Book Image

အချစ်မှတ်တမ်း

တင်မောင်မြင့်


THE NOTE BOOK( အချစ်မှတ်တမ်း)
ရေးသူ-တင်မောင်မြင့်
စာအုပ်တိုက်-ကံကော်ဝတ်ရည်စာပေ
တန်ဖိုး-၂၂၀၀ကျပ်
ထုတ်ဝေခြင်း-၂၀၁၇ ဇွန်လ
အုပ်ရေ-၁၀၀၀

မူရင်းရေးသူ Nicholas Sparks ရဲ့နာမည်ကျော်စာအုပ်တစ်အုပ်၊ ရုပ်ရှင်ပြန်ရိုက်ထားတာလေးတောင်ရှိပါတယ် The note book နာမည်လေးနဲ့ပဲ. ရိုးရိုးအချစ်ဝတ္ထုတွေထက်ပိုတဲ့ ဂန္ထဝင်​အချစ်ဝတ္ထုလို့ဆိုချင်ပါတယ်.



ဇာတ်လမ်းထဲမှာအယ်လီနဲ့ နိုဝါနဲ့ကငယ်ချစ်တွေ။ အယ်လီ့မိဘတွေက နိုဝါကိုလူရည်မွန်လေးမို့သဘောကြပေမယ့် အဆင့်တန်းချင်းမတူတော့လက်မခံချင်ကြ။ နောက်ဆုံမြို့ပေါ်ပြောင်းသွားတော့ နိုဝါတစ်ယောက်ဆွေးရလေဘီ။ ဒါပေမယ့်အားမလျော့ဘဲ နေ့စဉ်စာတွေရေး၊ နှစ်နှစ်ကြာထိရေးခဲ့ပြီးတစ်စောင်မှပြန်စာမရတော့တဲ့အခါ နိုဝါစာရေးခြင်းကိုလက်လျော့လိုက်ပါတယ်။ ဒါပေမယ့် အယ်လီကတစ်ရက်မှမေ့မရသူပါ။

အယ်လီလည်း ထိုနည်းလည်းကောင်း၊ အပျိုပေါက်စအရွယ်စိတ်ကစားတယ်လို့် ထင်မိသော်လည်း နိုဝါက၁၄နှစ်ကြာမမေ့ပျောက်နိုင်ဘဲ ရင်ထဲမှာနေရာယူထားပါတယ်။ အဲ့ချိန် အယ်လီမှာစေ့စပ်ထားတဲ့သူရှိနေပြီ။ သူက နာမည်ကျော်ရှေ့နေ "လင်း။ လင်း ကိုလည်း အယ်လီချစ်ပါသည်။ နိုဝါ့ကိုလည်းချစ်သည်။ လက်မထပ်ခင်နောက်ဆုံးအကြိမ်အဖြစ် နိုဝါကိုသွားတော့ပြီးချိန်မှာတော့ အယ်လီလက်ထပ်ဖို့ကိစ္စကကိုခေါင်းခြောက်လောက်အောင်ပြန်စဉ်းစားလိုက်ရပါသည်။ သမီးအကြောင်းသိတဲ့ အယ်လီ့အမေက သူတို့ဆီလိုက်လာပြီး သမီးကအမှားမလုပ်မိဖို့ဆုံးမတယ်။ နောက်ဆုံးမှာအမေလည်း 'နှစ်လုံးသားကိုရွေးချယ်ပြီးသာဆုံးဖြတ်ပါ' လို့ အယ်လီ့ကိုနှစ်သိမ့်ခဲ့တယ်။
'လင်း' အယ်လီ့ကိုချစ်လှပါသည်။ အယ်လီလည်း 'လင်း'ကိုချစ်ခင်ပါသည်။ နိုဝါကိုချစ်တဲ့အချစ်တွေက ပိုပြီးများပါသည်။ ဆုံးဖြတ်ရခက်နေသော အယ်လီသည် ထိုအချိန်တွင် အမှန်ကိုဆုံးဖြတ်နိုင်ခဲ့သည်။

ဇာတ်လမ်းလေးကို နိုဝာ အဖိုးကြီးအနေနဲ့ ရိပ်သာမှာစထားပာတယ်၊ နိုဝာ အသက်ရှစ်ဆယ်ကျောပြီဖြစ်သော်လည်း အလုပ်လုပ်နေရဆဲ...အဲ့အလုပ်ကတော့ အယ်ဇိုင်းမားဖြစ်နေတဲ့ ချစ်ဇနီးဆီသွားပြီး အဖော်ပြုပေးရခြင်းပာပဲ။နိုဝါရဲ့ကဗျာရွတ်ပုံ၊ အယ်လီပန်းချီပါရမီပါပုံတို့ကိုလည်း အနုပညာမြောက်လှစွာရေးထားပြီး စာဖတ်သူတို့ဖတ်ပျော်တဲ့စာအုပ်မျိုးပါ။ ၁၄နှစ်ကြာမှပြန်ဆုံကြပေမယ့် တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့မေတ္တာတွေက မပြောင်းသွားခဲ့တာက ပထမဆုံးအံသြမှု၊ နောက်ဆုံးအချိန်ထိ အချစ်တွေမပြောင်းလဲပဲ လူသာအိုမယ် ကိုယ့်အချစ်ကတော့မအိုပါဘူးလို့ပြောတဲ့ အခန်းလေးတွေဆို ရင်ထဲတိုက်ရိုက်ထိပါတယ်။ ဝတ္ထုလေးက ပါးပါးလေးပေမယ့် ဖတ်ရတာအတော်အရသာရှိလှပါတယ်။ နိုဝါရဲ့ ချစ်တတ်မှုတွေ၊ သစ္စာသိမှုတွေ ကိုကြည့်ပြီး လောကမှာသူတို့လိုချစ်တတ်သူများရှိသေးပါရဲ့လားဟုစဉ်းစားနေမိ....

မြူ 


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books