့နှစ်​များမှ၁၉၉၉ခုနှစ်​အတွင်​းမဂ္ဂဇင်​းအသီးသီးတွင်​ ထည်​့သွင်​း​ဖော်​ပြခဲ့သည်​့ ပ​လေးဘွိုင်​းမဂ္ဂဇင်​းဝတ္ထုတို ၁၀ပုဒ်​ကိုစုစည်​းထုတ်​​ဝေထားခြင်​းဖြစ်​သည်​။

ဆရာစိုးသိဏ်​း၏ ၁၉၉၉ခုနှစ်​၊နိုဝင်​ဘာလရက်​စွဲဖြင်​့​ရေးသား ထား​သော''ဘာသာပြန်​သူ၏အမှာစကား''ပါရှိသည်​။
''Playboy ဟာကာလသားကြိုက်​မဂ္ဂဇင်​းလို့ထင်​ရင်​မှားပါလိမ်​့မယ်​။Playboyဟာစာ​ရေးဆရာ​ကောင်​း​တွေ၊ပန်​းချီ၊ကာတွန်​း၊ ဒီဇိုင်​းဆရာ​ကောင်​း​တွေရဲ့လက်​ရာ​တွေကိုအစဉ်​တစိုက်​​ဖော်​ပြ​ပေး​နေတဲ့မဂ္ဂဇင်​းဖြစ်​ပါတယ်​။ကမ ္ဘာ​ကျော်​စာ​ရေးဆရာ​တွေ သာမကအလားအလာ​ကောင်​းတဲ့စာ​ရေးဆရာ​ကောင်​း​တွေရဲ့ ၀တ္ထု၊​ဆောင်​းပါး​ကောင်​း​တွေကို Playboy မှာအမြဲ​တွေ့​နေကြ ရပါတယ်​။မဂ္ဂဇင်​းအပြင်​အဆင်​က​တော့​ပြောစရာမရှိပါ။ Playboyမှာလစဉ်​ပါတဲ့ ''အင်​တာဗျူး''ကဏ္ဍ​ဟာလည်​းဂန ္ထဝင်​​မြောက်​ပါတယ်​။နိုင်​ငံ​ရေး၊စီးပွား​ရေး၊လူမှု​ရေး၊သိပ္ပံ၊အနုပညာ နယ်​ပယ်​အသီးသီးကထိတ်​ထိတ်​ကြဲပုဂ္ဂိုလ်​​တွေကို Playboy ကလက်​မလွတ်​တမ်​း တည်​တည်​ခ့ံခံ့ ​လေး​လေးနက်​နက်​​တွေ့ဆုံ​ မေးမြန်​း​ဖော်​ပြ​လေ့ရှိပါတယ်​။သက်​တမ်​း ၄၅နှစ်​​ကျော်​ခဲ့ပြီဖြစ်​တဲ့ Playboy ဟာဒီ​နေ့အထိအ​မေရိကန်​ပြည်​​ထောင်​စုမှာအ​ရောင်​းရဆုံးအမျိုးသားမဂ္ဂဇင်​းဖြစ်​ပြီး ဂရိဘာ သာမှအစဂျပန်​ဘာသာအဆုံးဘာသာစကား ၁၂မျိုးနဲ့လည်​း ကမ ္ဘာ့နိုင်​ငံ​တွေမှာပုံနှိပ်​ထုတ်​​ဝေလျက်​ရှိပါတယ်​။ဒါ​ကြောင်​့ လည်​းဒစ္စ​နေအပန်​း​ဖြေစခန်​းနဲ့ကိုကာကိုလာတို့နည်​းတူ Playboy ဟာကမ ္ဘာ​ကျော်​အ​မေရိကန်​''ပစ္စည်​း''တစ်​ခုဖြစ်​လာ ခဲ့တာပါ''ဟု ''ဘာသာပြန်​သူ၏အမှာစာ''တွင်​​ဖော်​ပြထားသည်​။

