Book Image

စာအုပ်အမည် “၁၄/၁၅/၁၆”
စာရေးသူ ဟန်ဝင်းအောင်
ထုတ်ဝေသည့်ခုနှစ် ၁၉၆၉ ဇွန်လ
ထုတ်ဝေသည့်တိုက် ငြိမ်းစာစဉ်
ပထမအကြိမ်



ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ဒေါ်တင်တင်အသက်၃၅နှစ် အရွယ် မုဆိုးမတွင် ၁၆နှစ်သမီးအမာနှင့် အိမ်ဖေါ်မိကြီးတို့သာရှိသဖြင့် သူမထက် အသက်၂၀ခန့်ကြီးသည့် လူပျိုကြီး ဦးဟုတ်ရွှေနှင့် လက်ထပ်မည့်ဆဲဆဲ တနေ့လေကြောင်းရန် တိမ်းရှောင်ရင်းအမာနှင့် မှောက်မှားကြသည်။ ဦးဟုတ်ရွှေနှင့် အမာလက်ထပ်ပွဲမှာ အလွန်စည်းကားသည်။ လက်ထပ်ပြီးနောက် ဒေါ်တင်တင်အိမ်မှ ထွက်သွားမင်းကွန်းတွင် တရားအားထုတ်နေသည်။ အမာမှာ ပထမသမီးမြမြရွှေ/ ဒုတိယသား မောင်မောင်ရွှေမွေး၍ စစ်ကြီးပီးချိန်တွင် ဒေါ်တင်တင်နှင့်အမာတို့ မန္တလေးပြောင်းလာချိန်တွင် ဒေါ်တင်တင်ရူးနေလေပြီ။ အမာသည် ကလေး၂ယောက်ရသော်လည်း အပျိုကဲ့သို့နေသည်။ 
တနေ့ဧည့်ခံပွဲတွင် ဆဝန်ကိုမြတ်မင်းနှင့်တွေ့၍ မေတ္တာမျှကာ ဦးဟုတ်ရွှေကျောက်မဲသို့ရောက်ခိုက် လွန်ကျုးကြကာ တတိယသမီးလှလှရွှေကို မွေးသောအခါ ဦးဟုတ်ရွှေသိ၍ အိပ်ရာပေါ်လဲကာ နောက်ဆုံးသေသွားသည်။ သူမသေမီ သမီးကြီးနှင့်သားအလတ်ကို အမွေပေးခဲ့သော်လည်း သမီးငယ်အတွက်မုူ သူ့သွေးမဟုတ်ဟုယူဆ၍ တပြားတချပ်မှမပေးခဲ့။ 
ဦးဟုတ်ရွှေ ကွယ်လွန်သောအခါ အမာတို့ မိတ်ဆွေပွဲစားကြီးများ အကူအညီဖြင့် ရန်ကုန်တွင် ဦးဟုတ်ရွှေ၏ လုပ်ငန်းများကို ဆက်လတ်လုပ်ကိုင်ရာ အောင်မြင်ကြီးပွား၍ နှိင်ငံရေးလောကမှာပင် နာမည်ကြီးလာခဲ့သည်။ သမီးအကြီး၁၆နှစ် သားအလတ်၁၅နှစ် သမီးငယ်၁၃နှစ်ရှိသောအခါ ရုပ်ချောအပြောကောင်း က္ကယသိုက်တူးသူဟု နာမည်ကြီးသူ ဦးမောင်မောင်လတ်နှင့် လက်ထပ်သည်။ 
လက်ထပ်ပြီး ၂လခန့်ရှိသောအခါ ဦးမောင်မောင်လတ်၏ ဇာတိရုပ်ပေါ်လာသည် အရက်သောက်ဖဲရိုက် ဒေါ်အမာရှာထားသမျ ှဖြုန်းနှင့် ဒေါ်အမာမှာ မျက်ရည်စက်လတ်ဖြစ်ရသည်။ လှလှရွှေမှာ ရုပ်ရှင်သွားလိုက် ကပွဲသွားလိုက် ဂျော့နှင်တွဲလိုက်ရှိနေပီး ဦးမောင်မောင်လတ်နှင့် လဲမတည့်ချေ။ တစ်ညဦးမောင်မောင်လတ် မြမြရွှေအခန်းသို့ ရောက်လာကာ မြမြရွှေအမှောင်တွင်းသို့ နစ်မြုပ်ရသည်။ တစ်ညတွင် လှလှရွှေပျို့အန်ရာမှ ကိုယ်ဝန်ရှိကြောင်း သိရကာဂျော့နဲ့လားဟု အမေကမေးရာ ဦးမောင်မောင်လတ်၏ ကိုယ်ဝန်ဟုပြောသဖြင့်အားလုံးမျက်လုံးပြူးကြသည်။ 
ထိုည ဦးမောင်မောင်လတ် ပြန်လာသောအခါ ဒေါ်အမာက လှလှရွှေကိစ္စကို မေးသောအခါ ဦးမောင်မောင်လတ်က ငြင်းသည်။ မြမြရွှေ ရုတ်တရက်ထွက်လာပြီး ဦးမောင်မောင်လတ်ကို ဓါးနဲ့ထိုးသည်။ ဦးမောင်မောင်လတ်ဆေးရုံတွင် မကွယ်လွန်မီ မြမြရွှေကို အပြစ်မယူကြောင်း သူ့ဘဝအဆင်မပြေသဖြင့် သူ့ကိုယ်သူထိုးသတ်ကြောင်း ရဲတွင်အစစ်ခံသွားသည်။ အမှန်မှာလှလှရွှေနှင် ဦးမောင်မောင်လတ် ဘာမှမဖြစ် ဂျော့နှင့်ဆိုလျှင် မိခင်က အပြစ်တင်မည်စိုး၍ ပထွေးကိုလည်း မိခင်ကို နှိပ်စက်သူအဖြစ် မုန်းတီးနေသောကြောင့် ဦးမောင်မောင်လတ်ကို လက်ညိုးထိုးလိုက်ခြင်းဖြစ်သည်။ ထိုနောက်မြမြရွှေ ရုတ်တရက်ပျောက်သွားကာ ဘယ်သွားသည် ဘယ်အတွက် ထွက်သွားသည်ကို မည်သူမျှမသိကြ။ 
တနေ့တွင် ဒေါ်အမာထံသို့ မြမြရွှေစာရောက်လာသည်။ မြမြရွှေစာတွင် သူမနှင့် ဦးမောင်မောင်လတ်အကြောင်း ရေးထားသည်။ ဦးမောင်မောင်လတ်သည် သူမ၏ချစ်ဦးသူဖြစ်ကြောင်း လှလှရွှေ ကိုယ်ဝန်သည် ဦးမောင်မောင်လတ် ကိုယ်ဝန်မဟုတ်မှန်းသိရသောအခါ ဆေးရုံတွင် သူ့ကိုယ်သူထိုးသတ်ခြင်းပါဟု ထွက်ဆိုသောအခါ သူမမျက်ရည်ကျရကြောင်း ယခုအခါ သူမသည် မေမြို့တွင် ဦးမောင်မောင်လတ်၏ ရင်သွေးကို မွေးဖွားရန်ရှိနေကြောင်း သူမတို့သည် ဆယ့်လေးငါးခြောက်နှစ်အရွယ်တွင် အမှားများ ဆင်းရဲဒုက္ခများနှင့် ကြုံခဲ့ရကြောင်း ယင်းတို့ကို သင်ခန်းစာယူ၍ ယူလျက် သူမ၏ရင်သွေးကို ဆယ့်လေးငါးနှစ်အရွယ်တွင် စိတ်ချမ်းသာမူပေးမည့်သူ အဖြစ ်စေလွတ်လိုက်မည့် အကြောင်း ဖော်ပြထားသည်။

မှတ်ချက်။ ရာပြည့်မှ သြဂုတ်လ ၃၀ ရက်နေ့ ၂၀၁၇ ခုနှစ်တွေ ပြန်လည်ထုတ်ဝေပါသည်။ 
‎Mann Shar Htut Phoung‎ 


Publisher Name: ငြိမ်းစာစဉ်


Related Books