Book Image

စန်းထတဲ့မမများ

တင်မောင်မြင့်

မူရင်းစာအုပ်အမည် - Modern Women
မူရင်းစာရေးဆရာ - Ruth Harris
ဘာသာပြန်စာအုပ်အမည် - စန်းထတဲ့မမများ
ဘာသာပြန်စာရေးဆရာ - တင်မောင်မြင့်
အမျိုးအစား - ဘာသာပြန်ဝတ္ထရှည်
ထုတ်ဝေသည့်တိုက် - ကံ့ကော်ဝတ်ရည်
ထုတ်ဝေသည့်ကာလ - 2017 Spet
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
မျက်နှာဖုံးဒီဇိုင်း - ဘဌေးကြည်
တန်ဖိုး - ၆၀၀၀
စာမျက်နှာ - ၄၇၆


၂၀၀၄ ခုနှစ်မှာ သတင်းမုဆိုးကနေ ၂၀၁၇ မှာ စန်းထတဲ့မမများ ဖြစ်လာပါပြီ။ စာအုပ်နဲ့ပိုပြီး လိုက်ဖက်တဲ့ အမည်ပါ။ ဒီစာအုပ်ထဲမှာ အဓိကဇာတ်ကောင်(၆)ယောက်ပါတယ်။ အမျိုးသား(၃)ယောက်နဲ့ အမျိုးသမီး(၃)ယောက်။ အမျိုးသမီး(၃)ယောက်ရဲ့ ဇာတ်