ပ​လေးဘွိုင်​မဂ္ဂဇင်​းဝတ္ထုတိုများ၌ ​ဖော်​ပြထား​သောဝတ္ထုတိုများ မှာ​အောက်​ပါအတိုင်​းဖြစ်ပါ​​သည်​။
၁။ အချစ်​အလိုရှိသည်​ ( ပန်​မဂ္ဂဇင်​း ၊ ဇန်​နဝါရီ ၊ ၁၉၈၆ )
Robert Sheckley ၏ Love , Incorporated
၂။ အချိန်​နှင်​့အချစ်​ ( မ​ဟေသီမဂ္ဂဇင်​း၊ဧပြီ၊၁၉၈၇ )
Damon Knight ၏ The Time Exchange
၃။ ​ဒေါက်​တာဖတ်​စ်​တက်​စ်​ ( ဟန်​သစ်​မဂ္ဂဇင်​း၊အမှတ်​၁၊ ၁၉၈၉ )
Eric Segal ၏ Doctor Fastest
၄။ ဗန်​ဂိုးနှင်​့မွန်​ရိုး ( ဟန်​သစ်​မဂ္ဂဇင်​း၊အမှတ်​၂၊၁၉၈၉ )
Tom Robbins ၏ The Purpose Of The Moon
၅။ အမှုမဲ့အမှတ်​မဲ့ ( ဓနမဂ္ဂဇင်​း၊​အောက်​တိုဘာ၊၁၉၉၀ )
Henry Slesar ၏ The Firing Line
၆။ ​သွေးတိုးစမ်​းသူ ( ဖက်​ရှင်​မဂ္ဂဇင်​း၊ဒီဇင်​ဘာ၊၁၉၉၂ )
Garson Kanin ၏ Proposition
၇။ တရားသူကြီးမင်​း​သေနတ်​ပစ်​ခံရခြင်​းအ​ကြောင်​းရင်​း
( ​ရွှေဝတ်​မှုန်​မဂ္ဂဇင်​း၊ဒီဇင်​ဘာ၊၁၉၈၃ )
Erskine Caldwell ၏ The Shooting Of Judge Price
၈။သား​ကောင်​းရတနာ ( သရဖူမဂ္ဂဇင်​း၊နိုဝင်​ဘာ၊၁၉၉၄)
Roald Dahl ၏ A Fine Son
၉။အ​တွေးတစ်​ခုနဲ့လာတဲ့လူ ( မြားနတ်​​မောင်​မဂ္ဂဇင်​း၊ဒီဇင်​ဘာ၊၁၉၉၇ )
Gerald Kersh ၏ Something On His Mind
၁၀။စက်​​လှေကား
Gunther Grass ၏ The Escalator
၀တ္ထုတိုတစ်​ပုဒ်​ချင်​းစီအားအညွှန်​း​ရေးသားရန်​မဖြစ်​နိုင်​ပါ။

''မဂ္ဂဇင်​းမှာပါတုန်​းကမဖတ်​လိုက်​ရတဲ့ပရိသတ်​​တွေနဲ့အ​နောက်​နိုင်​ငံက​မော်​ဒန်​၀တ္ထုတို​ရေးသားဟန်​​တွေကိုမြည်​းစမ်​း လိုသူ​တွေတစုတစည်​းတည်​း​လေ့လာဖတ်​ရှုသိမ်​းဆည်​းထား နိုင်​ဖို့ရည်​ရွယ်​ပါတယ်​။ဖတ်​ပြီးတဲ့အခါအတိုင်​းအတာတစ်​ခု အထိစာရှုသူ​တွေ​ကျေနပ်​မှုရရှိကြမယ်​လို့​မျှော်​လင်​့မိပါတယ်​'' ဟု ဆရာစိုးသိဏ်​းက ''ဘာသာပြန်​သူ၏အမှာစာ''တွင်​​ဖော်​ပြ ထားသည်​။

မိုးမင်းသိမ်း
၁၁ ၊ ဇူလိုင်​ ၊ ၂၀၁၇


Publisher Name: လင်​းဦးတာရာစာ​ပေ


Related Books