နန်းညွန့်ဆွေ
၀ိုင်အမ်ဘီသခင်တင်နှင့်တို့ဗမာသီချင်း
စိတ်ကူးချိုချိုအနုပညာ ၊
ဒုတိယအကြိမ် ၊ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ။
၁၀.၇ စင်တီမီတာ x ၂၀.၅ စင်တီမီတာ ။
စာမျက်နှာ - ၂၉ ၊ တန်ဖိုး - ၆၀၀ ကျပ် ။
စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၁၈နှစ်ပြည့်အမှတ်တရ ထုတ်ဝေသော ၁၈ထုပ္ပတ်မြန်ပြည်ရပ် စာအုပ်တွဲ၏ အမှတ်စဉ် ၈ ဖြစ်သည်။၁၉၆၅ခုနှစ်၊အလိမ္မာစာပေထုတ်ပထမအကြိမ်မူကို ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေ ထားခြင်းဖြစ်သည်။
ဥက္ကဋ္ဌ သခင်ဘသောင်းနှင့် အတွင်းရေးမှူး နန်းညွန့်ဆွေ တို့ လက်မှတ်ရေးထိုးထားသော''တို့ဗမာသီချင်း၃၅နှစ်မြောက်နှင့် ၀ိုင်အမ်ဘီသခင်တင်အထိမ်းအမှတ်ပွဲကျင်းပရေး ဗဟိုကော်မတီ''၏ အမှာစာပါရှိသည်။
တို့ဗမာသီချင်း၃၅နှစ်မြောက်နှင့်ဝိုင်အမ်ဘီသခင်တင်အထိမ်းအမှတ်ပွဲတွင်စာရေးဆရာကြီးသခင်ဘသောင်း ၏ဟောပြော ချက်၊ဆရာနန်းညွန့်ဆွေ၏ ၀ိုင်အမ်ဘီသ ခင်တင်(အတ္ထုပ္ပတ္တိ)၊ သခင်တင်ကိုယ်တိုင်ဆို၍ဓာတ်ပြားသွင်းခဲ့ဖူးသော တို့ဗမာသီ ချင်း၊မိုးဒူးနဲ့တိုက်သီချင်း၊ သခင်သီချင်း၊မြန်မာညွန့်အဖွဲ့မှ တလိုင်းမမြကျင်သီဆို ခဲ့သည့်မော်တော်ကားသီချင်း၊ရုပ်ရှင်မင်းသားဝင်းဦး သီ ဆိုအသံသွင်းထားသည့် အုံ့ပုန်းချစ် နှင့် အချစ်၏ကျေး ကျွန်တေးသီချင်းများကိုဖော်ပြထားသည်။
''တို့ဗမာသီချင်းရဲ့တီးလုံးတီးကွက်များကိုဝိုင်အမ်ဘီ ဆရာတင်ကတီထွင်ပါသည်။တို့ဗမာသီချင်းထဲမှာပါ သည့်အမျိုးသားချစ်ခင်ရေးသဘော၊နိုင်ငံရေးသဘော၊ တစ်မျိုးသားလုံး ကျင့်ကြံရေးသဘောစသည့်အယူ အဆ၊အတွေးအခေါ်များကိုတော့ကျွန်တော်ကကြံစည်စိတ်ကူးပေးပါသည်။အဲဒီလို တို့ ဗမာသီချင်းကိုဝိုင်အမ်ဘီသခင်တင်ကရေးစပ်ပြီးသည့်အခါကျတော့သခင်လှဘော်တို့၊သခင်သိန်းမောင်တို့၊ကျွန်တော်တို့နှင့်တကွ အဲဒီအချိန်ကကျွန်တော့်ဆီကိုစုဝေးလာရောက်ကြသူ များကဝိုင်းဝေဖန်ပြီးပို၍ကောင်းအောင်ပြုပြင်ကြပါသည်။ တို့ဗမာသီချင်းထဲတွင်အခြားသီချင်းများထဲမှာလို သီချင်း စပ်သူအမည်မပါတဲ့အတွက်တို့ဗမာသီချင်းကိုပုံနှိပ်ထုတ်ဝေတဲ့ အခါမှာ''တို့ဗမာအစည်းအရုံး၏အစီအရင်က်ိုခံ၍ ၀ိုင်အမ်ဘီ သခင်တင်စပ်ဆိုသောတို့ဗမာသီချင်း''ဟုခေါင်းစဉ်တပ်ပေးခဲ့ ပါသည်။''အဲဒီလိုတို့ဗမာအစည်းအ ရုံး၏အစီအရင်ကိုခံ၍''လို့ ဖော်ပြခဲ့ပေမယ့်အဲဒီအချိန်မှာ စနစ်တကျတို့ဗမာအစည်းအရုံး ကိုမဖွဲ့ရသေးပါဘူး။ဒါ့ကြောင့်အစည်းအရုံးဝင်ရယ်လို့လည်းမရှိသေးပါဘူး။''
( စာမျက်နှာ - ၂ နှင့် ၃ မှ )
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားသီချင်း၏မူရင်းတေး သွား ဖြစ်သောတို့ဗမာသီချင်းပေါ်ပေါက်လာပုံနှင့်တေးရေးဆရာ ၀ိုင်အမ်ဘီသခင်တင်အကြောင်းတို့အား ကျစ်ကျစ်လျစ်လျစ် တင်ပြထားသည့်စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။
မိုးမင်းသိဏ်း
၂၄ ၊ သြဂုတ် ၊ ၂၀၁၇
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845