လမ်းကို စာရေးဆရာက ဦးစားပေး ပုံဖော်ထားတာမို့ စန်းထတဲ့မမများလို့ နာမည်ပြောင်းလိုက်တာ အလွန်သင့်လျော်ပါတယ်။ 
(၁) ဂျိန်း - အကိတ်။ ကျောင်းသူဘဝထဲက စာရေးခဲ့တယ်။ စာရေးဆရာမဖြစ်ချင်သူ။ 
(၂) လင်ကီ - ပုံမှန်ဆိုဒ်။ ဝိုင်ထုတ်လုပ်ရေးလုပ်တဲ့ မိဘမျိုးရိုးကနေ မွေးဖွားလာသူ။ စာအုပ်လောကကို စိတ်ဝင်စားပြီး စာအုပ်လောကထဲ ရောက်လာသူ။
(၃) အယ်လီ - LCD ပေါ့။ ပြားကပ်နေတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မကျေနပ်နေတဲ့သူ။ ဟစ်ပီတွေကို သဘောကျ။ ပထမဆုံးရည်းစားအဖြစ် လူမည်းကို ချစ်ခဲ့သူ။ 
စန်းထတဲ့မမ သုံးယောက်ပုံစံက သုံးမျိုးပေမယ့် သုံးယောက်စလုံးက အလန်း။ သူတို့တွေနဲ့ ပက်သက်သူတွေက နာမည်ကြီးသတင်းထောက်၊ သတင်းမုဆိုးလို့ အမည်ရတဲ့ အိုဝင်ကာဆယ်၊ စာပေပွဲစားကြီး ဟန့်ဂရင်နီ၊ စိတ်ရောဂါကုဆရာဝန် အဲလျော့လန်ဒါ။ 
ပထမအကြိမ်ထုတ် သတင်းမုဆိုးမှာ စာအုပ်နဲ့ဇာတ်ကြောင်းကို ဒီလိုဖော်ပြထားတယ်။ " အမေရိက၏ စာပေလောက ၊ ထုတ်ဝေရေးလောက ၊ စာရေးဆရာလောက ၊
သတင်းလောက၏ စီးပွားရေးအမြင်များ ၊ သဲသဲမဲမဲ ယှဉ်ပြိုင်ခြင်းများ ၊ အချစ် ၊ အမုန်း ၊ လောဘ ၊ မောဟ ၊ ကျဆုံးမှု ၊ အောင်မြင်မှု များဖြင့် ပြည့်နှက်နေသည့် စိတ်လှုပ်ရှားဖွယ် ဝတ္ထုဇာတ်လမ်း "။ 
ဒီစာအုပ်မှာ စာရေးဆရာက ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ခုချင်းစီကို ရုပ်ရှင်ကြည့်နေရသလို အခန်းအခန်းတွေ တောက်လှျှောက်သွားနေတဲ့ပုံစံနဲ့ ရေးထားတယ်။ အဲ့တော့ ဖတ်နေရင်း သိချင်ဇောနဲ့ ဆက်တိုက်ကို လက်ကမချနိုင်အောင် ဖတ်မိပါတော့တယ်။ 
2017 ဒုတိယအကြိမ်ထုတ် စန်းထတဲ့မမများမှာပါတဲ့ ဘာသာပြန်စာရေးဆရာတင်မောင်မြင့်ရဲ့ အမှာစာကလည်း မှတ်သားစရာတွေပါလို့ ဖော်ပြလိုက်ပါတယ်။ 
"၁၉၆၀ ပြည့်လွန်နှစ်များဆီက ကျွန်တော်တို့နိုင်ငံမှာ အစစအရာရာ ရှားပါး ပြတ်လပ်လွန်းလို့ 'ဘာမေးရှား'နိုင်ငံလို့ ခေါ်ကြတာကို မှတ်မိကြပါလိမ့်မယ်။ မိန်းမ ကလေးမွေးလို့ ဟောလစ်တစ်ပုလင်းရဖို့ ဆရာဝန်လက်မှတ်နဲ့ ကုန်သွယ်ရေးမှာ လျှောက်လွှာတင်ရပါတယ်။ အနှီးပိတ်လည်း အလားတူပါပဲ။ (ငါးဦးကော်မတီ ထောက်ခံစာပါဖို့ လိုပါသေးတယ်။) အရက်ဖြူဆိုင်မှာ လူအရှည်ကြီး တန်းစီရတယ်။ ရမ်တို့ ဘီယာတို့လည်း ကုန်သွယ်ရေး(၄)မှာ လျှောက်လွှာတင်ရတာပဲ။ အဲ ... စာအုပ်စာပေ ရှားလိုက်ပုံကလည်း ပန်းဆိုးတန်းနဲ့ မြေနီကုန်း အဟောင်းတန်းသည်သာ အားထားရာ။ စာပေဗိမာန် စာအုပ်ဆိုင်နဲ့ ကုန်သွယ်ရေး(၉)ဆိုင်တွေမှာ အင်္ဂလိပ်စာအုပ်အဟောင်းတွေနဲ့ ပါတီစာနယ်ဇင်းက ထုတ်တဲ့ စာအုပ်ပြာတွေချည်း။
အဲ့ဒီအချိန်မှာ ကျွန်တော်စာအုပ်အသစ်ကကျပ်ချွတ်တစ်အုပ်ရတယ်။ ပေးတဲ့သူက ကြေးမုံ အယ်ဒီတာ လူထွက် သင်္ဘောအရာရှိ သူငယ်ချင်း ကိုဌေးနိုင်။ စာအုပ်အမည်က Modern Women ၊ ရေးသူက Ruth Harris ။ စာအုပ်ရော စာရေးဆရာမကိုပါ တစ်ခါမှ မကြားဖူး။ (ခုမှ အင်တာနက်မှာကြည့်တော့ Ruth က အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ သမိုင်းပါမောက္ခတဲ့။ စာအုပ်က နယူးယော့တိုင်းဘက်ဆဲလား စာရင်းဝင်၊ အုပ်ရေ မီလျံနဲ့ချီ ရောင်းခဲ့ရတဲ့စာအုပ်) ကိုဌေးနိုင်က ကောင်းလှချည်ရဲ့ဆိုပြီး အတင်းညွှန်းလို့ ဖတ်ကြည့်တော့ လက်က မချနိုင်ဘူး။ ဒီတော့ ကျွန်တော် ဘာသာပြန်ဖြစ်သွားတယ်။ ဇာတ်လမ်းက အမေရိကန် စာပေလောက၊ စာအုပ်လောကရဲ့ အတွင်းရေးတွေ ....   "
အမှာစာရဲ့ အစပိုင်းလေးပါ။ ဖတ်ညွှန်းမှာ အဆုံးသတ်အနေနဲ့ အမှာစာဖတ်ရင်း ပြုံးမိတာလေးကို ပြန်ရေးပြရင်း အဆုံးသတ်ပါရစေ။ 
" ခု ပထမအကြိမ် ထုတ်ဝေပြီးနောက် ၁၄နှစ်နီးပါးရှိလာတဲ့ အချိန်မှာ ကံ့ကော်ဝတ်ရည်က ထုတ်မယ်ဆိုတော့ ကျနော်ဝမ်းသာသွားတယ်။ ဇာတ်လမ်းက ကံ့ကော်ဝတ်ရည်နဲ့ ပိုလိုက်လို့ပါပဲ။ ဘယ်လိုလိုက်တယ်၊ ဘာကြောင့် ကျနော် ဝမ်းသာရတယ်ဆိုတာတော့ စကားဦးမသန်းတော့ပါဘူး။ ဆေးရိုးသည်မလုပ်တော့ပါဘူး။" 
Rating - 7/10.
-----------------------------------------
ဖတ်ညွှန်းရေးသူ - ဟေမာန်လှဝင်း
29.10.2017 (12:25)
Ygn


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