မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
မြသန်းတင့်
နိုင်ငံတကာရသစာတမ်းငယ်များ ၂
ဆုစာအုပ်တိုက် ၊
ပထမအကြိမ် ၊ ၁၉၉၇ ခုနှစ် ၊ ဧပြီလ ။
မျက်နှာဖုံး - ပန်းချီမောင်နေကြည် ။ အတွင်းပုံများ - ကိုဆန်း။
၁၄.၈ စင်တီမီတာ x ၂၃.၅ စင်တီမီတာ ။
စာမျက်နှာ - ၂၀၇ ၊ တန်ဖိုး - ၁၅၀ ကျပ် ။
( နိုင်ငံတကာရသစာတမ်းငယ်များ စာအုပ်နှင့် ယခုစာ အုပ်အားပေါင်းကာ ''နိုင်ငံတကာရသစာတမ်းငယ်များ၊ ပထမအုပ်'' ဟူ၍ နှစ်ကာလများစာအုပ်တိုက်က ထုတ်ဝေထားပါသည် )
( ၂၅ ၊ ၂ ၊ ၉၇ ) ရက်စွဲဖြင့်ရေးသားထားသော ဆရာမြသန်း တင့်၏အမှာစာပါရှိပြီး English For All မဂ္ဂဇင်း၌ ဖော်ပြခဲ့ သည့် ရသစာတမ်း ၁၈ ပုဒ် ကို စုစည်း ထုတ်ဝေထားသည်။
'' ပထမအချက်အားဖြင့်(မြန်မာပြန်သူ)မိမိကိုယ်တိုင်သဘော ကျသောစာတမ်းများဖြစ်ရမည်။ဒုတိယအချက်အားဖြင့်အင်္ဂ လိပ်စာအရေးအသား၊အင်္ဂလိပ်စကားပြေအရေးအသားကောင်းရမည်။(ကောင်းရမည်ဆိုရာတွင်ကျွန်တော့်စံဖြင့်ကောင်းခြင်းကိုဆိုလိုသည်။) တတိယအားဖြင့်အကြောင်း အရာစုံရမည်။ငွေပန်းစိုက်အိုးမှသော်မော်ပွင့်၊လျှပ်စစ်မုန်တိုင်း၊ကျေးငှက်သာရကာဗေဒ၊တောထမင်းဆိုင်၊မြေပုံမဲ့ခရီးသွား ခြင်း၊စမ်းရေ တံခွန်ဦး၊ကဗျာဝေဖန်ရေး၊ရှယ်လီ၏အလှဗေဒ စသည်ဖြင့်အကြောင်းအရာပေါင်းစုံ။သို့မှသာစာဖတ်သူတို့ မငြီးငွေ့ဘဲရှိမည်။စာတစ်ပုဒ်သည်ရှုခင်းတစ်ခုနှင့်တူပါသည်။ အလားတူရှုခင်းမျိုးကိုကြာကြာကြည့်လျှင်ငြီးငွေ့သွားနိုင်သည်။ထို့ကြောင့်အကြောင်းအရာချင်းမတူအောင်ရွေးထားပါသည်။ စတုတ္ထအားဖြင့်ကျွန်တော်ရွေးထား သည့်ရသစာတမ်းများကို ရေးသူများသည်တရုတ်အမျိုး သားလင်ယုတန်မှလွဲလျှင်အင်္ဂလိပ်စာရေးဆရာများ ချည်းဖြစ်သည်။( ဂျိုးဆက်ကွန်းရက်မှာပိုလန်လူမျိုးဖြစ်သည့်တိုင်သူသည်အင်္ဂလန်နိုင်ငံသားခံယူသွားကာ အင်္ဂလိပ်ဘာသာဖြင့်သာရေးသဖြင့်သူ့ကို အင်္ဂလိပ်စာရေးဆရာစာရင်းသို့သွင်းကြပါသည် ) အင်္ဂလိပ်စာရေး ဆရာများကိုချည်းရွေးရခြင်းမှာအခြားကြောင့်မဟုတ်။ ရသစာတမ်းကိုအစဉ်တစိုက်ရေးလာသူများမှာအင်္ဂလိပ်များနှင့်ပြင်သစ်များဖြစ်သည့်အတွက်ရသစာတမ်း၏သဘောကိုပေါ်လွင်စေချင်သောကြောင့်ဖြစ်ပါသည်''ဟု ဆရာမြသန်းတင့်ကအမှာတွင်ရေးသားထားသည်။
ပါ၀င်သောရသစာတမ်း ၁၈ ပုဒ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စာအုပ်ဝေဖန်ချက်
Maurice Collis ၏ Trials In Burma စာအုပ်အပေါ် George Orwell ၏ Review
၂။ ပေးစာတစ်စောင်
F.Tennyson Jesse ထံသို့ George Orwell ၏ပေးစာ
၃။ ပျော်ပွဲစားထွက်ခြင်း
Bernard Hollowood ၏ Mr. Picnic
၄။ ဆယ့်နှစ်ပွဲစျေးသည်
W.E.Cossons ၏ The Saleman - Artist
၅။ ခွံနွေးယူကြလူလိုဟန်
Harold Rigby ၏ A Friendly And Intelligent Robin
၆။ ဆပ်ကပ်
Sir Harold Nicolson ၏ Circuses
၇။ ခွေး
H.W.Garrod ၏ Dogs
၈။ ကျူတန်းစီခြင်း
Virginia Graham ၏ Queueing
၉။ ပန်းပင်စိုက်ရအောင်
Punch Magazine မှ You Should See It Next Month
၁၀။ ဘေးမဲ့ရိပ်မြုံ
Edward Hyams ၏ Sanctury
၁၁။ အနုပညာခံစားမှု
Sir Kenneth Clark ၏ On Looking At Things
၁၂။ ကျွန်တော်သိသောလူတစ်ယောက်အကြောင်း
W.Somerset Maugham ၏ A Man I Knew
၁၃။ တကျွီကျွီမြည်နေသောတံခါး
Robert Lynd ၏ Creaking Door
၁၄။ ပင်လယ်ပြင်ကနာတာလူးနေ့
Joseph Conrad ၏ Chrismas Days At Sea
၁၅။ ဆေးလိပ်ပြာမှုန့်များ
Lin Yutang ၏ The Art Of Writing
၁၆။ အောက်တိုဘာညနေခင်းလမ်းလျှောက်ထွက်ခြင်း
William Hale White ၏ An Afternoon Walk In October
၁၇။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရေးလိုသူများသို့
Aygustine Birrell ၏ A Few Warning Words For Would-Be Autobiographers
၁၈။ လှေပြိုင်ပွဲ
Harold Nicolson ၏ The Boat Race
မိုးမင်းသိဏ်း
၂၇ ၊ သြဂုတ် ၊ ၂၀၁၇