ခင်မျိုးချစ်
တို့လူလေးများဆိုသလေး
Erich Kastner ၏ Emil and The Detectives ကို ဘာသာပြန်သည် ။
စာအုပ်စျေး ၊
ဒုတိယအကြိမ် ၊ ၂၀၀၃ ခုနှစ် ၊ ဒီဇင်ဘာလ ။
( ပထမအကြိမ် ၊ စာပေမွန်စာပေ ၊၁၉၇၀ပြည့်နှစ်၊ဇွန်လ )
မျက်နှာဖုံး - မိုးဇင် ။
၁၂.၁ စင်တီမီတာ x ၁၇.၈ စင်တီမီတာ ။
စာမျက်နှာ - ၁၆၁ ၊ တန်ဖိုး - ၆၅၀ ကျပ် ။
ဒေါ်ခင်မျိုးချစ်၏အမှာစာနှင့် စာအုပ်စျေးမှပြုစုထားသော ဒေါ်ခင်မျိုးချစ်၏အတ္ထုပ္ပတ္တိအကျဉ်းတို့ပါရှိသည်။ အခန်း (၁၈) ခန်းခွဲကာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
နျူးစဒပ်မြို့၌ ဆံပင်ကောက်ဆိုင်ဖွင့်လှစ်ထားသည့်မုဆိုးမ တစ်ဦးဖြစ်သူ မစ္စတစ်ရှဘီးတွင် အီမယ်တစ်ရှဘီးဟူသော သားလေးတစ်ယောက်ရှိသည်။ကျောင်း ပိတ်သည်တွင် မိခင်ကြီးနှင့်ညီမဖြစ်သူတို့နေထိုင်ကြရာ ဘာလင်မြို့သို့အနှေးရထားဖြင့်အီမယ်အားတစ်ဦးတည်းစေလွှတ်လိုက်သည်။
အီမယ်ကားဘာလင်သို့တစ်ခေါက်တစ်ခါမျှရောက်ဖူးသူ မဟုတ်ပေ။မိခင်ကြီးအားလစဉ်ပို့ပေးနေကျငွေ ခြောက်ပေါင်နှင့်အီမယ်သုံးစွဲရန် တစ်ပေါင်တို့အားထည့်ပေးလိုက်သည်။ ယင်းငွေတို့အားပျောက်ရှမည်စိုး၍ အီမယ်ကသူ၏အကျႌ အတွင်းတွင်တွယ်ချိတ်ဖြင့် ထိုးထားလိုက်သည်။ရထားပေါ်၌ ဘောင်လာဦးထုပ်ဆောင်းထားသောမစ္စတာဂရန်းဒီးနှင့်ဆုံရ သည်။လမ်း ၌ခရီးသည်များဆင်းသွားရာအီမယ်နှင့်ဂရန်ဒီးတို့ နှစ်ဦးတည်းသာရထားတွဲပေါ်တွင်ကျန်ရစ်တော့သည်။အိပ်မငိုက်စေရန်စိတ်တင်းထားသည့်တိုင်အီမယ်အိပ်မောကျသွား သည်။အိပ်မက်ပင်မက်နေသေး၏။အိပ်မက်ဆိုးမှနိုးလာသော အခါရထားပေါ်၌ဂရန်ဒီးမရှိတော့ပေ။သူ့မိခင်ထည့်ပေးလိုက်သောငွေခုနစ်ပေါင်လည်းမရှိတော့ပေ။
ဘွားအေကြီးနှင့်အစ်မဝမ်းကွဲတို့စောင့်နေကြမည့်ဘူတာသို့မရောက်သေးသည့်တိုင် ဘောင်လာဦးထုပ်ဆောင်းထားသူ အားမြင်လိုက်ရာသေတ္တာတစ်ဖက်၊ပန်း စည်းတစ်ဖက်ဖြင့် ရထားပေါ်မှခုန်ဆင်းကာနောက်မှ လိုက်တော့သည်။
ရဲကိုမူအကြောင်းမကြားရဲပေ။နျူးစဒပ်မြို့စားကြီး ချာလီရုပ်တုအားနှာခေါင်းကိုနီရဲအောင်ဆေးခြယ်ကာနှုတ်ခမ်းမွေးမည်းမည်းကြီးဆွဲပေးခဲ့ခြင်းကြောင့်နောက်ကြောင်းပေါ်မည်ကို အီမယ်စိုးရွံ့နေသည်။
တစ်ခါမျှမရောက်ဖူးသောဘာလင်မြို့ကြီးဝယ် ဂရန်ဒီဓာတ်ရထားစီးသည့်နောက်လိုက်စီးသည်။ဂရန်ဒီနောက်သို့တကောက်ကောက်လိုက်သည်။စားသောက်ဆိုင်တစ်ဆိုင်တွင်း သို့ဝင်ရောက်သွားသည့်ဂရန်ဒီအားစောင့်ဆိုင်းနေစဉ် မော်တော်ဟွန်းတီးကာလျှောက်သွားနေသည့်ဂူးစတပ်နှင့်ဆုံတွေ့ရသည်။ဂူးစတပ်အားအကြောင်းစုံပြောပြလိုက်ရာ အခြားသော သူငယ်ချင်း များအားဂူးစတပ်ကခေါ်ဆောင်လာသည်။
ကလေးတစ်အုပ်ပူးပေါင်းကာ ဂရန်ဒီအားလက်ပူးလက်ကြပ်ဖမ်းဆီးရမိရေးအတွက်ကြိုးပမ်းကြပုံကို ရွှင်ရွှင်သွက်သွက်ရေးဖွဲ့ထားသည်။
''ပျော်စရာလည်းကောင်းသည်။သည်းထိတ်ရင်ဖိုခန်းများ လည်းပါသည်။ကလေးတွေကိုသနားစရာလည်းကောင်း သည်။ညင်ညင်သာသာနှင့်ကလေးတွေ၏အကျင့်စိတ်ဓာတ်များကိုလည်းပြုပြင်၍ပညာပေးသွားလိုက်သေးသည်''ဟု ဆရာမကြီးဒေါ်ခင်မျိုးချစ်ကအမှာစာတွင်ရေးသားထားသည်။
ဂျာမန်စာရေးဆရာကြီး Emil Erich Kästner
( ၂၃၊၂၊၁၈၉၉ - ၂၉၊၇၊၁၉၇၄ ) မှာကလေးစာပေ၊ကဗျာ၊
သရော်စာနှင့်ရုပ်ရှင်ဇာတ်ညွှန်းများရေးဖွဲ့ခဲ့သူဖြစ်သည်။
ယခု ''တို့လူလေးများဆိုသလေး'' မူရင်းစာအုပ်အား ၁၉၂၉ ခုနှစ်တွင်ရေးဖွဲ့ခဲ့သည်။စာအုပ်အဖြစ်အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရပြီး ဘာသာစကားပေါင်းများစွာသို့ပြန်ဆိုခဲ့ရသည့် အပြင် ရုပ်ရှင်အဖြစ်လည်း ခြောက်ကြိမ်တိုင်တိုင်ရိုက်ကူးခဲ့ရသည်။ ( ကိုးကား - ၀ီကီပီဒိယ )
၂၂ ၊ ဇူလိုင် ၊ ၂၀၁၇